Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာ ၅၀၀၀ ကိုပြန်လက်ခံဖို့လို့ အာဏာသိမ်းစစ်တပ်ကသ​ဘောတူထားဟုမလေးရှားဝန်ကြီးချုပ်ဆို

လက်ရှိ အခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ပို့တာမျိုး လုံးဝ မဖြစ်သင့်သေးကြောင်း APHR သတိပေး

(မ​​လေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်။ဓါတ်ပုံ-AFP)

ဇူလိုင်-၃၀၊၂၀၂၆။People’s Spring

မလေးရှားမှာခိုလှုံနေတဲ့ရိုဟင်ဂျာဒုက္ခသည်တွေထဲက ဦးရေ ၅၀၀၀ လောက်ကို အာဏာသိမ်း မြန်မာစစ်တပ်က ပြန်လက်ခံမယ်လို့မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။

မလေးရှားမှာရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒေသခံ လူ့အဖွဲ့အစည်းအကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တဲ့နောက် မြန်မာဆီ ရိုဟင်ဂျာတွေ ပြန်ပို့မယ့် ကိစ္စကို ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ထုတ်ဖော် ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

ဒေသတွင်း ရွေးကောက်ပွဲတွေ မတိုင်ခင် နီဂီရီ ဆမ်ဘီလန် ပြည်နယ်မှာဇူလိုင် ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မဲဆွယ်ရေး အစီအစဉ် တစ်ခုမှာတော့ အန်ဝါကရိုဟင်ဂျာတွေကို ပြန်လက်ခံဖို့ မြန်မာစစ်တပ်ဘက်က သဘောတူခဲ့ကြောင်း ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး မလေးရှားမှာ ရှိနေကြောင်း၊ အခုအခါ မလေးရှားရောက် ရိုဟင်ဂျာ ၅၀၀၀ လောက်ကို မြန်မာကပြန်လက်ခံဖို့သဘောတူထားကြောင်း အန်ဝါက ဆိုပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ သူက မှတ်ချက်ပေးမသွားပါဘူး။

ဒါအပြင် စစ်အုပ်စုက ဘဂ်လား​ဒေရှ်နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာ သုံးသိန်းကိုလည်းပြန်လက်ခံပြီး​နေရာချထား​ပေးဖို့ ဘဂ်လား​​ဒေရှ်အစိုးရနဲ့သ​ဘောတူထားတယ်လို့လည်း​ပြောပါတယ် ။ဒါ​ပေမယ့် ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတာမှာ ၁၄ မြို့နယ်ကို အာရက္ခတပ်​တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီး သိမ်းဖို့ကျန်​နေတဲ့ စစ်​တွေ ၊​ကျောက်ဖြူ နဲ့မာန်​အောင်သုံးမြို့နယ်ထဲက စစ်​တွေ၊​​ကျောက်ဖြူမြို့နယ်ကစစ်တပ်စခန်း​တွေကို AA ကထိုးစစ်ဆင်တိုက်ခိုက်​နေတာဖြစ်ပါတယ်။ဒါ​ကြောင့် ရခိုင်ပြည်နယ်မှာစစ်တပ်ထိန်းချုပ်နယ်​မြေကအနည်းငယ်ပဲ ကျန်​တော့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဆင်းရဲကျပ်တည်းမှု၊ဘဝအနာဂတ် မရေရာမှု၊ မလုံခြုံမှုတွေကြောင့် ပြည်ပကို စွန့်စားပြီး ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေ အတွက်တော့ မွတ်ဆလင် အများစု နေထိုင်ရာ မလေးရှားဟာ အဓိက ရွေးချယ်စရာ နိုင်ငံမျိုး ဖြစ်နေပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)ရဲ့မလေးရှားရုံးခွဲမှာမှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၁၂၆,၀၀၀ လောက်ထိ ရှိနေပါတယ်။

အန်ဝါရဲ့စကားနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်တပ်ရဲ့ သမ္မတရုံးဖက်က ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ကွာလာလမ်ပူ မြို့တော်မှာရှိတဲ့ UNHCR ရုံးခွဲကလည်းဒီကိစ္စနဲ့ ပတ်သက်လို့ တစ်ခုခု ကြေညာတာမျိုး မရှိသေးပါဘူး။

မလေးရှား နိုင်ငံရောက် ရိုဟင်ဂျာတွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အွန်လိုင်းပေါ်က အမုန်းစကား ဖြန့်ဝေမှုတွေဒဏ်ကြောင့် ဖိနှိပ်မှုတွေ၊ သံသယနဲ့ ဆက်ဆံမှုတွေကို ပိုမို ကြုံတွေ့လာနေပါတယ်။ရိုဟင်ဂျာ အသိုက်အဝန်းက ဖွင့်လှစ်ထားတဲ့ ကျောင်းတွေအပိတ်ခံရတာမျိုး အခြေအနေတွေလည်း ရှိခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းကမလေးရှား အာဏာပိုင်တွေဟာကွာလာလမ်ပူမှာရှိတဲ့ UNHCR ရုံးရှေ့မှာစုဝေးခဲ့သူ ရိုဟင်ဂျာ ၁၀၀ လောက်ကို ယာယီ ထိန်းသိမ်းပြီး ဒုက္ခသည် အထောက်အထားစာရွက်စာတမ်းတွေကို စစ်ဆေးခဲ့ပါတယ်။စာရွက်စာတမ်းအားလုံး မှန်ကန် ပြည့်စုံတဲ့အတွက် ရက်ပိုင်းအကြာမှာတော့ သူတို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ရဲတွေရဲ့ အဆိုအရ အဲဒီ ရိုဟင်ဂျာတွေဟာ မြောက်ပိုင်းက ပန်နန်းပြည်နယ်မှာ ခိုလှုံနေသူတွေ ဖြစ်ကြောင်း၊ ဒေသခံတွေက သူတို့ကို နှင်ထုတ်နေတဲ့အတွက် UNHCRရဲ့အကူအညီကိုလာရောက်တောင်းခံခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။

မ​လေးရှားဝန်ကြီးချုပ်ကအဲလို​ပြောပြီး​နောက် မြန်မာနိုင်ငံဆီကို ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်ပို့ပေးတာမျိုး လုံးဝ မဖြစ်သင့်ကြောင်း အာဆီယံရဲ့လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များအဖွဲ့ (APHR)က သတိပေးလိုက်ပါတယ်။

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က မြန်မာနိုင်ငံရဲ့ အာဏာသိမ်း စစ်တပ်နဲ့ ညှိနှိုင်း သဘောတူညီမှုအရ မလေးရှားရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ၅၀၀၀ လောက်ကို ပြန်ပို့သွားမယ်လို့ ပြောကြားခဲ့တဲ့နောက် APHRက အဲဒီကိစ္စကို ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမျိုး၊ နိုင်ငံရေး အကျပ်အတည်းမျိုးမှာ ရိုဟင်ဂျာတွေကို ပြန်ပို့မယ်ဆိုရင် သူတို့အတွက်အန္တရာယ် များလွန်းတယ်လို့လည်း APHRက ဆိုပါတယ်။

မလေးရှားကို ရောက်နေတဲ့ ရိုဟင်ဂျာတွေဟာ ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ မျိုးနွယ်စု ရှင်းလင်းခံရမှုတွေကနေ ထွက်ပြေးလာသူတွေဖြစ်ကြောင်း၊ သူတို့ကို ထွက်ပြေးလာစေတဲ့ စစ်တပ်က နိုင်ငံကို အုပ်စိုးနေပြီး သူတို့ရဲ့ နေရပ်ဖြစ်တဲ့ရခိုင်ပြည်နယ်ကစစ်ရေးပဋိပက္ခ နယ်မြေ ဖြစ်နေတဲ့ အခြေအနေမှာ ပြန်ခိုင်းတာဟာ အတင်းအကျပ်ဖိအားပေးနှင်ထုတ်မှုလို့သတ်မှတ်နိုင်ကြောင်းAPHRရဲ့ပူးတွဲ ဥက္ကဋ္ဌဖြစ်သူ မလေးရှား အမတ်ဟောင်း ချားလ်စ် ဆန်တီယေဂိုက သတိပေးခဲ့ပါတယ်။

အတင်းအကျပ် ပြန်လည် ပို့ဆောင်မှုကို ဆန့်ကျင်ရေး စံနှုန်းတွေနဲ့ နိုင်ငံတကာ ဥပဒေတွေမှာတော့ ဒုက္ခသည်တွေ အန္တရာယ် ကျရောက်နိုင်တဲ့၊ ဒါမှမဟုတ် ဖိနှိပ်မှုတွေ ကြုံတွေ့နိုင်တဲ့ ဒေသတွေဆီ ပြန်ပို့ခြင်းကို တားမြစ်ထားပါတယ်။

ရိုဟင်ဂျာ ၅၀၀၀ ကို ပြန်လည် လက်ခံမယ်လို့ မလေးရှား အစိုးရဆီ ကမ်းလှမ်း ကတိပေးခဲ့တဲ့ အာဏာသိမ်း စစ်တပ်ဆိုတာဟာ ၂၀၁၇ တုန်းက ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်ခဲ့တဲ့ မြန်မာစစ်တပ်ကိုယ်တိုင်သာဖြစ်ကြောင်းလည်း APHRရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်လက် ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေ၊ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်ခွင့် ပျောက်ဆုံးနေတာတွေ၊ ရခိုင်ပြည်နယ်ထဲမှာ ဒေသခံတွေကိုယ်တိုင် စစ်ရှောင်နေရတဲ့ အခြေအနေတွေကြောင့် လောလောဆယ်မှာ ရိုဟင်ဂျာတွေ ဘေးကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိနဲ့ လိုလိုလားလား ပြန်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း APHRက ထောက်ပြခဲ့ပါတယ်။

APHRက မလေးရှားရောက် ရိုဟင်ဂျာတွေနဲ့ ဒေသခံတွေကြား ပဋိပက္ခတွေ ကြီးထွားစေမယ့် အွန်လိုင်းက အမုန်းတရား ဖြန့်ဝေမှုတွေနဲ့ ပတ်သက်လို့လည်း သတိပေးခဲ့ပြီး ပြည်သူလူထုရဲ့ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက် ဖျက်ဆီးသူတွေအပေါ် အစိုးရကထိထိရောက်ရောက် အရေးယူသင့်ကြောင့် အကြံပြုသွားပါတယ်။

ကိုးကား-Reuters ၊APHR ၊The Daily Star

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

ဆောင်းပါး

နယ်စပ်ဒေသတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ မဲမဲမြင်ရာ ရန်ရှာနေတဲ့ စစ်တပ်ဟာ မြန်မာ-ထိုင်းနယ်စပ်က ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ) ဧရိယာထဲမှာ အရပ်ဘက်အရေးဆောင်ရွက်နေတဲ့ LGBT လူငယ်သုံးဦးအပါအဝင် အရပ်သား လေးဦးကို ဖမ်းဆီးပြီးရက်ရက်စက်စက်သတ်ဖြတ်လိုက်ပြန်ပါတယ်။