Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးတွင် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာ မီးထပ်ရှို့၊ ပစ်ခတ်၍ ပြည်သူတစ်ဦးသေဆုံး

ဇွန်လ၉ရက် ညနေပိုင်းမှစတင်ကာ စစ်ကောင်စီတပ်၏ ညောင်ပင်ကြီးစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့သည်ဟု ဆိုသည်။

(သိမ်တော်ရပ်ကွက် မီးလောင်နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Aung Khant Zaw ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ)
(သိမ်တော်ရပ်ကွက် မီးလောင်နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Aung Khant Zaw ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအနီးရှိ ကျေးရွာများကို ဆက်လက်မီးရှို့နေပြီး ကျေးရွာနှစ်ရွာ မီးထပ်ရှိူ့ခံထားရကာ ၎င်းတို့ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ရကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇွန်လ ၁၄ရက်) နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ် စစ်ကြောင်းက ညောင်ပင်ကြီးကျေးရွာအနီးရှိ သိမ်တော်ရပ်ကွက်(သိမ်တော်ရွာ) မီးရှို့ပြီး ဘေးပတ်ဝန်းကျင် ကျေးရွာများကို (၄၀)မမ၊ (၆၀) မမများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ကျည်ထိမှန်ကာ နေရာမှာပင်သေဆုံးသွားပြီး နှစ်ဦးမှာ တင်ပါးနှင့် လက်မောင်းနေရာများ ကျည်ထိမှန်ဒဏ်ရာရရှိသွားကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း၊ ထို့အပြင် နှင်းတောကျေးရွာမှ ပြည်သူ ရှစ်ဦးခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာကိုလည်းမီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

“စစ်ကောင်စီတပ်တွေက ညောင်ပင်ကြီးက အိမ်တွေမှာ ကင်းပုန်းချထားတယ်။ မီးရှိူ့ခံရတဲ့အိမ်ခြေအရေအတွက်​ကတော့ မသိရသေးဘူး။”ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီမှ ကိုအောင်ခန့်ဇော်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ညနေပိုင်းတွင် ဖလက်မော်တော်တစ်စီး ညောင်ပင်ကြီးဆိပ် ဆိုက်ကပ်လာပြီး စစ်သုံးပစ္စည်းများနှင့် ဖောကားတစ်စီးပါလာကြောင်း သိရသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ်၏ ခြောက်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်၃၀၀ကျော် ပြာကျခဲ့သည်။ ဒေသခံပြည်သူ သုံးဦးသေဆုံးပြီး ပအဖအဖွဲ့ဝင် တစ်ဦးနှင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။ ထို့အပြင် ညောင်ပင်ကြီးစခန်းဝန်းကျင်မှ ကျေးရွာအများအပြားက ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဇွန်လ၉ရက် ညနေပိုင်းမှစတင်ကာ စစ်ကောင်စီတပ်၏ ညောင်ပင်ကြီးစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့သည်ဟု ဆိုသည်။

ညောင်ပင်ကြီးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့် ရဲအပါအဝင် ၁၂ ဦးသေဆုံးကြောင်း၊ MA-13 နှစ်လက်၊ G-3 (BA-63) ​လေးလက်၊ Shotgun တစ်လက်၊ 7.62 ကျည် ၂,၀၄၀ တောင့်၊ 5.56 ကျည်အတောင့် ၅၀ ၊ 9 MM ကျည် ၅၀၀ ၊ (၄၀) မမ ဗုံးသီး ၂၉ လုံး၊လက်ပစ်ဗုံး ၁၃ လုံးနဲ့ ကျပ်သိန်းတစ်ရာကျော် သိမ်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF) မှတာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။