Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့သည့် AAတပ်ဖွဲ့ဝင် ၆ဦး၏ဓာတ်ပုံများ ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း AAနှင့် စစ်ကောင်စီတပ်ကြား စစ်ရေးတင်းမာနေချိန်တွင် ကရင်ပြည်နယ် KNU တပ်မဟာ(၅)နယ်မြေရှိ AAတပ်စခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်။

AA ထုတ်ပြန်
AA ထုတ်ပြန်

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင် ၆ဦး၏ ဓာတ်ပုံများကို AAက ယနေ့ ထုတ်ပြန်ခဲ့သည်။

ယမန်နေ့ (ဇူလိုင် ၄ရက်)နေ့လည်ပိုင်းက မြန်မာ- ထိုင်းနယ်စပ်အနီး ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅) နယ်မြေရှိ AAတပ်စခန်းကို စစ်ကောင်စီက တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ AA တပ်ဖွဲ့ဝင်များ ကျဆုံးထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံ၊ဆေးခန်းအပါအဝင်အဆောက်အဦးအချို့ ပျက်စီးခဲ့သည်ဟု ဆိုသည်။

ကျဆုံးရဲဘော်များမှာ ရသေ့တောင်မြို့နယ်မှ တပ်သားကျော်ဦးလှိုင်၊ တပ်သားနေဇော်ဦး၊ ပုဏ္ဍားကျွန်းမြို့နယ်မှ တပ်သား ကျော်ဆန်းဌေး၊ ပလက်၀မြို့နယ်မှ တပ်သား ထွန်းထွန်းလင်း၊ ကျောက်တော်မြို့နယ်မှ တပ်သားဘိုသန်းကျော်၊ မြေပုံမြို့နယ်မှ တပ်သားဇာနည်ဝင်းတို့ ဖြစ်သည်ဟု AAက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်အနေဖြင့် AA တပ်စခန်းကို ရည်ရွယ်ချက်ရှိရှိ လာရောက်တိုက်ခိုက်သည်ဟု ကောက်ချက်ချ၍ ရကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ရခိုင်သတင်းဌာန Narinjara သို့ ဖြေကြားထားသည်။

Public Service Announcement

Public Service Announcement

“ဘာဖြစ်လို့ဆိုလို့ရှိရင် အဲဒီနေရာက တိုက်ပွဲဖြစ်တဲ့နေရာနဲ့လည်း အဝေးကြီးလေ။ ဆိုတော့ တစ်စုံတစ်ရာ ရည်ရွယ်ချက်ရှိရှိ လာပြီးဗုံးကြဲတိုက်ခိုက်တယ်လို့ သုံးသပ်လို့ရပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီတပ်က မည်သည့်အတွက်ကြောင့် လာရောက်တိုက်ခိုက်သည်ဆိုခြင်းကို လေ့လာသုံးသပ် စုံစမ်းနေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း AAနှင့် စစ်ကောင်စီတပ်ကြား စစ်ရေးတင်းမာနေချိန်တွင် ကရင်ပြည်နယ် KNU တပ်မဟာ(၅)နယ်မြေရှိ AAတပ်စခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook