သတင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့သည့် AAတပ်ဖွဲ့ဝင် ၆ဦး၏ဓာတ်ပုံများ ထုတ်ပြန် ရခိုင်ပြည်နယ်အတွင်း AAနှင့် စစ်ကောင်စီတပ်ကြား စစ်ရေးတင်းမာနေချိန်တွင် ကရင်ပြည်နယ် KNU တပ်မဟာ(၅)နယ်မြေရှိ AAတပ်စခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 5, 2022
သတင်း မင်းကင်းမြို့နယ်တိုက်ပွဲ စစ်အုပ်စုဘက်မှ ငါးဦးသေ၊ PDF ရဲဘော်တစ်ဦးကျဆုံး ယနေ့(ဇူလိုင်လ ၁ရက်) မင်းကင်းမြို့နယ် တောင်လက်ဒေသ၌ အကြမ်းဖက်စစ်ကောင်စီတပ်ပါဝင်သော ပျူစောထီးပူးပေါင်းအဖွဲ့နှင့် MKPDF-2 တို့ ထိတွေ့မှုဖြစ်ပွားခဲ့ရာ PDF တပ်သားတစ်ဦးကျဆုံးပြီး စစ်အုပ်စုဘက်က ငါးဦးမိုင်းထိသေဆုံးသွားကြောင်း ထပ်မံအသိပေးသည်။ LuduNwayOoဇူလိုင် 1, 2022
သတင်း မင်းတပ်တိုက်ပွဲ CDF ရဲဘော်နှစ်ဦး ထပ်မံကျဆုံး မင်းတပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှလည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟုဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်၍ ယမန်နေ့က ကလေးငယ် တစ်ဦး အသက်ဆုံးရှုံးခဲ့သည်။ LuduNwayOoဇွန် 30, 2022
သတင်း စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေထဲမှာကျဆုံးသွားရသူ ၉၅ ဦးထိရှိပြီ စစ်အုပ်စုဟာ ဖမ်းဆီးခံရသူတွေကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်တာမလုပ်ခင် လက်စားချေလိုမှု ၊သတင်းအချက်အလက်ရယူလိုမှု စတဲ့အကြောင်းရင်းတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုကို လုပ်ရိုးလုပ်စဉ်အလေ့အထအဖြစ်လုပ်ကိုင်နေကြတယ်လို့လည်း AAPPက ဆိုပါတယ်။ LuduNwayOoဇွန် 26, 2022
သတင်း ပွင့်ဖြူတွင်ကျဆုံးရဲဘော်များအတွက်လက်တုံ့ပြန်သောစွန်ရဲစစ်ဆင်ရေး စစ်သားနှင့်ပျူ ၂၅ ဦးသေဟုတမူး PDF ပြော တိုက်ပွဲတွင်ပြင်းထန်ပြီး စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၂၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး ဗန်မော်ကျေးရွာဘက်ကို ဆုတ်ခွာသွားသည်။ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ရဲဘော် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။ LuduNwayOoဇွန် 23, 2022
သတင်း ပွင့်ဖြူ မဲဇလီတံတားတိုက်ပွဲ ကျဆုံးခဲ့သည့် ရဲဘော်များ သရက်-ကံမ PDF တပ်ဖွဲ့ဝင်များဖြစ်ကြောင်း အသိပေး၊ တိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှလည်းသေဆုံးမှုရှိ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူ မြို့နယ်အတွင်း ပုသိမ်-မုံရွာ လမ်းမကြီးပေါ်ရှိ မဲဇလီတံတားအနီး၌ ယနေ့ ဇွန်လ ၂၂ရက် နံနက်ပိုင်းတွင် သရက်-ကံမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် အနီးကပ်ပစ်ခတ်မှု တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoဇွန် 22, 2022
သတင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၁၄ ဦးဖမ်းခံထားရပြီး ၁ ဦး စစ်ကောင်စီလက်ချက်နဲ့ကျဆုံးခဲ့ရ ဖမ်းဆီးခံရပြီးနောက်အခြေအနေ မှာ ထောင်ချခံထားရသူ ၈ ဦး ၊ အင်းစိန်ထောင်ကိုရောက်ပြီး ထောင်တွင်းတရားရုံးမှာ တရားရင်ဆိုင်နေရသူ ၃ ဦး ၊ သတင်းမရသူ ၂ ဦး ၊ စစ်ကြောရေး ရောက်နေသူ ၁ ဦးတို့ဖြစ်တယ်လို့သိရပါတယ်။ LuduNwayOoဇွန် 22, 2022
သတင်း လက်နက်သယ်လာသည့် PDF တပ်ဖွဲ့ ပွင့်ဖြူမြို့နယ်၌ တိုက်ခိုက်ခံရပြီး ၁၂ဦးကျဆုံး အဆိုပါ တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် PDF ရဲဘော် ၁၄ဦး လွတ်မြောက်ခဲ့ကြောင်း၊ လက်နက် ၃၀ ခန့်အနက် ၆လက် ပြန်လည်ရရှိခဲ့ပြီး ၂၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း ၎င်းက ဆိုသည်။ LuduNwayOoဇွန် 22, 2022
သတင်း မုံရွာခရိုင်စီမံကောင်စီအဖွဲ့ဝင်အား ရှင်းလင်းပြီးအပြန် ပစ်ခတ်မှုတွင် ဗိုလ်လရောင်ကျဆုံးခဲ့ရဟု ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) အသိပေး ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ ဗိုလ်လရောင် ကျည်ဆံထိမှန် ကျဆုံးခဲ့ရပြီး ပစ္စတိုနှစ်လက်နှင့် ကျည်အချို့ အပါအဝင် ဆိုင်ကယ်(CZI)တစ်စီး ဆုံးရှုံးခဲ့ရသည်ဟု ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)က ဆိုသည်။ LuduNwayOoဇွန် 22, 2022
သတင်း စဥ့်ကူးမြို့နယ်တွင် စစ်ရေးတိုက်ခိုက်မှုပြုလုပ်ရန်အသွား သတင်းပေါက်ကြားပြီး PDF ရဲဘော်ခြောက်ဦး ကျဆုံး ထို့အပြင် သပိတ်ကျင်းမြို့နယ်တော်လှန်ရေးတပ်ဖွဲ့ (TR)မှ အသိပေးထုတ်ပြန်ရာတွင်လည်း ကျဆုံးရဲဘော်များ၏ ဖုန်းများမှတဆင့် ခြေရာခံကာ အခြားတော်လှန် ရေးရဲဘော်များကိုလည်း စစ်ကောင်စီတပ်က ရှာဖွေနေကြောင်း ဖော်ပြသည်။ LuduNwayOoဇွန် 21, 2022