Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ဗုံးကြဲ​​နေတဲ့ ရွှေဘိုမြို့မှာ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်လှုပ်

အာဏာသိမ်းစစ်တပ် ဗုံးပတ်ကြဲနေတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ မနေ့ညက အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။

အောက်တိုဘာ ၁၃၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

အာဏာသိမ်းစစ်တပ် ဗုံးပတ်ကြဲနေတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ မနေ့ညက အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၃ ရက် မနက် ၁ နာရီ ၅ မိနစ်ခန့်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနောက်ဘက် ၄၈ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၁ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီငလျင်ဟာ စစ်ကိုင်းတိုင်းတင်မကဘဲ မန္တ​လေးမြို့နဲ့ အနီးတဝိုက်အထိပါ သိသာစွာ လှုပ်ခတ်သွားတယ်လို့ မြို့ခံအချို့က ပြောပါတယ်။ “အသံကြီးနဲ့မြည်ပြီးလာတာ။ အိမ်တောင်တော်တော်လှုပ်သွားတယ်”လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီငလျင်ကြောင့် ပျက်စီးထိခိုက်မှု ရှိ၊မရှိ မသိရသေးပါဘူး။

အာဏာသိမ်းစစ်တပ်ဟာ ရွှေဘိုနဲ့ မုံရွာခရိုင်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ပြုလုပ်နေတာပါ။

အောက်တိုဘာ ၁၁ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာက မဟာစည်ဘုန်းကြီး ကျောင်း၊တရားစခန်းကို စစ်တပ်ကဗုံးကြဲခဲ့တာမို့ ပြည်သူ ၂ဦး သေဆုံးခဲ့ပါတယ်။ မနေ့က အောက်တိုဘာ ၁၂ ရက်မှာလည်း ဝက်လက်မြို့နယ်၊ အနောက်ခြမ်းက ကျေးရွာ ၄ရွာကို စစ်တပ်က ဗုံးကြဲလို့ ပြည်သူ ၃ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိ‌ပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

ဂေဇက်ရ ဘုရားပွဲတော်တွေအကြောင်း ပြောကြပြီဆိုရင် အညာမြေ စစ်ကိုင်းတိုင်းက ရွေဘိုမြို့ထောင့်စေတီပွဲက ချန်ထားလို့ မရပါဘူး။ နှစ်စဥ် တော်သလင်းလပြည့်ကျော် ၇ ရက်နေ့ကနေ သီတင်းကျွတ်လဆန်း ၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပလေ့ရှိတယ်။ ၁ဝ ရက်ဆိုပေမယ့် ပွဲတော်မစခင်ကတည်းက ဆိုင်ခန်းတွေ ရောက်နေခင်းနေကြပြီမို့ လချီကျင်းပတဲ့ပွဲတော်ဆိုလည်း...

သတင်း

ချင်းပြည်နယ်၊မင်းတပ် မြို့နယ်ထဲက ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကို Burma Research Institute (BRI)က ရှုတ်ချလိုက်ပါတယ်။ ပြီးတော့ ခရစ်ယာန် ဘုရားကျောင်းတွေအပေါ် မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ်...

Facebook