Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၁၄ ဦးဖမ်းခံထားရပြီး ၁ ဦး စစ်ကောင်စီလက်ချက်နဲ့ကျဆုံးခဲ့ရ

ဖမ်းဆီးခံရပြီးနောက်အခြေအနေ မှာ ထောင်ချခံထားရသူ ၈ ဦး ၊ အင်းစိန်ထောင်ကိုရောက်ပြီး ထောင်တွင်းတရားရုံးမှာ တရားရင်ဆိုင်နေရသူ ၃ ဦး ၊ သတင်းမရသူ ၂ ဦး ၊ စစ်ကြောရေး ရောက်နေသူ ၁ ဦးတို့ဖြစ်တယ်လို့သိရပါတယ်။

ဇွန်လ ၁၅ ရက်ညပိုင်းက ဖမ်းခံရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသူတစ်ဦး
ဇွန်လ ၁၅ ရက်ညပိုင်းက ဖမ်းခံရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသူတစ်ဦး

စစ်တပ်အာဏာသိမ်းပြီးနောက် ၁၅ လတာကာလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးတာကိုခံရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား၊ကျောင်းသူ ၁၄ ဦးရှိပြီး ကျဆုံးသူ ၁ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ဒီစာရင်းကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်တာပါ။

ဖမ်းဆီးခံရပြီးနောက်အခြေအနေ မှာ ထောင်ချခံထားရသူ ၈ ဦး ၊ အင်းစိန်ထောင်ကိုရောက်ပြီး ထောင်တွင်းတရားရုံးမှာ တရားရင်ဆိုင်နေရသူ ၃ ဦး ၊ သတင်းမရသူ ၂ ဦး ၊ စစ်ကြောရေး ရောက်နေသူ ၁ ဦးတို့ဖြစ်တယ်လို့သိရပါတယ်။

ကျဆုံးသွားတဲ့ကျောင်းသူကတော့ ရူပဗေဒဌာနမှ နောက်ဆုံးနှစ်ကျောင်းသူဖြစ်ကာ ရန်ကုန်မှာ စစ်ကောင်စီရဲ့ ခါးပိုက်ဆောင် သွေးသောက်အဖွဲ့က လုပ်ကြံသတ်ဖြတ်သွားတာလို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့က ကွန်ဒိုတွေမှာနေထိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်က ဆင့်ခေါ်စာတွေ စတင်ပေးပို့နေတယ်လို့ ကွန်ဒိုအခန်းတွေမှာ နေထိုင်သူတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။