Connect with us

Hi, what are you looking for?

ဗီဒီယို

အ​မေရိကန်အစိုးရထိန်းသိမ်း​ပေးထား​သော ​ဒေါ်လာ ၁ ဘီလီယံ ပြန်လည်ရရှိ​အောင် NUG ကြိုးပမ်း

လက်ရှိနိုင်ငံအတွင်း ဆိုးရွားစွာရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ထိရောက်စွာထိန်းချုပ်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေပြီး NUG ကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အသိအမှတ်ပြုလာစေဖို့လည်းအစွမ်းကုန်လုပ် ဆောင်နေတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)အ​နေနဲ့ အ​မေရိကန်အစိုးရက ထိန်းသိမ်း​ပေးထားတဲ့မြန်မာနိုင်ငံရဲ့ အ​မေရီကန် ​ဒေါ်လာ ၁ ဘီလီယံ ​ပြန်လည်ရရှိ​ရေးအတွက် ကြိုးပမ်း​နေတယ်လို့ ပြည်​ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ​ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ခဲ့မှုအခြေအနေကို ပြည်ထောင်စုဝန် ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြည်သူလူထုကို ဗီဒီယိုရုပ်သံနဲ့ ဇူလိုင် ၃၀ ရင်မှာရှင်းလင်းအစီရင်ခံခဲ့ရာမှာထည့်သွင်း​ပြောကြားခဲ့တာပါ ။ ​​ဒေါ်​အောင်ဆန်းစုကြည် ဦး​ဆောင်တဲ့ ပြည်သူ့အစိုးရလက်ထက်မှာ အ​မေရိကန်​ဒေါ်လာ ၁ ဘီလီယံ​ကို အ​မေရီကန်ဘဏ်​တွေမှာ အပ်နှံထားခဲ့ပါတယ် ။ ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်​တပ်အာဏာသိမ်းခဲ့တာ​ကြောင့် အ​မေရီကန်အစိုးရက အပြင်းအထန် ကန့်ကွက်ပြီး အ​မေရီကန် ​ဒေါ်လာ ၁ ဘီလီယံကို အ​မေရီကန် သမ္မတ ဂျိုးဘိုင်ဒန်အမိန့်နဲ့ မြန်မာနိုင်ငံအတွက်ထိန်းသိမ်း​ပေးထားတာဖြစ်ပါတယ်။

အ​မေရိကန် အစိုးရထိန်းသိမ်း​ပေးထားတဲ့ ​ဒေါ်လာ ၁ ဘီလီယံကို ပြန်လည်ရရှိ​ရေးအတွက် ပြည်သူလူထု​ထောက်ခံမှု အပြည့်အဝရှိတဲ့NUG အစိုးရရဲ့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှပ်မှု ဝန်ကြီးဌာနက ​ကော်မတီတစ်ရပ်ဖွဲ့ပြီးကြိုးစား​နေတာဖြစ်ပါတယ် ။ အဲဒီ​ငွေ​တွေသာပြန်ရခဲ့ရင် ပြည်သူ​တွေရဲ့ စစ်အာဏာရှင်ပြုတ်ကျ​ရေး ​နွေးဦး​တော်လှန်​ရေးအတွက် များစွာအ​ထောက်အကူဖြစ်နိုင်ပါတယ် ။အာဏာသိမ်းစစ်တပ်ကလည်း အဲဒီ​ငွေ​တွေ လိုချင်လို့အ​မေရိကန်အစိုးရဆီ​တောင်းဆိုခဲ့​ပေမယ့် အ​မေရီကန်အစိုးရက ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ဒါအပြင် NUG အစိုးရက ရက်​ပေါင်း ၁၀၀ အတွင်းမှာ စစ်ပွဲ​တွေဖြစ်ပွား​နေတဲ့​ဒေသ​တွေကစစ်​ဘေးဒုက္ခသည်​တွေအပါအဝင် လိုအပ်​နေတဲ့ပြည်သူ​တွေထံ ကျပ်သိန်း ၇၁၅ သိန်း​ကျော်ဖိုး ကိုလူသားချင်းစာနာ​ထောက်ထားမှုနဲ့ ​ဘေးအန္တရာယ်စီမံခန့်ခွဲမှုဝန်ကြီးဌာနက ​ထောက်ပံခဲ့ပါတယ် ။ဒါအပြင်စစ်အာဏာရှင်ကို အကြမ်းမဖက်ဘဲ ဖီဆန်​နေတဲ့ CDM ဝန်ထမ်း ၆၆၀ ​ကျော်အတွက်ကျပ်သိန်း ၆၉၀​ကျော် ​ထောက်ပံ့ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင် ကပ်​ရောဂါတိုက်ဖျက်​ရေးအတွက်လည်း ကြိုးပမ်း​ပေး​နေပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၆ မှာ စတင်ဖွဲ့စည်းတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ဝန်ကြီးဌာန ၁၁ ခုနဲ့ စတင်ခဲ့ပြီးလိုအပ်တဲ့ ဝန်ကြီးဌာနတွေကို တိုးချဲ့ခဲ့ရာ အခုအချိန်မှာ ဝန်ကြီးဌာန ၁၆ ခုရှိနေပြီဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စု အပြီး ပြုတ်ကျစေရေးကို အန္တိမရည်မှန်းချက်ထား လုပ်ဆောင်နေတယ်လို့ မန်းဝင်းခိုင်သန်းက ရှင်းပြပါတယ်။

လက်ရှိနိုင်ငံအတွင်း ဆိုးရွားစွာရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ထိရောက်စွာထိန်းချုပ်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေပြီး NUG ကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အသိအမှတ်ပြုလာစေဖို့လည်းအစွမ်းကုန်လုပ် ဆောင်နေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာအသိအမှတ်မပြုဘဲ ထိရောက်စွာအရေးယူပိတ်ဆို့နိုင်ရေး၊ နိုင်ငံတကာ ဥပဒေနဲ့ နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုနိုင်ရေးတို့ကိုလည်း လုပ်ဆောင်နေပြီး စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးအရ အပြီးသတ်ချေမှုန်းနိုင်ဖို့ စီမံချက်ရေးဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ချုပ်က ပြောပါတယ်။

ဒါအပြင် ကာကွယ်​ရေးဝန်ကြီးဌာန ​အောက်မှာ စစ်လက်နက်ဝယ်ယူ​ရေး​ကော်မတီဖွဲ့စည်း​ဆောင်ရွက်​နေတယ်လို့လည်း ဆိုပါတယ်။

“အမျိုးသားညီညွတ်​ရေးအစိုးရအ​နေဖြင့် လက်ရှိရင်ဆိုင်ကြုံ​တွေ့​နေရ​သော ကပ်​ရောဂါ​ဘေးဆိုးကို ​အောင်မြင်စွာ​ကျော်လွှားနိုင်​ရေး ပြည်သူနှင့်အတူ ကြိုးပမ်း​ဆောင်ရွက်​နေသလို ၊တိုင်းရင်းသားညီ​နောင်များနဲ့ ပြည်သူတစ်ရပ်လုံး၏ လိုလား​တောင့်တမှုဖြစ်​သောဖက်ဒရယ် ဒီမိုက​ရေစီပြည်​ထောင်စု ထူ​ထောင်နိုင်​ရေးအတွက် ဆူး​​ညှောင်သဖွယ်ဖြစ်​နေသည့် အကြမ်းဖက်စစ်​ကောင်စီအား အမြစ်ပြတ်​ချေမှုန်နိုင်​ရေးကို မျက်​ခြေမပြတ်ဘဲပြည်သူ့ကာကွယ်​ရေးတပ်များဖွဲ့စည်းပြင်ဆင်ခြင်း ၊တိုင်းရင်းသားညီ​နောင်များနှင့် လက်တွဲလုပ်​ဆောင်ခြင်း ၊နိုင်ငံတကာနှင့်ချိတ်ဆက်​ဆောင်ရွက်ခြင်း ပြုဖွယ်ကိစ္စအဝဝကို စနစ်တကျဖြင့် ၊ပြင်ဆင်စီမံခြင်းတို့ကို အချိန်နှင့်တစ်​ပြေးညီ စီစဥ်​ဆောင်ရွက်လျက်ရှိပါ​ကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။အ​ရေး​တော်ပုံ​အောင်ရမည် ” လို့ ဝန်ကြီးချုပ်က ​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။