Connect with us

Hi, what are you looking for?

သတင်း

စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေထဲမှာကျဆုံးသွားရသူ ၉၅ ဦးထိရှိပြီ

စစ်အုပ်စုဟာ ဖမ်းဆီးခံရသူတွေကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်တာမလုပ်ခင် လက်စားချေလိုမှု ၊သတင်းအချက်အလက်ရယူလိုမှု စတဲ့အကြောင်းရင်းတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုကို လုပ်ရိုးလုပ်စဉ်အလေ့အထအဖြစ်လုပ်ကိုင်နေကြတယ်လို့လည်း AAPPက ဆိုပါတယ်။

နွေဦးတော်လှန်ရေးအတွင်း စစ်အာဏာရှင်ဆန့်ကျင်သူတွေကို အင်းစိန်ထောင် တရားစခန်းလို့ခေါ်ဝေါ်တဲ့အဆောင်မှာ ဖမ်းဆီးထားပုံ (ဓာတ်ပုံ − ရိုက်တာ)
နွေဦးတော်လှန်ရေးအတွင်း စစ်အာဏာရှင်ဆန့်ကျင်သူတွေကို အင်းစိန်ထောင် တရားစခန်းလို့ခေါ်ဝေါ်တဲ့အဆောင်မှာ ဖမ်းဆီးထားပုံ (ဓာတ်ပုံ − ရိုက်တာ)

နိုင်ငံရေးအရ ဖမ်းဆီးခံရသူတိုင်း ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက် ခံထားရ

အာဏာသိမ်းပြီးနောက် ဒီနေ့အချိန်ထိ စစ်ကောင်စီရဲ့ စစ်ကြောရေးနဲ့အကျဉ်းထောင်တွေထဲမှာ ကျဆုံးသွားသူ နိုင်ငံရေးတက်ကြွသူတွေနဲ့ စစ်အာဏာသိမ်းဆန့်ကျင်သူ စုစုပေါင်း ၉၅ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့မှာကျရောက်တဲ့ “ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့” မှာ ထုတ်ပြန်လာတာပါ။

စစ်အုပ်စုဟာ ထင်ရှားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုပဲ ညှင်းပန်းနှိပ်စက်မှု လုပ်ရုံတင်မက နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရပ်သားတွေအားလုံးကို တရား လက်လွတ် ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ဖို့ မူဝါဒချထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နိုင်ငံရေးအရ ဖမ်းဆီးခံရသူတိုင်း ဟာ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက် ခံထားရပြီးပြီဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်အာဏာလုမှု စတင်ချိန်မှ ယနေ့အထိ နိုင်ငံရေးအရ ဖမ်းဆီးခံရသူတိုင်းတွင် ရုပ်ပိုင်း ဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအရ ညှဉ်းပန်းနှိပ်စက်ခြင်းခံရပြီး ဖြစ်သည်။

လူတစ်ယောက်ရဲ့ အသက်ကို ငဲ့ညှာတာမရှိဘဲ သေနတ် ၊တုတ် ၊ဓား၊ပလာယာတွေကို လက်လွတ်စပယ်အသုံးပြုပြီး လူထုကို အကြောက်တရားလွှမ်းမိုးတဲ့ ပတ်ဝန်းကျင်တစ်ခု ကို စစ်အုပ်စုဟာပုံဖော်နေတယ်လို့သိရပါတယ်။

မျက်ကွယ်ရာမှာသတ်ဖြတ်တာ ၊အလောင်းကို မိသားစုထံမပြန်မပေးဘဲ သင်္ဂြိုဟ်တာ ၊ ပုံစံထိုင်ခိုင်းတာ ၊ ခြိမ်းခြောက်တာ ၊ အစာရေစာ ရက်ရှည်ဖြတ်တောက်တာ ၊ အိမ်သာသုံးရေကိုသောက်သုံးစေတာ စတဲ့ ညှင်းပန်းနှိပ်စက်မှု ပုံစံတွေကို စစ်အုပ်စုက စနစ်တကျ တည်ဆောက်ထားတယ်လို့လည်း AAPPက ပြောပါတယ်။

လက်ရှိအချိန်ထိ စစ်အုပ်စုရဲ့လက်ချက်နဲ့ နိုင်ငံတဝှမ်း ကျဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေနဲ့အရပ်သားဦးရေဟာ ၂၀၂၁ ဦးရှိပြီလို့ AAPP စာရင်းကဖော်ပြပါတယ်။

စစ်အုပ်စုဟာ ဖမ်းဆီးခံရသူတွေကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်တာမလုပ်ခင် လက်စားချေလိုမှု ၊သတင်းအချက်အလက်ရယူလိုမှု စတဲ့အကြောင်းရင်းတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုကို လုပ်ရိုးလုပ်စဉ်အလေ့အထအဖြစ်လုပ်ကိုင်နေကြတယ်လို့လည်း AAPPက ဆိုပါတယ်။

ဒီနေ့ဟာ ညှဉ်းပန်းနှိပ်စက်မှု ၊လူမဆန်စွာ ရက်စက်မှု ၊ လူ့ဂုဏ်သိက္ခာနဲ့ မလျော်ညီစွာ ပြုကျင့်ခံရမှု ဒါမှမဟုတ် မလျော်ညီစွာ ပြစ်ဒဏ်ပေးမှုတွေကိုဆန့်ကျင်တဲ့ ကုလသမဂ္ဂသဘောတူစာချုပ် အသက်ဝင်လာတဲ့ နေ့လည်းဖြစ်သလို အခြေခံလူ့အခွင့်အရေးကို အကာကွယ်ပေးဖို့ နိုင်ငံတကာ ဥပဒေတစ်ရပ် ပေါ်ထွက်လာခဲ့တယ်လို့သိရပါတယ်။

ဒါပေမယ့် အဲဒီ နိုင်ငံတကာသဘောတူစာချုပ်ဟာ မြန်မာနိုင်ငံမှ ပြည်သူတွေကို အကာအကွယ်မပေးနိုင်ဘူးလို့ AAPPက ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်ကနေ နေအိမ်ကို ပြန်လည်ရောက်ရှိပြီလို့ စာရေးဆရာ ဦးထင်လင်းဦးက သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးပါတယ်။