Connect with us

Hi, what are you looking for?

သတင်း

မုံရွာခရိုင်စီမံကောင်စီအဖွဲ့ဝင်အား ရှင်းလင်းပြီးအပြန် ပစ်ခတ်မှုတွင် ဗိုလ်လရောင်ကျဆုံးခဲ့ရဟု ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) အသိပေး

ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ ဗိုလ်လရောင် ကျည်ဆံထိမှန် ကျဆုံးခဲ့ရပြီး ပစ္စတိုနှစ်လက်နှင့် ကျည်အချို့ အပါအဝင် ဆိုင်ကယ်(CZI)တစ်စီး ဆုံးရှုံးခဲ့ရသည်ဟု ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)က ဆိုသည်။

မုံရွာခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အား ရှင်းလင်းပြီးအပြန်တွင် ပစ်ခတ်မှုထပ်မံဖြစ်ပွား၍ အဖွဲ့ဝင် ဗိုလ်လရောင်ကျဆုံးခဲ့ကြောင်း မကွေးတိုင်းအခြေစိုက် ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၉ ရက်နံနက်၇နာရီခန့်က ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)၏ ဗိုလ်လရောင် ဦးဆောင်သောအဖွဲ့သည် စစ်ကိုင်းတိုင်း မုံရွာမြို့ ၊ ကျောက္ကာလမ်းရှိ ရွှေအိမ်နန်းတည်းခိုခန်းအနီးတွင် စစ်ကောင်စီခန့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် သန်းဇော်ထွန်းဆိုသူအား ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)က အသိပေးသည်။

မုံရွာခရိုင်စီမံကောင်စီအဖွဲ့ဝင်အား ရှင်းလင်းပြီးအပြန် ပစ်ခတ်မှုတွင် ဗိုလ်လရောင်ကျဆုံးခဲ့ရဟု ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) အသိပေး
မုံရွာခရိုင်စီမံကောင်စီအဖွဲ့ဝင်အား ရှင်းလင်းပြီးအပြန် ပစ်ခတ်မှုတွင် ဗိုလ်လရောင်ကျဆုံးခဲ့ရဟု ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) အသိပေး

၎င်း သန်းဇော်ထွန်းအား ပစ်ခတ်ရှင်းလင်းပြီး ပြန်လည်ဆုတ်ခွာလာသော ရဲဘော်များသည် နံနက် ၈နာရီခန့်တွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက် ဗန္ဓုလလမ်း ရေကူးကန်အနီးတွင် စစ်ကောင် စီတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲနှစ်ဦး၊ စုစုပေါင်း ရဲသုံးဦးခန့်သေဆုံးခဲ့သည်ဟု ဆိုသည်။

ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ ဗိုလ်လရောင် ကျည်ဆံထိမှန် ကျဆုံးခဲ့ရပြီး ပစ္စတိုနှစ်လက်နှင့် ကျည်အချို့ အပါအဝင် ဆိုင်ကယ်(CZI)တစ်စီး ဆုံးရှုံးခဲ့ရသည်ဟု ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)က ဆိုသည်။

Public Service Announcement

Public Service Announcement

ကျဆုံးသွားသော ဗိုလ်လရောင်အား အလေးနီပြုဂုဏ်ပြုရင်း မပြီးပြတ်သေးသော တော်လှန်ရေးလုပ်ငန်းများကို ပြီးဆုံးသည်ထိ ကျွန်ုပ်တို့ ဆက်လက်တိုက် ပွဲဝင်သွားပါမည်ဟု ကတိသစ္စာပြုကြောင်း၊ အခြေအနေအကြောင်းကြောင်းကြောင့် သတင်းထုတ်ပြန်ခြင်းနောက်ကျရခြင်းဖြစ်ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)က အသိပေးသည်။

စီမံကောင်စီရှင်းလင်းခံရခြင်းနှင့်ပတ်သက်၍ မုံရွာမြို့မှရှေ့နေတစ်ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။