Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒူဘိုင်းဆီ တိုက်ရိုက် ပျံသန်းပြေးဆွဲမှုတွေကို စင်ကာပူ လေကြောင်းလိုင်း ၂ လကြာ ရပ်နား

အရှေ့အလယ်ပိုင်း ဒေသရဲ့ လုံခြုံရေး အခြေအနေတွေကြောင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံ၊ ဒူဘိုင်းမြို့ဆီ တိုက်ရိုက်ပျံသန်း ပြေးဆွဲတဲ့ ခရီးစဉ်တွေကို နှစ်လကြာ ရပ်နားထားမယ်လို့ စင်ကာပူ လေကြောင်းလိုင်း (SIA)က ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အရှေ့အလယ်ပိုင်း ဒေသရဲ့ လုံခြုံရေး အခြေအနေတွေကြောင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံ၊ ဒူဘိုင်းမြို့ဆီ တိုက်ရိုက်ပျံသန်း ပြေးဆွဲတဲ့ ခရီးစဉ်တွေကို နှစ်လကြာ ရပ်နားထားမယ်လို့ စင်ကာပူ လေကြောင်းလိုင်း (SIA)က ကြေညာခဲ့ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ လေကြောင်းလိုင်းဟာ စင်ကာပူ-ဒူဘိုင်း၊ ဒူဘိုင်း-စင်ကာပူ ခရီးစဉ်တွေဖြစ်တဲ့ SQ494နဲ့ SQ495တို့ကို ဒီဇင်ဘာ ၁ ရက်နေ့ထိ ရပ်ဆိုင်းထားမယ်လို့ ပါရှိခဲ့ပါတယ်။

အခြေအနေ အရပ်ရပ်ကို ဆင်ခြင်သုံးသပ်နေဆဲဖြစ်ပြီး အရှေ့အလယ်ပိုင်း ဒေသဆီ ပျံသန်းတဲ့ တခြား SIA ခရီးစဉ်တွေ အပေါ်မှာလည်း သက်ရောက်မှု ရှိနိုင်တယ်လို့ လေကြောင်းလိုင်းက ကြေညာပါတယ်။

လက်မှတ်ကြိုဝယ်ထားတဲ့ ခရီးသည်တွေ အတွက်လည်း လက်မှတ်ဖိုးကို အပြည့်အဝ ငွေပြန်အမ်းမယ်လို့ SIAက အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

SIA လက်အောက်ခံ ဘတ်ဂျတ်လေကြောင်းလိုင်းဖြစ်တဲ့ Scootကလည်း ဆော်ဒီအာရေးဘီးယားရဲ့မြို့တော် ဂျက်ဒါးဆီ အသွားအပြန် ပျံသန်းပြေးဆွဲမှုကို ဒီဇင်ဘာ ၂ ရက်နေ့ထိ ရပ်နားထားမယ်လို့ စက်တင်ဘာ ၃၀ ရက်နေ့မှာ သီးခြား ကြေညာထားခဲ့ပါသေးတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ကတုန်းက ယူအေအီး လေကြောင်းလိုင်း Flydubaiရဲ့ ခရီးသည်တင် လေယာဉ်တစ်စီးကို တွဲဖက် လေယာဉ်မှူးက အနုကြမ်းစီးဖို့ အားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ SIAနဲ့ Scootရဲ့ ကြေညာချက်တွေဟာ အဲဒီဖြစ်စဉ်နဲ့ တိုက်ရိုက် ဆက်စပ်မှု မရှိဘူးလို့လည်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းလိုင်းရဲ့ ပေါ့လျော့မှုကြောင့် သူ့အသံအိုးကို ထိခိုက်တဲ့ ဒဏ်ရာ ရရှိစေခဲ့ကြောင်း ထိုင်း Pop ဂီတ အဆိုတော်ဟောင်း တစ်ဦးက စွပ်စွဲပြီး စင်ကာပူ လေကြောင်းလိုင်းကို တရားစွဲဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ရေနံအပြည့် သယ်ဆောင်ထားတဲ့ ရေနံတင် သင်္ဘောတစ်စီးကို အီရန်က တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောကိုယ်ထည် ပျက်စီးပြီး မီးလောင်မှုတွေ ဖြစ်ခဲ့ကြောင်း ကူဝိတ် အစိုးရပိုင် KUNA သတင်းဌာနက ပြောပါတယ်။

မေးမြန်းခန်း

အ​မေရီကန်နဲ့ အစ္စ​က အီရန် နဲ့စစ်ဖြစ်​နေတာမှာ အ​ရှေ့အလယ်ပိုင်း​ရောက်မြန်မာ​တွေအ​ပေါ် ဘယ်လိုသက်​ရောက်​နေလဲသိနိုင်ဖို့ ယူ​အေအီးနိုင်ငံ ၊ဒူဘိုင်းမြို့မှာအလုပ်လုပ်​နေတဲ့ ကိုမိုက်ကယ်ကို မတ်လ ၂ ရက်နဲ့ မတ်လ ၃ ရက်မှာဆက်သွယ်​မေး​မြန်းထားပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ တိုက်ခိုက်မှုတွေ ကြုံလာတဲ့နောက် အရှေ့အလယ်ပိုင်း ဒေသရဲ့ ဇိမ်ခံမြို့တော်ကြီး ဒူဘိုင်းကနေ သူဌေးသူကြွယ်တွေ အလုအယက် ထွက်ပြေး တိမ်းရှောင်ကုန်ပြီး လေယာဉ် စင်းလုံးငှား စျေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။