■မလေးရှားက မြန်မာ ၃၅၀၀ကျော်ကိုဒုတိယအသုတ်ထပ်ပို့ဖို့အစီအစဥ်အထမြောက်ဖို့မင်းအောင်လှိုင်လာဖို့ရှိဟု မလေးရှားပြော
■ဒုက္ခသည်တွေပြန်ပို့တာဟာ ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးဖြစ်လာတာနဲ့ လုံခြုံရေးအရ စပြီးခြိမ်းခြောက်မှုတွေကြုံတွေ့လာတာကြောင့်လို့ မလေးရှားဝန်ကြီးချုပ်ပြော
အောက်တိုဘာ-၁၊၂၀၂၆။People’s Spring
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဟာ အောက်တိုဘာလထဲမှာ မလေးရှားနိုင်ငံကို သွားရောက်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာကြောင်းရိုက်တာသတင်းဌာနကဖော်ပြပါတယ်။

Public Service Announcement
မလေးရှားကိုရောက်နေတဲ့ဒုက္ခသည်တွေ၊ တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေ စုစုပေါင်း ၁၅၀၀ နီးပါးကို ပထမအသုတ်အဖြစ် မြန်မာနိုင်ငံကို ပြန်ပို့ပြီး နောက်တစ်နေ့မှာပဲ မလေးရှား ဆက်သွယ်ရေး ဝန်ကြီးနဲ့ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိဖြစ်တဲ့ ဖာဟ်မီ ဖက်ဒ်ဇဲလ်ကမင်းအောင်လှိုင်ဟာသိပ်မဝေးတဲ့ အနာဂတ်မှာမလေးရှားကိုလာရောက်ဖွယ်ရှိကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
မလေးရှားဟာ နောက်ထပ် မြန်မာနိုင်ငံသား ၃၅၂၄ ဦးကို ဒုတိယ အသုတ်အဖြစ် ပြန်ပို့ဖို့ အစီအစဉ်ရှိကြောင်း၊ဒီကိစ္စအထမြောက်စေဖို့မင်းအောင်လှိုင်ဟာ မလေးရှားကိုလာရောက်ပြီး ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နဲ့ ဆွေးနွေးနိုင်ခြေရှိကြောင်း ဖာဟ်မီက စက်တင်ဘာ ၃၀ မှာ ပြောကြားခဲ့ပါတယ်။
မလေးရှားမီဒီယာတချို့ကတော့မင်းအောင်လှိုင်ရဲ့ ကွာလာလမ်ပူ ခရီးစဉ်ဟာ အောက်တိုဘာလထဲမှာ အထမြောက်လာနိုင်တယ်လို့ ရေးသားနေကြပါတယ်။
ဝန်ကြီးချုပ် အန်ဝါက မလေးရှားဟာ မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရင် အန္တရာယ်တွေ ရှိနိုင်မှန်း သိလျက်နဲ့ အတင်းအကျပ် ပြန်ပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ နောက်ပြီး အဲဒီ ဒုက္ခသည်တွေ၊ ရွှေပြောင်း အခြေချသူတွေကို လက်ခံထားရတာဟာ မလေးရှားအတွက် ဘဏ္ဍာရေး ဝန်ထုပ်
ဝန်ပိုး ဖြစ်စေရုံသာ မကဘဲ လုံခြုံရေးအရ စပြီး ခြိမ်းခြောက်မှုတွေ ကြုံတွေ့လာနေတယ်လို့ အန်ဝါကအကြောင်းပြထားပါတယ်။
ဒါပေမဲ့ သူတို့ကို ပြန်ပို့ဖို့ အရမ်းတွန်းအားပေးခဲ့တယ် ဆိုတာတော့ မဟုတ်ကြောင်း၊ မလေးရှားအစိုးရဟာအဲဒီကိစ္စအတွက်ညှိညှိနှိုင်းနှိုင်း လုပ်ခဲ့ကြောင်းအန်ဝါက သတင်းထောက်တွေကို စက်တင်ဘာ ၂၉ ရက်နေ့တုန်းက ပြောကြားခဲ့ပါတယ်။
ကိုးကား: Reuters



















































