Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ သံတမန်ရေး ညှိနှိုင်းတဲ့ အဆင့်တွေ ကျော်သွားပြီလို့ ဆိုင်းငံ့ခံ ထိုင်းဝန်ကြီးချုပ်ပြော

ကမ္ဘောဒီးယားနဲ့ ညှိနှိုင်းတာတွေ၊ သံရေးတမန်ရေးအရာ စကားပြောတာတွေလုပ်ဖို့ကလက်ရှိ အခြေအနေမှာတော့ အဆင့်တွေ ကျော်သွားခဲ့ပြီးပြီလို့ ရာထူးက ဆိုင်းငံ့ ခံထားရသူ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်း နဲ့ က​မ္ဘောဒီးယားစစ်တပ်တို့ ပစ်ခတ်တိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-Reuters

ဇူလိုင်-၂၅၊၂၀၂၅။People’s Spring

ကမ္ဘောဒီးယားနဲ့ ညှိနှိုင်းတာတွေ၊ သံရေးတမန်ရေးအရာ စကားပြောတာတွေလုပ်ဖို့ကလက်ရှိ အခြေအနေမှာတော့ အဆင့်တွေ ကျော်သွားခဲ့ပြီးပြီလို့ ရာထူးက ဆိုင်းငံ့ ခံထားရသူ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ဖေထောင်ထန် ရှီနာဝတ်ထ်က နယ်စပ်တလျှောက်မှာ ကမ္ဘောဒီးယားရဲ့ ရန်လိုတိုက်ခိုက်တဲ့ လုပ်ရပ်တွေကို သူ့အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။ ဖေထောင်ထန်ဟာ လက်ရှိ နှစ်နိုင်ငံ စစ်ပွဲမဖြစ်ပွားခင် ကတည်းက သူနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းတို့ကြား အလွတ်သဘော ဖုန်းဆက်ခဲ့တဲ့ အသံဖိုင် ပေါက်ကြားမှုကို အကြောင်းပြုပြီးရာထူးကဆိုင်းငံ့ခြင်း ခံထားရတာပါ။

ဖေထောင်ထန်ဟာ ဟွန်ဆန်းနဲ့ ပုဂ္ဂိုလ်ရေး အရမ်းရင်းနှီးတဲ့ အခြေအနေ ရှိနေတာ၊ ပြီးတော့ ထိုင်းစစ်တပ်ကို ပုတ်ခတ်တဲ့ စကားမျိုး ပြောထားတာကို အသံဖိုင်ထဲမှာ အတည်ပြု တွေ့ရှိခဲ့တဲ့နောက် ကျင့်ဝတ်ပိုင်း စစ်ဆေးမှုတွေအတွက် အခြေခံ ဥပဒေခုံရုံးက သူ့ရဲ့ ဝန်ကြီးချုပ် ရာထူးကိုဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဖေထောင်ထန်ဟာ ပူးတွဲတာဝန်ယူထားတဲ့ ယဉ်ကျေးမှု ဝန်ကြီးအဖြစ်နဲ့တော့ အစိုးရ အဖွဲ့ထဲမှာ ဆက်ရှိနေပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားက စစ်ရေး ပဋိပက္ခ ဒုတိယနေ့ဖြစ်တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာတော့ ဖေထောင်ထန်က အခြေအနေတွေဟာ သံတမန်ရေးအရ ညှိညှိနှိုင်းနှိုင်း လုပ်ကြဖို့အတွက် အရမ်းကို လက်လွန်သွားခဲ့ပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။

လူ့အသက်တွေ ဆုံးရှုံးရတဲ့ထိစစ်ရေးပဋိပက္ခတွေစမလာခင်မှာ ထိုင်းဟာ သံတမန်ရေး ဆွေးနွေးအဖြေရှာဖို့ နည်းလမ်း အားလုံးကို ကြိုးစားခဲ့တယ်လို့ သူက ပြောပါတယ်။ ပြီးတော့ လက်ရှိမှာ ထိုင်းအာဏာပိုင်တွေက ကိုင်တွယ် တုံ့ပြန်နေတဲ့ အခင်းအကျင်း အားလုံးကို သူ့အနေနဲ့ အားပေး ထောက်ခံတယ်လို့လည်း ဖေထောင်ထန်က ဆိုပါတယ်။

ဖုန်းအသံဖိုင်ပေါက်ကြားမှု မတိုင်ခင်ထိဖေထောင်ထန်နဲ့ ဟွန်ဆန်းတို့ကြားမှာ မိသားစုချင်း ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ပါတယ်။ အသံဖိုင်ထဲမှာ ဖေထောင်ထန်ဟာ ဟွန်ဆန်းကို ဦးလေးလို့ ခေါ်ခဲ့သလို ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက်က စစ်နယ်မြေကို တာဝန်ယူထားတဲ့ ထိုင်းစစ်ဦးစီး တစ်ယောက်ကိုလည်း ပုတ်ခတ် ဝေဖန်ထားခဲ့ပါတယ်။ အဲဒီ အသံဖိုင် ပေါက်ကြားမှုဟာ ထိုင်းအစိုးရ အဖွဲ့ထဲမှာ အကြီးအကျယ် ဂယက်ထစေခဲ့ပြီး ဖေထောင်ထန်နဲ့ ဟွန်ဆန်းကြားက ရင်းနှီးမှုလည်း အဆုံးသတ်သွားခဲ့ပါတယ်။

ဟွန်ဆန်းကတော့အဲဒီအသံဖိုင်ကိုသူကရည်ရွယ်ချက်ရှိရှိ ဖွင့်ချခဲ့တာဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။