Connect with us

Hi, what are you looking for?

သတင်း

မိုးကောင်းမြို့နယ်တိုက်ပွဲစစ်တပ်နဲ့ရှမ်းနီပူးပေါင်းတပ်၇ဦးထက်မနည်းသေဆုံး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာဩဂုတ်လ ၁၈ရက် မနက်ပိုင်းက တိုက်ပွဲတွင်း အာဏာသိမ်းစစ်တပ်နဲ့ရှမ်းနီ(SNA)ပူးပေါင်းတပ်က ၇ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းယူနိူင်တယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။

(စစ်တပ် နဲ့ ရှမ်းနီတပ်ထံက သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ)

သြဂုတ်-၁၈၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာဩဂုတ်လ ၁၈ရက် မနက်ပိုင်းက တိုက်ပွဲတွင်း အာဏာသိမ်းစစ်တပ်နဲ့ရှမ်းနီ(SNA)ပူးပေါင်းတပ်က ၇ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းယူနိူင်တယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။

မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းရွာမှာ ရောက်နေတဲ့ စစ်တပ်နဲ့ရှမ်းနီ(SNA)ပူးပေါင်းတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ KPDF ပူးပေါင်းတပ်တို့ကတိုက်ခိုက်ခဲ့တာပါ။

သြဂုတ် ၁၈ ရက်မနက် ၄နာရီခန့်ကနေ ၅နာရီခန့်အထိ တိုက်ပွဲဖြစ်ပွဲဖြစ်ခဲ့ပြီး စစ်တပ်နဲ့ရှမ်းနီပူးပေါင်းတပ်ဘက်က အ‌လောင်းသုံးလောင်းရသလို လေးလောင်းကို ဆွဲယူပြီး ထွက်ပြေးသွားကြတယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” မနက်ကတည်းက ချနေတာပဲ။ စစ်ကြောင်းကစကခ(၃)ဘက်ကိုပြန်ပြေးတာတွေ့တယ်။ ဒီမနက်ကျ မြို့က ခြောက်ကပ်တိတ်ဆိတ်နေတယ်”လို့ မိုးကောင်းမြို့ခံတဦးကလည်းပြောပါတယ်။

စစ်တပ်နဲ့SNAပူးပေါင်းတပ်ဟာအင်ကြင်ကုန်းရွာမှာတပ်စွဲထားတာလနဲ့ချီပါပြီ။ပြီးခဲ့တဲ့ မေလမှာ အင်ကြင်းကုန်းရွာက ကျောင်းထိုင်ဘုန်းကြီးနဲ့အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးခဲ့ဖူးပါတယ်။ ဒါ့အပြင် ဒေသတွင်းမှာ အရပ်သားတွေကိုလည်း အတင်းအဓမ္မဖမ်းဆီးမှုတွေ ရှိနေပါတယ်။

သြဂုတ် ၁၈ ရက်မနက်ဖြစ်တဲ့တိုက်ပွဲကို “အင်းကြင်းကုန်းရှင်းတမ်း”လို့ KIA သတင်းရင်းမြစ်တွေက လူမှုကွန်ရက်ကတဆင့် ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲနဲ့ ပတ်သက်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို လူထု​​နွေဦးက ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

မိုးကောင်းမြို့နယ်ဟာကချင်ပြည်နယ်၊ မိုးညှင်းခရိုင်မှာရှိပြီး တိုက်ပွဲတွေ မကြာခဏဖြစ်ပွားတဲ့ ဒေသဖြစ်ပါတယ်။ ဒီနေ့မနက် တိုက်ပွဲဖြစ်တဲ့ အင်ကြင်းကုန်းရွာဟာ မိုးညှင်း-မိုးကောင်းရထားလမ်းဘေးမှာ တည်ရှိပါတယ်။

မိုးကောင်းမြို့နယ်ထဲမှာ ည၁၀နာရီကနေ မနက်၄နာရီအတွင်း ပြင်ပကိုမထွက်ခွာဖို့ စစ်ကောင်စီက ကြေညာထားပါတယ်။ အဲ့ဒီလိုကြေညာချက်ထုတ်ပြီး အရပ်သား​တွေကို အတင်းအဓမ္မဖမ်းဆီး ​ပေါ်တာဆွဲနေတယ်လို့ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်တောင်ပိုင်းမှာလည်း လေယာဉ်တွေ ဝဲနေ

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ရေဘေးသင့် ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်လို့ ရေဘေးသင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ ဒုတပ်ကြပ် ၁ဦးက သူ့ရဲ့မိဘနေအိမ်ဟာ စစ်မှုထမ်းကြေးအဖြစ် ပေးနေရလို့ လူမှုကွန်ရက်မှာ မကျေမနပ်နဲ့ ရင်ဖွင့်ထားပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံအမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

Facebook