Hi, what are you looking for?
စစ်ကိုင်းတိုင်းထဲက မုံရွာ-မန္တလေးလမ်းမကြီးဟာ အာဏာသိမ်းကာလမတိုင်မီတုန်းကတော့ နေ့ရောညပါ လူမပြတ်တဲ့ လမ်းမကြီးတစ်ခုပါ။ တရေးနိုးထသွားတောင် ဘေးအန္တရာယ်မရှိ သွားလမ်းကော လာလမ်းပါ ဖြောင့်ခဲ့တဲ့လမ်း။မန္တလေးနဲ့ မုံရွာ နှစ်မြို့တစ်မြို့ဖြစ်စေခဲ့တဲ့လမ်းမကြီးပါ။ အခုတော့ မုံရွာ-မန္တလေးလမ်းမကြီးဟာ အဲဒီအခြေအနေတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားစေခဲ့ပါပြီ။
ဇန်နဝါရီ-၁၃၊၂၀၂၆။မိုမို၊ရွှေပြည်စိုး/People’s Spring မင်းတုန်းမြို့ပေါ်မှာ စစ်တပ်ရွေးကောက်ပွဲ အပိုင်း (၂) အတွက် စစ်တပ်က အင်အားအများအပြားဖြည့်တင်းပြီး အတင်းအကျပ် ပြုလုပ်ခဲ့ပြီးနောက် မနေ့က (ဇန်နဝါရီ ၁၂ ရက်)က မဲပုံးတွေကို သရက်မြို့ကို ပို့ဖို့အတွက် စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။ အင်အား ၂၅၀ပါတဲ့စစ်တပ်စစ်ကြောင်းနဲ့ မင်းတုန်း –...