Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်နဲ့ ဆားလင်းကြီးမှာ စူပါအယ်နီညို အသိပညာပေးပြုလုပ်

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ စူပါအယ်နီညို ရာသီဥတုဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေကို သပိတ်အင်အားစုတွေက ကျေးရွာနေပြည်သူတွေဆီ နိုဝင်ဘာ ၁၄ ရက်က ဖြန့်ဝေပေးခဲ့ပါတယ်။

နိုဝင်ဘာ ၁၅၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ စူပါအယ်နီညို ရာသီဥတုဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေကို သပိတ်အင်အားစုတွေက ကျေးရွာနေပြည်သူတွေဆီ နိုဝင်ဘာ ၁၄ ရက်က ဖြန့်ဝေပေးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာ ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေက ကျေးရွာအတွင်းရှိ ပြည်သူတွေရဲ့ နေအိမ်အထိ အယ်လ်နီညို အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက စူပါအယ်နီညိုဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသိပညာပေးလက်ကမ်းစာစောင်တွေကို ပြည်သူတွေထံ မျှဝေပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရာသီဥတုဖောက်ပြန်မှုဒဏ် ခံနိုင်ရည်ရှိစေရေး ၊ သောက်သုံးရေ ခြိုးခြံချွေတာ သိုလှောင်ရေးနဲ့ အပူဒဏ်ကြောင့် ဖြစ်ပွားတတ်သော ကျန်းမာရေးပြဿနာ ကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေ ပါဝင်တဲ့ လက်ကမ်းစာစောင်တွေကို ဖြန့်ဝေပေးခဲ့တာ ဖြစ်ပါတယ်။

စူပါအယ်နီညိုကြောင့် မိုးခေါင်ရေရှားခြင်း၊ အပူချိန် အဆမတန် မြင့်တက်လာခြင်းနဲ့ သောက်သုံးရေ ပြတ်လပ်မှုစတဲ့ သဘာဝဘေးအန္တရာယ် ပြဿနာများကို ရင်ဆိုင်ရဖွယ်ရှိနေတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ရန်လည်း သပိတ်ဦးဆောင်သူတွေက သတိပေးနှိုးဆော်ခဲ့ပါတယ်။

ဓာတ်ပုံ – GSCB၊ ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ

ဆက်စပ်သတင်းများ