Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းမှာ မြန်မာလုပ်သားနှစ်ဦး က​​မ္ဘာဒီယားနဲ့မှားပြီး ထိုးကြိတ်ခံရ

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်စစ်ရေးပဋိပက္ခကြောင့်ထိုင်းနိုင်ငံသားအချို့က ကမ္ဘောဒီးယားလုပ်သားတွေကို မောင်းထုတ်တာတွေ၊ ရိုက်နှက်တာတွေလုပ်နေပြီး ဘန်ကောက်မြို့မှာ မြန်မာလုပ်သားနှစ်ဦး က​​မ္ဘာဒီယားနဲ့မှားပြီး ထိုးကြိတ်ခံလိုက်ရပါတယ်။

မြန်မာ၂ ဦး ကမ္ဘာဒီးယာယနဲ့မှား၍ ရန်ပြုခံရစဥ်။ ဓါတ်ပုံ- CCTV footage

ဇူလိုင်-၂၅၊၂၀၂၅။ခွန်ဖ/People’s Spring

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်စစ်ရေးပဋိပက္ခကြောင့်ထိုင်းနိုင်ငံသားအချို့က ကမ္ဘောဒီးယားလုပ်သားတွေကို မောင်းထုတ်တာတွေ၊ ရိုက်နှက်တာတွေလုပ်နေပြီး ဘန်ကောက်မြို့မှာ မြန်မာလုပ်သားနှစ်ဦး က​​မ္ဘာဒီယားနဲ့မှားပြီး ထိုးကြိတ်ခံလိုက်ရပါတယ်။

ထိုင်းနိုင်ငံနေရာအချို့မှာ ထိုင်းအမျိုးသားရေးသမားတွေနဲ့ ထိုင်းလူမျိုးအချို့က ကမ္ဘောဒီးယားလုပ်သားတွေကို မောင်းထုတ်တာ၊ ရှာဖွေရိုက်နှက်တာတွေ လုပ်နေတာကြောင့် မြန်မာလုပ်သားတွေအနေနဲ့ အထူးသတိထားနေထိုင်ကြဖို့လည်း ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဒီကနေ့(ဇူလိုင် ၂၅ရက်)မှာ ဘန်ကောက်မြို့က ဈေးတစ်ခုမှာ ထိုင်းမျိုးချစ်ဆိုသူတွေက မြန်မာလုပ်သားနှစ်ဦးကို ကမ္ဘောဒီးယားနိုင်ငံသားထင်မှတ်ပြီး ထိုးကြိတ်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ထိုင်းမျိုးချစ်တွေ ထိုးကြိတ်ခဲ့တဲ့ CCTVရုပ်သံဖိုင်ဟာ ထိုင်းနိုင်ငံရဲ့ လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ပျံ့နေပါတယ်။

မြန်မာနဲ့ ကမ္ဘောဒီးယားလုပ်သားတွေဟာ သဏ္ဌာန်ဆင်တူတာကြောင့် မြန်မာနိုင်ငံသားဆိုတာ သိသာစေရန်သနပ်ခါးလိမ်းထားကြလို့လည်းထိုင်းရောက်မြန်မာတွေ အချင်းချင်း​ပြောနေကြပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားတစ်ဦးက “မဖြစ်တော့ဘူး မြန်မာမှန်းသိအောင်သနပ်ခါးလိမ်းထားမှ ရတော့မယ်”ဆိုပြီး သနပ်ခါးလိမ်းထားတဲ့ ရုပ်ပုံနဲ့ လူမှုကွန်ရက်မှာတင်ထားပါတယ်။

ဒီကနေ့မှာ ကမ္ဘောဒီးယားလုပ်သားတွေ တိုက်ခိုက်ခံရတဲ့ ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ရက်မှာ ပျံံနှံ့နေပြီးကမ္ဘောဒီးယားလုပ်သားတွေနေရပ်ပြန်ဖို့ထိုင်းအာဏာပိုင်တွေက လုံခြုံရေးယူပေးခဲ့ရပါတယ်။

ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတွေကထိုင်း-ကမ္ဘောဒီးယား နယ်စပ် စစ်ရေးပဋိပက္ခနဲ့ပတ်သက်လို့ မြန်မာလုပ်သားတွေအနေနဲ့ သတိထားနေထိုင်ကြဖို့နဲ့ ဝေဖန်ပြောဆိုတာတွေ မလုပ်ကြဖို့ သတိပေးပြောကြားလိုက်ပါတယ်။

ဒါ့အပြင် မြန်မာတချို့က ဝေဖန်ပြောဆိုမှုတွေ လုပ်နေတဲ့အပေါ်လည်း မလုပ်ကြဖို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတွေက အကြံပြုထားပါတယ်။

အမျိုးသားညီညွတ်ရေအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ရှိ စစ်ရေးအခြေအနေတင်းမာနေတဲ့ ဒေသတွေမှာ ရောက်ရှိနေသူ၊ ခရီးသွားလာနေသူ၊အလုပ်လုပ်ကိုင်နေသူမြန်မာနိုင်ငံသားများအနေနဲ့ မိမိတို့ ရောက်ရှိနေတဲ့ နိုင်ငံရှိ သက်ဆိုင်ရာ နိုင်ငံ့လုံခြုံရေးတာဝန်ရှိသူများရဲ့ ဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်အခြေအနေ ညွှန်ကြားချက်များ သတိပေးချက်​တွေကို လိုက်နာဆောင်ရွက်ကြဖို့ နှိုးဆော်ထားပါတယ်။ ဒါ့အပြင် ထိုင်း၊ ကမ္ဘောဒီးယားနဲ့ မြန်မာပြည်သူများမှာ လုပ်ငန်းခွင်များအတွင်း အတူတကွ လုပ်ကိုင် နေထိုင်ကြတာဖြစ်လို့မြန်မာပြည်သူများအနေနဲ့ ဂရုတစိုက်သတိပြုနေထိုင်ကြဖို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားပြီး ပဋိပက္ခကို ပိုမိုတင်းမာစေမယ့် ပြောဆိုရေးသားမှုများ၊ လူမှုကွန်ရက်မှာ မျှဝေခြင်းများကို ဆင်ခြင်ကြဖို့ တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ မြန်မာသံရုံးကလည်းထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအနေနဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်ဒေသကို ခရီးသွားလာတာ ရှောင်ရှားကြဖို့နဲ့ နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများအကြား မလိုလားအပ်တဲ့ ဖြစ်ရပ်တွေ ဖြစ်ပေါ်ခြင်း မရှိစေဖို့ လုံခြုံရေးကို သတိပြုကြဖို့ ဇူလိုင် ၂၅ရက်မှာထုတ်ပြန်ထားပါတယ်။

လက်ရှိနှစ်နိုင်ငံ နယ်စပ်စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံနယ်စပ်က ဆီဆကစ်၊ကျန်ထဘူရီနဲ့ ရယောင်းခရိုင်မှာ မြန်မာနဲ့ ကမ္ဘောဒီးယားလုပ်သားတွေ အများစုလုပ်ကိုင်ပြီး မြန်မာလုပ်သားက ၂ သိန်းကျော်လောက်ရှိနေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတွေက ခန့်မှန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။