Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့နယ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ဦး သေဆုံး၊ နေအိမ်တချို့ ပျက်စီး

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ဦး သေဆုံးပြီး နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်းက ထုတ်ပြန်ပါတယ်။

(မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - သရက်ခရိုင်အမှတ်(၄) တပ်ရင်း)

အောက်တိုဘာ-၁၃၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ဦး သေဆုံးပြီး နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်းက ထုတ်ပြန်ပါတယ်။

မနေ့က(အောက်တိုဘာ ၁၂ ရက်)နေ့လယ် ၁၂ နာရီ၀န်းကျင်က သရက်အခြေစိုက် အမှတ်(၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂) က ပါရာမော်တာ ၂စီးနဲ့ မင်းတုန်းမြို့နယ် ၊မဲဇလီကျေးရွာကို ဗုံး၈ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှု‌ကြောင့် မဲဇလီကျေးရွာသား အသက် ၄၀ အရွယ် ဦးစည်သူ ဆိုသူသေဆုံးခဲ့ပြီး နေအိမ် ၂လုံးလည်း ပျက်စီးခဲ့ရတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ မင်းတုန်းမြို့နယ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌ တွေနေထိုင်ရာ နေရာတွေကို လေကြောင်းကတဆင့်ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေကို နေ့စဥ်ရက်ဆက်လိုလို ကျူးလွန်လျှက်ရှိတယ်လို့သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း အောက်တိုဘာ ၈ ရက်ကလည်း မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး အရပ်သား ၃ဦး ဒဏ်ရာရရှိထားပါတယ်။

“ကြဲနေတာက နေ့တိုင်းနီးပါးပဲ။သရက် ကပစ ၁၂ မှာလည်း ပါရာမော်တာတွေ ထိုင်ထားတော့ ပိုဆိုးတယ်။တခါလာကြဲ ရင် ဂျက် နှစ်စီး၊ ပါရာ သုံးစီးပဲ”လို့ မင်းတုန်း ဒေသခံတစ်ဦးက ပြောပါတယ်။

ရခိုင်နဲ့ မကွေးအစပ် မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမပေါ် တက်ဖို့ကြိုးစားနေတဲ့ အာဏာသိမ်း စစ်တပ်စစ်ကြောင်းတွေ တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် လန်ကျနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ တော်လှန်ရေးရဲဘော်တချို့က လူထုနွေဦးကို အသိပေးထားပါတယ်။

“စခ စစ်ကြောင်းတွေကတော့ ရိုးအခြေတွေမှာ ရှိနေဆဲပါပဲ။တက်ဖို့ကြိုးစားတယ် မတက်နိုင်ဘူးပေါ့။အဲ့ဒီ တော့ လနက(လက်နက်ကြီး) ပစ်တယ် ။ဂျက်ဖိုက်တာ ၊ပါရာမော်တာတွေနဲ့ လေကြောင်းလာတယ်”လို့

မင်းတုန်းမြို့နယ် တော်လှန်ရေးရဲဘော်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပေါ် တာဆွဲထားတဲ့ စစ်မှုထမ်းတပ်သား(ပစ) အများအပြားကို အသုံးချကာ မင်းတုန်းမြို့နယ်အတွင်းက ၎င်းတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ နဲ့ ရခိုင်ရိုးမပေါ် တက်နိုင်ဖို့ ကြိုးစားနေပေမယ့် အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်ပေါင်းစုက ခုခံကာကွယ်နေပါတယ်။

အာရက္ခတပ်တော် (AA)သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို ဦးတည်ပြီး စစ်တပ်က အင်အား ၁၀၀၀ ကျော်သုံးကာ မင်းတုန်းမြို့အနောက်ခြမ်းကို ဇွန်လကစပြီး ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိ‌ပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

ဂေဇက်ရ ဘုရားပွဲတော်တွေအကြောင်း ပြောကြပြီဆိုရင် အညာမြေ စစ်ကိုင်းတိုင်းက ရွေဘိုမြို့ထောင့်စေတီပွဲက ချန်ထားလို့ မရပါဘူး။ နှစ်စဥ် တော်သလင်းလပြည့်ကျော် ၇ ရက်နေ့ကနေ သီတင်းကျွတ်လဆန်း ၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပလေ့ရှိတယ်။ ၁ဝ ရက်ဆိုပေမယ့် ပွဲတော်မစခင်ကတည်းက ဆိုင်ခန်းတွေ ရောက်နေခင်းနေကြပြီမို့ လချီကျင်းပတဲ့ပွဲတော်ဆိုလည်း...

သတင်း

ချင်းပြည်နယ်၊မင်းတပ် မြို့နယ်ထဲက ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကို Burma Research Institute (BRI)က ရှုတ်ချလိုက်ပါတယ်။ ပြီးတော့ ခရစ်ယာန် ဘုရားကျောင်းတွေအပေါ် မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ်...

Facebook