Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင်စစ်ရေးတင်းမာ၊ ဗန်းမော်တွင် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်နေဟု KIA ပြော

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင် စစ်ရေးတင်းမာနေပြီး ဗန်းမော်မြို့တွင်လည်း ဒရုန်း၊လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗန်း​မော် မြို့သိမ်းတိုက်ပွဲမှ KIA နဲ့ ပူး​ပေါင်းတပ်ဖွဲ့ဝင်​တွေကို ၂၀၂၅ နှစ်ဆန်းပိုင်းက​တွေ့ရစဥ်။ ဓါတ်ပုံ-File Photo

ဇူလိုင်-၂၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင် စစ်ရေးတင်းမာနေပြီး ဗန်းမော်မြို့တွင်လည်း ဒရုန်း၊လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြီးခဲ့သည့် ၂လခန့်မှစ၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လှုပ်ရှားနေ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ခဲ့သည့် ဖားကန့်မြို့ လက်ရှိစစ်ရေး အခြေအနေနှင့် KIAက မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် ဗန်းမော်မြို့ လက်ရှိစစ်ရေး အခြေအနေများကို မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူကပြောကြားခြင်းဖြစ်သည်။

“ဖားကန့်စစ်ရေးအခြေအနေက တင်းမာတဲ့အနေအထားဖြစ်ပါတယ်။ စကစ စစ်ကြောင်းတွေက အမှိုက်ပုံဆိုတဲ့ရွာရယ် နောက်မှော်မောင်းလျံဆိုတဲ့ ဆွတ်ငိုင်ယန်တို့မှာ ရှိပါသေးတယ်။ စစ်ကြောင်းသုံးကြောင်းရှိပါသေးတယ်။သူတို့က အပြင်ဘက် စစ်ကြောင်းထိုးထွက်တာမရှိသေးဘူး။မနေ့ကလေကြောင်းတွေလာပါတယ်။ လက်နက်ကြီးနဲ့ ပစ်တာ နေ့တိုင်းလို ဖြစ်ပါတယ်။ ဒီနေ့လည်း သူတို့ရဲ့ တပ်မကုန်းကနေ လက်နက်ကြီးနဲ့ ပစ်တာရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူကဇူလိုင်၂၅ရက်တွင်ပြောသည်။

Public Service Announcement

Public Service Announcement

မြေပြင်ထိတွေ့တိုက်ပွဲမရှိသေးဘဲ စောင့်ကြည့်နေသည့် အနေအထားဖြစ်ဟုလည်း ၎င်းက ဆိုသည်။

ထို့ပြင် ဗန်းမော်မြို့သို့ စစ်ကောင်စီက ရေကြောင်းမှ အင်အားဖြည့်တင်းရန် ကြိုးပမ်းလျက်ရှိရာ စစ်ကောင်စီသင်္ဘောများမရောက်သေးဟုပြောသည်။

“စကစ (၂၁)နဲ့ ဗန်းမော်မြို့တွင်းမှာ ရှိနေတဲ့ သူတို့ရဲ့ တပ်စခန်းတွေအားလုံးကတော့ နေ့တိုင်းလို လက်နက်ကြီးနဲ့ ပစ်ပါတယ်။ ဒရုန်းနဲ့ ဝဲပြီးမှ ပစ်တာမျိုးတွေရှိပါတယ်။ သူတို့ကို လေကြောင်းကနေ စားနပ်ရိက္ခာတွေ လက်နက်ခဲယမ်းတွေ နေ့တိုင်းလိုချပေးတာ အဲဒါက ဗန်းမော်မြို့ပေါ်က အခြေအနေဖြစ်ပါတယ်။ သူတို့ပစ်တာနဲ့ ကျနော်တို့လည်း တုန့်ပြန်ပြီးမှ ပစ်တာဆိုတော့ လက်နက်ကြီးအသံတွေ ဗုံးသံတွေ နေ့တိုင်းကြားပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗန်းမော်မြို့ကို စစ်လက်နက်အင်အား၊ ရိက္ခာဖြည့်တင်းရန် စစ်သင်္ဘောများ မန္တလေးမြို့မှ ထွက်ခွာလာရာ စစ်သင်္ဘောအုပ်စုသည်ဇူလိုင် ၂၅ရက်တွင် ထီးချိုင့်မှ ဆက်လက်ထွက်ခွာရာ ကသာမြို့နယ်အတွင်း ရောက်ရှိနေဟု သတင်းရင်းမြစ်အချို့က ပြောသည်။

“ထီးချိုင့်အဝင်မှာ စကစသင်္ဘောကအပြင်းအထန်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီနေ့မနက် ၆နာရီ ထီးချိုင့်ကအထွက်မှာတော့ လက်နက်ကြီးပစ်ခတ်မှု နည်းပါတယ်။ အခုဆိုရင် ကသာနယ်ထဲ ရောက်သွားပါပြီ” ဟုထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယမန်နှစ် ၂၀၂၄ကလည်း စစ်ကောင်စီသည် ဗန်းမော်မြို့ကို ရေကြောင်းမှ စစ်သင်္ဘောများအသုံးပြုပြီး လက်နက်ခဲယမ်းဖြည့်တင်းရန်ကြိုးပမ်းခဲ့သော်လည်း KIA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ သင်္ဘောအများစု ထိခိုက်ပျက်စီးနစ်မြုပ်ခဲ့သည်။

ယခု စစ်သင်္ဘောအုပ်စုကို တော်လှန်ရေး ပူးပေါင်းတပ်များက သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာတွင်လည်း စစ်သင်္ဘောအချို့ နစ်မြုပ်၊ ပျက်စီး၊ မီးလောင်ခဲ့သည်။

” အထက်ပိုင်း ရောက်မှ မြစ်ကကျဉ်းမှာပါ။ ဒီဖက်က မြစ်ရေပြင်ကျယ်လို့ပါ”ဟုထီးချိုင့်မြို့နယ်အတွင်း စစ်သင်္ဘောအုပ်စု ပြင်းပြင်းထန်ထန် တိုက်ခိုက်မခံရသည့် အခြေအနေကို ဒေသသတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။