Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြူတွင်ကျဆုံးရဲ​​ဘော်များအတွက်လက်တုံ့ပြန်​သောစွန်ရဲစစ်ဆင်​ရေး စစ်သားနှင့်ပျူ ၂၅ ဦး​သေဟုတမူး PDF ​ပြော

တိုက်ပွဲတွင်ပြင်းထန်ပြီး စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၂၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး ဗန်မော်ကျေးရွာဘက်ကို ဆုတ်ခွာသွားသည်။ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ရဲဘော် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။

စွန်ရဲစစ်ဆင်​ရေး
စွန်ရဲစစ်ဆင်​ရေး

ပွင့်ဖြူတွင်ကျဆုံးခဲ့သည့် ရဲဘော်များအတွက်လက်စားချေလို၍ စွန်ရဲစစ်ဆင်ရေးအမည်ဖြင့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို တမူးမြို့၊ ပန်သာရွာတွင်ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၂၅ ဦးသေဆုံးပြီး အများပြား ဒဏ်ရာရရှိသွားသည်ဟု PDF(တမူး) တပ်ရင်း- ၃က ထုတ်ပြန်လိုက်သည်။

တမူးမြို့ပန်းသာကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို တမူးမြို့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၄ ရင်းနှင့် Special Task Forceတို့က ဇွန် ၂၂ရက်တွင် ဗျူဟာကျကျ တိုက်ခိုက်ခဲ့၍စစ်​ကောင်စီတပ်နှင့်ပျူများအထိ့နာခဲ့ခြင်းဖြစ်သည်။

စွန်ရဲစစ်ဆင်​ရေး
စွန်ရဲစစ်ဆင်​ရေး

တမူးမြို့ PDF တပ်ရင်း သုံးခုနှင့် Special Task Forceတို့က တမူးမြို့၊ ပန်းသာကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို ဇွန် ၂၂ ရက် မနက် ၁၀နာရီခွဲမှစ၍ ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်​သည်။ တိုက်ပွဲမှာပြင်းထန်ပြီး ၆ နာရီကြာခဲ့ကာ ညနေ ၄နာရီခွဲခန့်တွင်မှ ပြီးဆုံးခဲ့သည်ဟု​ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ထိုတိုက်ပွဲတွင် PDF(တမူး) တပ်ရင်း ၁၊ ၂ ၊ ၃ တို့နှင့် Special Task Forceတို့ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး PDF(တမူး) တပ်ရင်း ၄ က ဖြတ်တောက်ရေးတာဝန်ယူခဲ့သည်။

Public Service Announcement

Public Service Announcement

စွန်ရဲစစ်ဆင်​ရေး
စွန်ရဲစစ်ဆင်​ရေး

တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီတပ်များက စစ်ကားနှစ်စီးဖြင့် စစ်ကူပေးရန် တက်လာခဲ့သေးသည်ဟုလည်းပါရှိသည်။ ပျူစောထီးများကလည်း ရွာအတွင်းရှိ နှစ်ထပ်အိမ်များအောက်ထပ်တွင် ကြိုတင်စီစဉ်ထားသည့် ကတုတ်ကျင်းများနှင့် အပေါ်ထပ် ဘန်ကာများအတွင်းမှ ခြေကုတ်ယူကာ PDF များကိုပြန်လည် ခုခံတိုက်ခဲ့သည်။

တိုက်ပွဲတွင်ပြင်းထန်ပြီး စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၂၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး ဗန်မော်ကျေးရွာဘက်ကို ဆုတ်ခွာသွားသည်။ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ရဲဘော် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။

စွန်ရဲစစ်ဆင်​ရေး
စွန်ရဲစစ်ဆင်​ရေး

စစ်​ကောင်စီတပ်နှင့်ပျူများ​သေဆုံးမှုအ​ရေအတွက်ကို People’s Spring က သီးခြားအတည်မပြုနိုင်​သေးပါ။ တမူးPDF ကိုအ​သေးစိပ်​မေးမြန်ရန် ဆက်သွယ်​နိုင်ရန်ကြိုးစား​နေပါသည်။

ယမန်နှစ်ကပန်းသာရွာတွင်ပျူစောထီးများက ပစ်ခတ်၍ကျဆုံးခဲ့သော ရဲဘော်စွန်ရဲ အမည်အား ဂုဏ်ပြုခြင်းနှင့် ပွင့်ဖြူတွင် ကျဆုံးခဲ့သည် ညီနောက်ရဲဘော်များအတွက် လက်စားချေခြင်းဖြစ်သည်ဟု PDF(တမူး)က အသိ​ပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်