သတင်း ငပြီကျွန်းကိုတတိယအကြိမ်ကမ်းတက်ဖို့ ကြိုးစားတဲ့ စစ်တပ်ထိုးစစ်မအောင်မြင်ပြန် စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ငပြီကျွန်းပေါ်ကို ကမ်းထပ်တက်ဖို့ သုံးကြိမ်မြောက် ထပ်ကြိုး စားတဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးမအောင်မြင်ဘဲ သေဆုံးထိခိုက်မှုများစွာနဲ့ နောက်ပြန်ဆုတ်သွားခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayoo22 နာရီ ago
News CDFနှင့် တိုက်ပွဲဖြစ်၍ သုံးရက်အတွင်း စစ်ကောင်စီ ၁၄ဦး သေဆုံး၊ CDF တစ်ဦးကျ “CDF-Matupi က သုံးဦးကျဆုံးပြီး တစ်ဉီးဒဏ်ရာရခဲ့ပါတယ်။ စကစဘက်က အနည်းဆုံး လေးဦးကျဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့သိရပါတယ်” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က သတင်းထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 31, 2021
News အပစ်ရပ်ပျက်ပြယ်ပြီးနောက် မင်းတပ်CDFနှင့် စစ်ကောင်စီ တိုက်ပွဲများဆက်တိုက်ပြင်းထန်နေ “စခန်းက စကစဗိုလ်ကြီးတစ်ဦး CDM ဝင်ခဲ့ပါတယ်။ ဇူလိုင် ၂၃ မှာတော့ မကွီအိမ်နူးမြို့တပ်စခန်းက အရာခံဗိုလ်တစ်ဦးနဲ့စစ်သား ၄ ဦး ကို စခန်းကနေ အသာ တကြည် ထွက်ခွာခွင့်ပေးခဲ့ပြီး ရဲစခန်းနဲ့တပ်စခန်း ၂ ခုလုံးကို ဝင်ရောက်သိမ်းပိုက်ပြီး လက်နက်တွေ သိမ်းဆည်းရမိခဲ့ပါတယ်” ဟု ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 31, 2021
ဗီဒီယို အမေရိကန်အစိုးရထိန်းသိမ်းပေးထားသော ဒေါ်လာ ၁ ဘီလီယံ ပြန်လည်ရရှိအောင် NUG ကြိုးပမ်း လက်ရှိနိုင်ငံအတွင်း ဆိုးရွားစွာရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ထိရောက်စွာထိန်းချုပ်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေပြီး NUG ကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အသိအမှတ်ပြုလာစေဖို့လည်းအစွမ်းကုန်လုပ် ဆောင်နေတယ်လို့ ဆိုပါတယ်။ LuduNwayOoဇူလိုင် 31, 2021
ဗီဒီယို တာမွေကသပိတ်စစ်ကြောင်းကို စစ်ကောင်စီက အရပ်ဝတ်ဖြင့်လာပြီးပစ်ခတ်ဖြိုခွင်း၊ လူငယ်အချို့ရိုက်နှက် ဖမ်းဆီးခံရ ယနေ့ညနေပိုင်းတွင် တကသကျောင်းသားများဦးဆောင်သော သပိတ်စစ်ကြောင်းမှာ စတင်ထွက်ခွာစဥ် ဖြိုခွင်း ဖမ်းဆီးခံရခြင်းဖြစ်သည်။ လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ရာတွင် စစ်သားသုံးဦးက ရိုက်နှက်နေသည်ကို တွေ့ရသည်။ LuduNwayOoဇူလိုင် 31, 2021
News အာဏာသိမ်းစစ်တပ်ကပစ်သတ်မှုကြောင့် ကျဆုံးခဲ့သည့်ပြည်သူ ၉၃၉ဦးအထိရှိပြီဟု အေအေပီပီထုတ်ပြန် ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ဦးအနက်မှ မျက်ကွယ်သေဒဏ် ချမှတ်ခြင်းခံထားရသူ ၃၉ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ၍ သေဒဏ်ချမှတ် ခံထားရသူ စုစုပေါင်း ၆၅ဦးရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 31, 2021