သတင်း စစ်တွေ၊ကျောက်ဖြူနဲ့မာန်အောင်မြို့သိမ်းတိုက်ပွဲတွေဆက်လက်ဆင်နွှဲ၊အာရက္ခပြည်သူများလက်ထဲသို့ မကြာမီ ပေးအပ်သွားမယ်လို့AA ထုတ်ပြန် ရခိုင်ပြည်နယ်မှာသိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့တွေကို ဆက်လက်သိမ်းပိုက်နိုင်ရေးအတွက်မြို့သိမ်းတိုက်ပွဲတွေကို အစွမ်းကုန်ကြိုးပမ်းနေကြောင်း စစ်ဆင်ရေး(၃)နှစ်မြောက်တဲ့ နိုဝင်ဘာလ၁၃ရက်ညပိုင်းမှာ အာရက္ခတပ်တော်(AA) က ထုတ်ပြန်လိုက်ပါတယ်။ ludunwayoo16 နာရီ ago
သတင်း ဖားကန့်တွင်စစ်ရေးတင်းမာ၊ ဗန်းမော်တွင် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်နေဟု KIA ပြော ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင် စစ်ရေးတင်းမာနေပြီး ဗန်းမော်မြို့တွင်လည်း ဒရုန်း၊လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ ludunwayooဇူလိုင် 26, 2025
ထိုင်း - ကမ္ဘောဒီးယား ထိုင်းမှာ မြန်မာလုပ်သားနှစ်ဦး ကမ္ဘာဒီယားနဲ့မှားပြီး ထိုးကြိတ်ခံရ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်စစ်ရေးပဋိပက္ခကြောင့်ထိုင်းနိုင်ငံသားအချို့က ကမ္ဘောဒီးယားလုပ်သားတွေကို မောင်းထုတ်တာတွေ၊ ရိုက်နှက်တာတွေလုပ်နေပြီး ဘန်ကောက်မြို့မှာ မြန်မာလုပ်သားနှစ်ဦး ကမ္ဘာဒီယားနဲ့မှားပြီး ထိုးကြိတ်ခံလိုက်ရပါတယ်။ ludunwayooဇူလိုင် 26, 2025
ထိုင်း - ကမ္ဘောဒီးယား ကမ္ဘောဒီးယားနဲ့ သံတမန်ရေး ညှိနှိုင်းတဲ့ အဆင့်တွေ ကျော်သွားပြီလို့ ဆိုင်းငံ့ခံ ထိုင်းဝန်ကြီးချုပ်ပြော ကမ္ဘောဒီးယားနဲ့ ညှိနှိုင်းတာတွေ၊ သံရေးတမန်ရေးအရာ စကားပြောတာတွေလုပ်ဖို့ကလက်ရှိ အခြေအနေမှာတော့ အဆင့်တွေ ကျော်သွားခဲ့ပြီးပြီလို့ ရာထူးက ဆိုင်းငံ့ ခံထားရသူ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ ludunwayooဇူလိုင် 26, 2025
ဆောင်းပါး လက်နက်ကြီးသံများကြားက စစ်မှုထမ်းမဲနှိုက်သံများ မန္တလေးမြို့မှာ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်တာ လေးလပြည့်ခါနီးချိန်၊ နောက်ဆက်တွဲအင်အားအသင့်အတင့်ရှိတဲ့ ငလျင်ငယ်နှစ်ခုတစ်ရက်ခြားလှုပ်ခတ်သွားလို့ ငလျင်သောက ပြန်ရောက်နေချိန်မှာပဲ မန္တလေးမြို့ အရှေ့မြောက်ဘက်ကနေ တအုန်းအုန်းအသံတွေ ကြားလိုက်ရပါတယ်။ ludunwayooဇူလိုင် 26, 2025
သတင်း ကျုံဒိုး- ကော့ကရိတ်လမ်းပိုင်းကို ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီဆို ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က ၃ လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လမ်းပိုင်းတလျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီက ဇူလိုင် ၂၄ နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ ludunwayooဇူလိုင် 26, 2025