နို၀င်ဘာ-၁၅ ၊၂၀၂၆။မိုမို/People’s Spring
မွန်ပြည်နယ်က ရေး၊လမိုင်းနဲ့ ခေါဇာမြို့တွေမှာ တိုက်ပွဲတွေ ဖြစ်လာနိုင်လို့ ပြည်သူတွေအနေနဲ့ စစ်ရေးသတင်းနားစွင့်ထားကြဖို့ ရေးဘီလူးတပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒေသခံတွေ အပါအ၀င် ပြည်သူအနေနဲ့ တိုက်ပွဲသတင်းတွေစောင့်ကြည့်ပြီး အသွားအလာဂရုစိုက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
“စကစ ဘက်က တပ်လှုပ်တာတွေ ရှိနေတယ်။လက် ရှိ အင်အားဖြည့်တင်းမှုတွေပါ စိပ်လာတယ်။တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တယ်”လို့ ရေးဘီလူးတပ်ဖွဲ့ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
အခု နိုဝင်ဘာလဆန်းပိုင်းက ရေးမြို့နယ်၊အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အမြောက်တပ် (၃၁၆ )က တပ်ကြပ်ကြီး ၁ဦးကို ရေးဘီလူးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာရှိပါတယ်။
ဒါ့အပြင် ရေးမြို့နယ်အတွင်း စစ်တပ်အခြေစိုက်ရာ စခန်းတွေနဲ့ ရေးမြို့နယ်နဲ့ကပ်လျက် ရေဖြူမြို့နယ်က စစ်တပ်စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေပူးပေါင်းပြီးကြားဖြတ်တိုက်ခိုက်နေပါတယ်။
ရေးမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၉)နဲ့ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ-၆၁၊ ခလရ-၁၀၆၊ခလရ -၂၉၉၊ ခမရ -၃၄၃ ၊ ခမရ -၅၈၆၊ ခမရ ၅၈၈၊ ခမရ -၂၈၇ ၊ အမြောက်တပ်ရင်း အမှတ်(၃၁၆)နဲ့ (၃၁၇)တပ်ရင်းတွေ ရှိပါတယ်။
စစ်တပ်က ရေးမြို့နယ်အပါအဝင် ရန်ကုန်-ထားဝယ် အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ကစပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာ ခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။





















































