Connect with us

Hi, what are you looking for?

သတင်း

အထက်မင်းလှရှိ ကပစသုံးခုကာကွယ်ရန် စစ်ကောင်စီ ပြင်ဆင်

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)သုံးခုကာကွယ်ရေးအတွက် စစ်ကောင်စီက အင်အားတိုးမြှင့်နေပြီး လေကြောင်းအန္တရာယ် ခြိမ်းခြောက်မှုများရှိနေ၍ ဒေသခံပြည်သူများ စစ်ရေးသတိပြုကြရန် အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေးသည်။

ကဖေး/People’s Spring

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)သုံးခုကာကွယ်ရေးအတွက် စစ်ကောင်စီက အင်အားတိုးမြှင့်နေပြီး လေကြောင်းအန္တရာယ် ခြိမ်းခြောက်မှုများရှိနေ၍ ဒေသခံပြည်သူများ စစ်ရေးသတိပြုကြရန် အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေးသည်။

“ဒီမှာရှိတဲ့ ကပစတွေကို အင်အားဖြည့်နေတယ်။ ထိတွေ့တိုက်ပွဲတွေလည်းရှိတယ်။ ဒီလိုအခြေအနေမှာဒေသခံတွေအတွက် လေကြောင်းအန္တရာယ်ရှိနေတယ်။ လိုအပ်တဲ့သတိပေးချက် တွေလည်းထုတ်ထားပါတယ်”ဟု အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်မင်းလှမြို့နယ်တွင် စစ်ကောင်စီ​၏ ကပစ(၂)၊ကသစ(၁၀)၊ကပစ(၁၃)တို့ ရှိနေသည်။

Public Service Announcement

Public Service Announcement

ကပစ(၂)သည် အထက်မင်းလှမြို့နယ်၊ မလွန်ကျေးရွာမြောက်ဘက်၌တည် ရှိသည်။ ကျည်ဆန်များ၊ အမြောက်ကျည်များအဓိကထုတ်လုပ်သည်။

ကပစ(၁၀)သည် အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအနီးတွင်တည်ရှိပြီး တာဝေးပစ်ဒုံးကျည် (missile)များ၊ ဒုံးကျည်များထုတ်လုပ်သည်။ ကပစ(၁၃)သည် မိုင်းအဓိကထုတ်သည်။

အထက်မင်းလှမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီကတည်းက တိုက်ပွဲများဖြစ်ခဲ့ပြီး

ပုသိမ် – မုံရွာလမ်း၊အထက်မင်းလှမြို့နယ်လမ်းပိုင်းတွင် စစ်ရေးတင်းမာနေသည်။

လက်ရှိတွင် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေရသူ ၁,၀၀၀ခန့် ရှ်ိနေသည်ဟု အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူကပြောသည်။

လတ်တလော အခြေအနေများကြောင့် ပုသိမ်-မုံရွာလမ်းနှင့် ဒေသတွင်းလမ်းအသုံးပြု ခရီးသွားပြည်သူများ စစ်ကောင်စီနှင့် အနီးကပ်မ‌နေကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ယခုရက်ပိုင်းအတွင်း မကွေးတိုင်းအတွင်း အထက်မင်းလှ၊ မင်းတုန်း၊ငဖဲနှင့် ပွင့်ဖြူ၊စလင်းမြို့နယ်၊ ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသော အမ်း-ပဒါန်းလမ်းပိုင်းတို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်။

ထို့အပြင် ကပစများရှိသော ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင်လည်း အာရက္ခတပ် တော် (AA)ပူးပေါင်းတပ်များက စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်နေပြီး စစ်ရေးအခြေအနေတင်းမာနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook