Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေထဲမှာကျဆုံးသွားရသူ ၉၅ ဦးထိရှိပြီ

စစ်အုပ်စုဟာ ဖမ်းဆီးခံရသူတွေကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်တာမလုပ်ခင် လက်စားချေလိုမှု ၊သတင်းအချက်အလက်ရယူလိုမှု စတဲ့အကြောင်းရင်းတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုကို လုပ်ရိုးလုပ်စဉ်အလေ့အထအဖြစ်လုပ်ကိုင်နေကြတယ်လို့လည်း AAPPက ဆိုပါတယ်။

နွေဦးတော်လှန်ရေးအတွင်း စစ်အာဏာရှင်ဆန့်ကျင်သူတွေကို အင်းစိန်ထောင် တရားစခန်းလို့ခေါ်ဝေါ်တဲ့အဆောင်မှာ ဖမ်းဆီးထားပုံ (ဓာတ်ပုံ − ရိုက်တာ)
နွေဦးတော်လှန်ရေးအတွင်း စစ်အာဏာရှင်ဆန့်ကျင်သူတွေကို အင်းစိန်ထောင် တရားစခန်းလို့ခေါ်ဝေါ်တဲ့အဆောင်မှာ ဖမ်းဆီးထားပုံ (ဓာတ်ပုံ − ရိုက်တာ)

နိုင်ငံရေးအရ ဖမ်းဆီးခံရသူတိုင်း ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက် ခံထားရ

အာဏာသိမ်းပြီးနောက် ဒီနေ့အချိန်ထိ စစ်ကောင်စီရဲ့ စစ်ကြောရေးနဲ့အကျဉ်းထောင်တွေထဲမှာ ကျဆုံးသွားသူ နိုင်ငံရေးတက်ကြွသူတွေနဲ့ စစ်အာဏာသိမ်းဆန့်ကျင်သူ စုစုပေါင်း ၉၅ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့မှာကျရောက်တဲ့ “ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့” မှာ ထုတ်ပြန်လာတာပါ။

စစ်အုပ်စုဟာ ထင်ရှားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုပဲ ညှင်းပန်းနှိပ်စက်မှု လုပ်ရုံတင်မက နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရပ်သားတွေအားလုံးကို တရား လက်လွတ် ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ဖို့ မူဝါဒချထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နိုင်ငံရေးအရ ဖမ်းဆီးခံရသူတိုင်း ဟာ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက် ခံထားရပြီးပြီဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်အာဏာလုမှု စတင်ချိန်မှ ယနေ့အထိ နိုင်ငံရေးအရ ဖမ်းဆီးခံရသူတိုင်းတွင် ရုပ်ပိုင်း ဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအရ ညှဉ်းပန်းနှိပ်စက်ခြင်းခံရပြီး ဖြစ်သည်။

လူတစ်ယောက်ရဲ့ အသက်ကို ငဲ့ညှာတာမရှိဘဲ သေနတ် ၊တုတ် ၊ဓား၊ပလာယာတွေကို လက်လွတ်စပယ်အသုံးပြုပြီး လူထုကို အကြောက်တရားလွှမ်းမိုးတဲ့ ပတ်ဝန်းကျင်တစ်ခု ကို စစ်အုပ်စုဟာပုံဖော်နေတယ်လို့သိရပါတယ်။

မျက်ကွယ်ရာမှာသတ်ဖြတ်တာ ၊အလောင်းကို မိသားစုထံမပြန်မပေးဘဲ သင်္ဂြိုဟ်တာ ၊ ပုံစံထိုင်ခိုင်းတာ ၊ ခြိမ်းခြောက်တာ ၊ အစာရေစာ ရက်ရှည်ဖြတ်တောက်တာ ၊ အိမ်သာသုံးရေကိုသောက်သုံးစေတာ စတဲ့ ညှင်းပန်းနှိပ်စက်မှု ပုံစံတွေကို စစ်အုပ်စုက စနစ်တကျ တည်ဆောက်ထားတယ်လို့လည်း AAPPက ပြောပါတယ်။

လက်ရှိအချိန်ထိ စစ်အုပ်စုရဲ့လက်ချက်နဲ့ နိုင်ငံတဝှမ်း ကျဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေနဲ့အရပ်သားဦးရေဟာ ၂၀၂၁ ဦးရှိပြီလို့ AAPP စာရင်းကဖော်ပြပါတယ်။

စစ်အုပ်စုဟာ ဖမ်းဆီးခံရသူတွေကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်တာမလုပ်ခင် လက်စားချေလိုမှု ၊သတင်းအချက်အလက်ရယူလိုမှု စတဲ့အကြောင်းရင်းတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုကို လုပ်ရိုးလုပ်စဉ်အလေ့အထအဖြစ်လုပ်ကိုင်နေကြတယ်လို့လည်း AAPPက ဆိုပါတယ်။

ဒီနေ့ဟာ ညှဉ်းပန်းနှိပ်စက်မှု ၊လူမဆန်စွာ ရက်စက်မှု ၊ လူ့ဂုဏ်သိက္ခာနဲ့ မလျော်ညီစွာ ပြုကျင့်ခံရမှု ဒါမှမဟုတ် မလျော်ညီစွာ ပြစ်ဒဏ်ပေးမှုတွေကိုဆန့်ကျင်တဲ့ ကုလသမဂ္ဂသဘောတူစာချုပ် အသက်ဝင်လာတဲ့ နေ့လည်းဖြစ်သလို အခြေခံလူ့အခွင့်အရေးကို အကာကွယ်ပေးဖို့ နိုင်ငံတကာ ဥပဒေတစ်ရပ် ပေါ်ထွက်လာခဲ့တယ်လို့သိရပါတယ်။

ဒါပေမယ့် အဲဒီ နိုင်ငံတကာသဘောတူစာချုပ်ဟာ မြန်မာနိုင်ငံမှ ပြည်သူတွေကို အကာအကွယ်မပေးနိုင်ဘူးလို့ AAPPက ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

KPPAနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက်(PPNM)၏ ပူးတွဲ ကြေညာချက်အရ အထက်ပါ ရာဇဝတ်အကျဥ်းသား နှင့် နိုင်ငံရေးအကျဥ်းသားတို့သည် ယခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်မြောက်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

KNLA တပ်မဟာ(၅)နှင့် စစ်ကောင်စီအကြား နိုဝင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှု အနှစ်ချုပ်ကို ယနေ့ (ဒီဇင်ဘာ ၃ရက်) ညပိုင်း၌ အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။