Connect with us

Hi, what are you looking for?

သတင်း

အဖွဲ့အစည်းအမှတ်တံဆိပ် မတူသော်လည်း SCEF အောက်မှာ အတူတိုက်ပွဲဝင်ကြမယ်လို့ NUG တာဝန်ရှိသူ ပြော

ဘတ်တံဆိပ်လို့ခေါ်တဲ့ တပ်ဖွဲ့အသီးသီးရဲ့ အဖွဲ့အစည်းအမှတ်တံဆိပ် လက်မောင်းတံဆိပ်တွေ မတူသော်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ(SCEF)ရဲ့ အောက်မှာ အတူတကွ တိုက်ပွဲဝင်ကြမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

(ဖက်ဒရယ်ဦးဆောင်ကောင်စီ-SCEFကိုထောက်ခံကြောင်း ကိုရီးယားရောက်မြန်မာတွေ ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - MFDMC)

ဩဂုတ် ၁၈၊ ၂၀၂၆။ထားမြတ်/People’s Spring

ဘတ်တံဆိပ်လို့ခေါ်တဲ့ တပ်ဖွဲ့အသီးသီးရဲ့ အဖွဲ့အစည်းအမှတ်တံဆိပ် လက်မောင်းတံဆိပ်တွေ မတူသော်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ(SCEF)ရဲ့ အောက်မှာ အတူတကွ တိုက်ပွဲဝင်ကြမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

တော်လှန်ရေးစကား၀ိုင်းတခုဖြစ်တဲ့ နွေဦးမှန်ကူကွက်များ အစီအစဉ်မှာ ဦးနေဘုန်းလတ်က SCEF ရဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်မျှော်လင့်နိုင်မလဲ မေးခွန်းအပေါ် အခုလို သုံးသပ်ပြောကြားထားတာဖြစ်ပါတယ်။

SCEF စဖွဲ့စည်းကတည်းက စစ်ရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေး အရ ဘက်ပေါင်းစုံကို မဟာမိတ်တွေကြား ပူးပေါင်းလုပ်ဆောင်ဖို့ ဖြစ်ကြောင်း၊ SCEF စုဖွဲ့မှုဟာ စာရွက်ပေါ်မှာ စုဖွဲ့ထားတာမျိုးမဟုတ်ကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာရေးရာအရ SCEF အနေနဲ့ တောက်လျှောက်လုပ်ကိုင်နေသကဲ့သို့ ဘဏ္ဍာရေးအရ ပေါင်းပြီး ဘဏ္ဍာငွေရှာဖွေတာတွေလုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။ စစ်ရေးအရဆိုရင်လည်း SCEF ရဲ့ ပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီဟာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေလို့ ပြောပါတယ်။

“အဲဒီမှာ ပါဝင်တဲ့ တပ်ဖွဲ့တွေ အကုန်လုံးပေါ့။ ဥပမာဆိုပါစို့ KNU ဆိုလည်း KNU နောက်မှာ တပ်ဖွဲ့ရှိမယ် ၊ KIO ဆိုလည်း KIA ရှိတယ်။ NUG မှာဆိုရင်လည်း PDF တွေရှိတယ်။ ချင်းမှာဆိုရင်လည်းရှိတယ် ကရင်နီမှာဆိုလည်းရှိတယ်။”လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အရင်က မဟာမိတ်အရ ပူးပေါင်းခဲ့ပေမဲ့ စစ်ရေးအရ များစွာ ခိုင်မာစွာ တံဆိပ်တခုတည်းအောက် မပူးပေါင်းနိုင်ခဲ့ကြောင်း ရှင်းပြပါတယ်။

“အခုက ရှင်းတယ်။ SCEF အောက်မှာ ခုနက ဘတ်တံဆိပ်တွေ တူချင်မှ တူမယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ခေါင်းပေါ်မှာတော့ SCEF ဆိုတဲ့ တံဆိပ်တခုတည်းအောက်မှာ ခုနက ပြောတဲ့ ကွပ်ကဲမှုကော်မတီအောက်ကနေ အတူတူ တိုက်ပွဲဝင်ကြမယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

SCEF ရဲ့ စစ်ရေးကော်မတီကို KIO နဲ့ KNU စစ်ရေးခေါင်းဆောင်တွေ ဦးဆောင်တာဖြစ်ပြီး NUG၊ KNPP၊ CNF တက်တွေလည်း ပါဝင်ပါတယ်။

SCEF အဖွဲ့ဝင်တပ်တွေ အနေနဲ့ အမိန့်ပေးကွပ်ကဲမှု တခုတည်းအောက်က တိုက်ပွဲဝင်သွားကြမျာ ဖြစ်သလို SCEFမှာ မပါသေးတဲ့ တပ်ဖွဲ့တွေနဲ့ ဆိုရင်လည်း ပူးတွဲအမိန့်ပေးကွပ်ကဲမှု တည်ဆောက်ကာ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ အသိပေးပါတယ်။

ဒါဟာ ပြည်သူတွေမျှော်လင့်နေတဲ့ အခြေအနေဖြစ်ပြီး စစ်ရေးကိစ္စတွေဖြစ်လို့ အသေးစိတ်အခြေအနေတွေ ပြောလို့မရဟုလည်း ဦးနေဘုန်းလတ်က ပြောပါတယ်။

SCEFဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ အဖွဲ့ဝင်မဟုတ်သေးတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်တိုက်တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်နိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်။ နွေဦးတော်လှန်ရေးတပ်ဖွဲ့ ၁၉ခုနဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)၊ အာရက္ခတပ်တော်(ULA/AA)၊ မွန်နဲ့ ပအိုဝ်း တော်လှန်ရေးအင်အားစုတွေကို တွေ့ဆုံခဲ့တာပါ။

ဒါ့အပြင် မကွေးနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသ တို့နဲ့ တွေ့ဆုံခဲ့ပြီး ဩဂုတ် ဒုတိယပတ်အတွင်းမှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့က SCEFမှာ ပါဝင်ဖို့ သဘောတူညီထားပါတယ်။ ဩဂုတ် ၁၅ရက်မှာလည်း မကွေးဖက်ဒရယ်ယူနစ်နဲ့ တွေ့ဆုံစဉ် အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ ဖိတ်ခေါ် အဆိုပြုချက်ကို SCEF ဘက်က ဆွေးနွေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့၊ မကွေးဖက်ဒရယ် ယူနစ်လွှတ်တော်တို့ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ရာ SCEFမှာ မကွေးဖက်ဒရယ်ယူနစ် အဖွဲ့ဝင်အဖြစ် ပါဝင်လာရေး ဖိတ်ခေါ် အဆိုပြုချက်တွေ ဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)အဖွဲ့ဝင်အဖြစ် ပါဝင်ရန် မန္တလေးဒေသနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် တို့သဘောတူညီခဲ့ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဥက္ကဋ္ဌအဖြစ် ဒေါက်တာသိန်းလွင် တာဝန်ယူပြီး NUG ပညာရေးဝန်ကြီးနဲ့ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့၊ လွှတ်တော်တို့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ခဲ့ပြီး SCEF ရဲ့ စုဖွဲ့မှု မှာ ပါဝင်ဖို့ ကိစ္စတွေဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Facebook