Connect with us

Hi, what are you looking for?

LuduNwayOo

News

အပစ်ရပ်ပျက်ပြယ်ပြီးနောက် မင်းတပ်CDFနှင့် စစ်ကောင်စီ တိုက်ပွဲများဆက်တိုက်ပြင်းထန်​နေ

“စခန်းက စကစဗိုလ်ကြီးတစ်ဦး CDM ဝင်ခဲ့ပါတယ်။ ဇူလိုင် ၂၃ မှာတော့ မကွီအိမ်နူးမြို့တပ်စခန်းက အရာခံဗိုလ်တစ်ဦးနဲ့စစ်သား ၄ ဦး ကို စခန်းကနေ အသာ တကြည် ထွက်ခွာခွင့်ပေးခဲ့ပြီး ရဲစခန်းနဲ့တပ်စခန်း ၂ ခုလုံးကို ဝင်ရောက်သိမ်းပိုက်ပြီး လက်နက်တွေ သိမ်းဆည်းရမိခဲ့ပါတယ်” ဟု ဖော်ပြထားသည်။

(ဇူလိုင် ၂၃ရက်က မကွီအိမ်းနူးမြို့ တပ်သိမ်းစခန်း၌ သိမ်းစည်းရမိ​သော ​သေနတ်များကို ​တွေ့ရစဥ်)

အပစ်အခတ်ရပ်စဲရေးသက်တမ်းတိုးရန် ဆွေးနွေးမှုပျက် ပြယ်ပြီးနောက် မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)နှင့် အာဏာသိမ်းစစ်ကောင်စီအကြား တိုက် ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ယနေ့ညတွင် သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၉ရက်မှစ၍ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ် ရွှေအောင်သာရွာဘက်မှ စစ်ကြောင်းတစ်ခု၊ မတူပီမြို့မှ စစ်ကြောင်းတစ်ခု ၊ စစ်ကူအင်အား အများအပြားဖြင့် ထိုးစစ်ဆင်လာ၍ ဇူလိုင် ၂၁ရက်တွင် ရွှေတွင်းတူးရွာ၌ တိုက်ပွဲစတင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

“စကစ(စစ်ကောင်စီ)ဘက်က ဒဏ်ရာရသူများပြီး ကျဆုံးတွေလည်းရှိမယ် ခန့်မှန်းရပါတယ်။ စကစ တပ်တွေ နောက်ဆုတ်သွားပြီး တောထဲပျောက်သွားပါတယ်။ နေ့လယ်ပိုင်းမှာ ပိုင်းတွီရွာမှာ တစ်ကြိမ်ပြန်ပေါ်လာပြီး ခဏ တိုက်ပွဲဖြစ်ပါတယ်။ ၂၁ ရက်နေ့ညပိုင်းမှာတော့ စကစတပ်တွေ ရန်းချောင်းရွာမှာပြန်ပေါ်လာပြီး ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲကြပါတယ်။
ဇူလိုင် ၂၂ ရက်နေ့ မနက်ပိုင်းမှာ ရန်းချောင်းရွာတွင်းမှာပဲ တိုက်ပွဲဖြစ်ပြီး စကစဘက်က အကျအဆုံးရှိခဲ့ပြီး ဒဏ်ရာရသူတွေလည်း များပြားခဲ့ပါတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ထုတ်ပြန် သည်။

အဆိုပါတိုက်ပွဲတွင် CDFဘက်က ရဲဘော်ဆလိုင်းဟုန်းအွမ် တိုက်ပွဲကျခဲ့ကြောင်း၊ ဇူလိုင် ၂၂ ရက်တွင် အမှတ် (၁) တိုက်နယ်၌ တိုက်ပွဲပြင်းထန်နေချိန်၌ CDF-Mindat တပ်ရင်းတချို့က မင်းတပ်မြို့နယ် မကွီအိမ်နူးမြို့ရဲစခန်းနှင့်တပ်စခန်းကို စတင်သိမ်းပိုက်နေပြီဖြစ် ကြောင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

“စခန်းက စကစဗိုလ်ကြီးတစ်ဦး CDM ဝင်ခဲ့ပါတယ်။ ဇူလိုင် ၂၃ မှာတော့ မကွီအိမ်နူးမြို့တပ်စခန်းက အရာခံဗိုလ်တစ်ဦးနဲ့စစ်သား ၄ ဦး ကို စခန်းကနေ အသာ တကြည် ထွက်ခွာခွင့်ပေးခဲ့ပြီး ရဲစခန်းနဲ့တပ်စခန်း ၂ ခုလုံးကို ဝင်ရောက်သိမ်းပိုက်ပြီး လက်နက်တွေ သိမ်းဆည်းရမိခဲ့ပါတယ်” ဟု ဖော်ပြထားသည်။

အဆိုပါ တပ်စခန်းသိမ်းသည့်ဖြစ်စဉ်တွင် လက်နက် ၂၂လက် သိမ်းဆည်းရရှိခဲ့ကြောင်း CDF ပြောရေး ဆိုခွင့်ရှိသူက ပြောကြားထားသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းကြောင့် မင်းတပ်မြို့နယ်တွင် ဧပြီလကုန်ပိုင်းမှ စ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ တစ်လခွဲကြာမြင့်ခဲ့သည်။

အဆိုပါ ကာလတွင် တိုက်ပွဲ ၂၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်သေဆုံးကာ CDF ဘက်က ၂၄ဦး ကျဆုံးခဲ့သည်။ ထို့နောက် ဇွန်လ ၂၃ရက်တွင် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ခဲ့ရာ ဇူလိုင်လအတွင်း၌ အပစ်အခတ်ရပ်စဲရေး ထပ်မံသက်တမ်းမတိုးနိုင်ဘဲ တိုက်ပွဲများဆက်ဖြစ်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေး သက်တမ်းမတိုးနိုင်ခြင်းမှာ CDF တပ်ဖွဲ့က သိမ်းထားသည့် စစ်ကောင်စီတပ် လက်နက်များကို ပြန်အပ်နှံခိုင်းခြင်းကြောင့် ဆွေးနွေးမှု မပြေလည်ဘဲ ဖြစ်ခဲ့ရကြောင်း CDF တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။