Connect with us

Hi, what are you looking for?

သတင်း

မကွေးမြို့ကထွက်လာတဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါး ချင်းတောင်အစပ် ဦးတည်နေ

မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊လောင်းရှည်မြို့ကို ဦးတည်လာနေပြီး ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ မကွေးတိုင်းပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

(ချင်းပြည်နယ်ကို စစ်ကူပို့တဲ့ စစ်တပ်ယာဉ်တန်းတွေ ၂၀၂၃ မတ်လကတွေ့ရစဉ်။ ဓာတ်ပုံ - CDF-Mindat)

စက်တင်ဘာ-၁၉၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊လောင်းရှည်မြို့ကို ဦးတည်လာနေပြီး ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ မကွေးတိုင်းပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

မကွေးမြို့ကတဆင့် ထွက်ခွာလာတဲ့ စစ်ကားအစီးရေ (၁၈၂) စီးပါ ယာဉ်တန်းဟာ ပွင့်ဖြူမြို့ကို တချို့တ၀က်ရောက်ရှိလာပြီး စလင်းကတဆင့် လောင်းရှည်မြို့ကို ၀င်ရောက်လာမယ်လို့ ဖော်ပြပါတယ်။

အဲဒီယာဉ်တန်းစစ်ကြောင်းက ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းက တပ်စခန်းတချို့ကို ပြန်လည်ရုတ်သိမ်းကာ စုဖွဲ့မှု ပြုလုပ်ထားပြီး တပ်မ(၈၈)က လက်အောက်ခံတပ်တွေ ဖြစ်တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“မစ်ဇိုင်းဒုံးတင်ကား ၂စီးလက်နက်ကြီးကား ၃စီးဂျန်ပါကားတွေပါတယ်။လက်ရှိ မင်းဘူး ရှောက်တောဖြတ်နေတယ်။မကြာခင် စလင်းကိုဝင်‌တော့ မယ်”လို့ မကွေး တိုင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ယာဉ်တန်းတိုက်မခံရရေးအတွက် လောင်းရှည်မြို့ကနေ စစ်ကြောင်းထွက်လာပြီး လောင်းရှည် – စေတုတ္တရာ လမ်းပိုင်းမှာ ကင်းပုန်းချထားတယ်လို့ မကွေး ပကဖက ဆိုပါတယ်။

လောင်းရှည်-ဆောလမ်းပိုင်းက တောင်ဘို့ကြီးကို ရောက်နေတဲ့ စစ်ကြောင်းကလည်း တောင်ဘို့ကြီးကျေးရွာမှာပဲ ဆက်လက် တပ်ချထားပြီး လောင်းရှည် – ဆောလမ်းပိုင်းကို လုံခြုံရေးယူပေးနေတယ်လို့ အသိပေးပါတယ်။

“စစ်တပ်က ကန်ပက်လက် နဲ့ မင်းတပ်ကို ထိုးစစ်အရှိန် ပိုမြှင့်ပြီလို့ ပြောလို့ရနိုင်တယ်”လို့ ဆောမြို့နယ် ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

အခုနှစ် မေလကစပြီး စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် လောင်းရှည်မြို့အခြေစိုက် အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) နဲ့ ‌ပေါက်မြို့နယ်အခြေစိုက် ကပစ(၂၄)မှာ အင်အားစုဖွဲ့ခဲ့ပါတယ်။

ကပစ(၂၅)မှာရှိတဲ့ အင်အားတွေက လောင်းရှည်မြို့ကနေ ဆောမြို့ကို ရောက်ရှိပြီး အဲဒီကတဆင့် ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့သလို ကပစ(၂၄) က အင်အားတွေကလည်း ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။

ချင်းတောင်ပိုင်း ထိုးစစ်ဆင်ခဲ့တဲ့တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးသူတွေများတာကြောင့် စစ်တပ်က ထိုးစစ်အရှိန်‌လျော့ခဲ့ပေမယ့် နေ့စဉ်နီးပါး လေကြောင်း တိုက်ခိုက်မှုတွေရှိနေပါတယ်။

အလားတူ လောင်းရှည်-ဆောလမ်းပိုင်းမှာ ဩဂုတ်လပထမပတ်အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်ထံက လက်နက်ခဲယမ်းတွေအပါအ၀င် ဖမ်းဆီးရမိသူနဲ့ထွက်ပြေးလာတဲ့စစ်သုံ့ပန်း ၂၀ ကျော်ရှိတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောထားပါတယ်။

စက်တင်ဘာ ဒုတိယပတ်အထိ တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင်ပိုင်း ထိုးစစ် နဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ဖို့အတွက် စစ်တပ်က တပ်မ (၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁)က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား သုံးထောင် ၀န်းကျင်အထိအသုံးပြုထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူပို့မယ့် စစ်မှုထမ်းတပ်သားသစ်တွေဟာ ယူနီဖောင်းတွေချွတ်ပြီး ထွက်ပြေးနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။