Connect with us

Hi, what are you looking for?

သတင်း

ခန္တီးမြို့နယ် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ လက်နက်တွေ သိမ်းရ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခန္တီး PDF) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

(တိုက်ပွဲအတွင်း စစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ခန္တီး PDF )

ဩဂုတ်-၁၈၊၂၀၂၆။မိုမို၊​ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခန္တီး PDF) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

တိုက်ပွဲဟာ ဩဂုတ် ၃ ရက်ကဖြစ်ပြီး ခန္တီး PDF နဲ့မဟာမိတ်အဖွဲ့တွေ တပ်စွဲထားတဲ့ ချောင်းသုံးခွ ကျေးရွာကို စစ်တပ်၊ စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA နဲ့ ခန္တီးမြို့ပြည်သူ့စစ်တို့ ပူပေါင်းအင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာလို့ ဆိုပါတယ်။

စစ်တပ် ပူးပေါင်းတပ်က ၆ ဦး သေဆုံးပြီး ၃ဦး အပြင်းထန်ဒဏ်ရာရတယ်လို့ ခန္တီး PDF ဖော်ပြပါတယ်။ ခန္တီး PDF ရဲဘော် ၁ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

၆၀ မမ အပါအ၀င် လက်နက် ၄လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တာ တွေ့ရပါတယ်။

စစ်တပ်စစ်ကြောင်းနောက်ဆက်တွဲအခြေအနေ နဲ့ ဒေသတွင်းစစ်ရေးနဲ့ပတ်သက်လို့ခန္တီး PDF တာ၀န်ရှိသူထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း အမှတ် (၂၂၉) ခြေလျင်တပ်ရင်း(ခလရ-၂၂၉)က ဗိုလ်ကြီး လင်းမြတ်ထွန်းဦးဆောင်တဲ့ တပ်ရင်းနဲ့ အမှတ်(၁၆)ရဲတပ်ရင်းတို့ပူးပေါင်းပြီး ခန္တီးမြို့နယ် နန်ခမာကျေးရွာဘက်ကို စစ်ကြောင်းထိုးခဲ့ဖူးပါတယ်။

အဲဒီစစ်ကြောင်းကို တိုက်ခိုက်မှုမှာလည်း စစ်တပ်က သေဆုံးထိခိုက်ခဲ့သူတွေရှိတာကြောင့် ပြန်ဆုတ်သွားခဲ့ပါတယ်။

စစ်ကိုင်းနဲ့ ကချင်ပြည်နယ်အစပ် ခန္တီးမြို့မှာ စစ်တပ်နဲ့ လက်အောင်ခံ ရှမ်းနီ SNA တပ်တွေ စစ်ရေးအရပူးပေါင်းပြီး တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေတွေကို ထိန်းချုပ်ဖို့ကြိုးစားနေတာလို့ ဒေသတွင်းစစ်ရေးသတင်းတွေမှာ ဖော်ပြထားပါတယ်။

ခန္တီးမြို့မှာစစ်တပ်ရဲ့ခလရ(၂၂၉)၊ခလရ(၅၂)၊ခလရ(၃၄၇)အပြင် ခန္တီးဗျူဗျူဟာလည်း ရှိပါတယ်။စစ်တပ်က မြို့ကို ပိတ်ဆို့ထားပြီး PDF နဲ့ မဟာမိတ်တပ်တွေ တပ်စွဲထားတဲ့နေရာတွေကို စစ်ကြောင်းထိုးဖို့ကြိုးစားနေတယ်လို့စုံစမ်းသိရပါတယ်။

ခန္တီးမြို့နယ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာတည်ရှိပြီးကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်၊ နန်းယွန်းနဲ့လရှီးမြို့နယ်၊ ထမံသီ၊ ဟုမ္မလင်းမြို့နယ်တွေနဲ့ ဆက်စပ်နေပါတယ်။ စစ်ကောင်စီက မြို့ပေါ်ကိုသာထိန်းချုပ်ထားနိုင်ပြီး မြို့ပတ်ဝန်းကျင်နဲ့ကျေးရွာတွေကို တော်လှန်ရေးတပ်တွေကထိန်းချုပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တံတားဦးလေတပ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စစ်ကြောင်းတွေ နွားထိုးကြီးမြို့နယ်အတွင်းဝင် ရောက်ကာ နွားထိုး- မြင်းခြံလမ်းပိုင်းက ကျေးရွာတချို့ကို ဝင်ရောက် တပ်စွဲပြီး အိမ်ထောင်စုစာရင်း ကောက်ယူနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း(ENNO)က ဖမ်းသွားတဲ့ အရပ်သား ၁၀၀ ကျော်အနက် ‌အချို့မှာ ကျပ်သိန်းရာချီပေး အာမခံနဲ့ရွေးယူခဲ့ရကာ ကျန်သူတွေ ၂လနီးပါးကြာတဲ့အထိလွတ်မြောက်လာခြင်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လေယာဉ်နဲ့ကြဲချတဲ့ ဗုံးတွေထုတ်လုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က အဓိကလမ်းပိုင်းတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

Trending

Facebook