သတင်း ကန့်ဘလူမြို့နယ်မှာတိုက်ပွဲပြင်းထန်နေ ကန့်ဘလူမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်နေပြီး ကောလင်း-ကန့်ဘလူဆက်စပ်နေတဲ့ ကိုးတောင်ဘို့ရွာပတ်ဝန်းကျင်ကို စစ်အုပ်စုကဗုံးကြဲနေတယ်လို့သတင်းရရှိပါတယ်။ ludunwayoo29 မိနစ် ago
သတင်း ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဟု CNDFပြော၊ စစ်ကောင်စီတပ် လေကြောင်းမှ အပြင်းအထန်ခုခံနေဟုဆို ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်များက ဆင်နွှဲလျက်ရှိရာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခုခံနေသည်ဟု ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။ ludunwayooမတ် 16, 2025
သတင်း နောင်ချိုမြို့ဘုန်းကြီးကျောင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု သံဃာ ၉ပါးအပါအဝင် ၁၄ဦး သေဆုံး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ စစ်ဘေးရှောင်များတိမ်းရှောင်ခိုလှုံနေသည့် ဘုန်းကြီးကျောင်းအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ လက်တလောစာရင်းအရ သံဃာ ၉ပါးအပါအဝင် ၁၄ဦး သေဆုံးခဲ့ရကြောင်း အဆိုပါမြို့ ဒေသခံက ပြောသည်။ ludunwayooမတ် 16, 2025
သတင်း နောင်ချိုမြို့၌ စစ်ရှောင်များခိုလှုံနေသည့် ဘုန်းကြီးကျောင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ ထိခိုက်သေဆုံးမှုများဟု ဒေသခံပြော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ စစ်ဘေးရှောင်များတိမ်းရှောင်ခိုလှုံနေသည့် ဘုန်းကြီးကျောင်းအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားကြောင်း အဆိုပါ မြို့ခံများက ပြောသည်။ ludunwayooမတ် 16, 2025
သတင်း အထက်မင်းလှရှိ ကပစသုံးခုကာကွယ်ရန် စစ်ကောင်စီ ပြင်ဆင် မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)သုံးခုကာကွယ်ရေးအတွက် စစ်ကောင်စီက အင်အားတိုးမြှင့်နေပြီး လေကြောင်းအန္တရာယ် ခြိမ်းခြောက်မှုများရှိနေ၍ ဒေသခံပြည်သူများ စစ်ရေးသတိပြုကြရန် အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေးသည်။ ludunwayooမတ် 16, 2025
Short Story “သစ္စာဖောက်” ကင်မရာမီးပွင့်တွေ တဖျပ်ဖျပ်က သူ့အပေါ်ကို ရမ်းရမ်းကားကား ကျရောက်နေသည်။ မီးခိုးငွေ့လို တိမ်မျှင်တစလို ဒီနေရာကနေ လွင့်မျော ပျောက်ကွယ်သွားလိုက်ချင်သည်။ ဘာတွေမေးနေမှန်း ဘာတွေပြောနေမှန်းမသိလောက် အောင် ရင်တခုလုံး နာကျင်ဆူဝေနေသည်။ ludunwayooမတ် 16, 2025