Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က ယနေ့တစ်ရက်တည်း ရေလယ်ကျွန်းဒေသရှိ ကျေးရွာ ၁၃ရွာထက်မနည်း မီးရှို့ဖျက်ဆီး

ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသသည် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရကာ ပြည်သူအများအပြားလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

(ရေလယ်ကျွန်းဒေသရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ - CJ)
(ရေလယ်ကျွန်းဒေသရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ - CJ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၌ စစ်ကောင်စီတပ်က ကျေးလက်ဆေးပေးခန်းအပါအဝင် ယနေ့တစ်ရက်တည်း ကျေးရွာ ၁၃ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

ယမန်နေ့က ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ ရောက်ရှိပြီး ကျေးရွာနှစ်ရွာအား မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ်သည် ယနေ့(မေလ၂၇ ရက်)တွင် ဆင်တဲကျေးရွာမှ နေအိမ် ၂၅လုံးခန့်၊ ကြွယ်ကုန်းရွာမှ နေအိမ် ၈လုံး၊ ဆည်သည့်မြင်ရွာမှ နေအိမ် ၁၈လုံးခန့်၊ မြေစွန်းရွာမှ ၁၅လုံး၊ နွယ်နီကျေးရွာမှ လူနေအိမ် ၂၆လုံးနှင့် ကျေးလက်ဆေးပေးခန်း တစ်ခု၊မိဖုရားကျေးရွာမှ နေအိမ် လေးလုံးနှင့် ပဲမှော်စင်တစ်လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက် ပေါက်အူရွာ၊ မြေတော်ရွာ၊ ပိစပ်ကုန်းရွာ၊ ညောင်မွှေးပင်ရွာနှင့် ကိုင်းရွာတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ရေယှားရွာနှင့် နန်းဦးရွာမှာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများက ပြောသည်။

မီးရှို့ခံရသည့် ကျေးရွာများတွင် စစ်ကောင်စီတပ်ရှိနေဆဲဖြစ်၍ မီးလောင်ပျက်စီးသည့် အိမ်ခြေအရေအတွက်မသိရသေးကြောင်း ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အနောက်ဘက်ကမ်း သင့်သည်ရွာဘက်ကနေလည်း လက်နက်ကြီးတွေနဲ့ ရေလယ်ကျွန်းဘက်သို့ ရမ်းကားပစ်ခတ်ခဲ့သေးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့တွင် ရေလယ်ကျွန်းဒေသကို လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်နေသည့် လေးအိမ်တန်းရွာဘက်မှ စစ်ကောင်စီတပ်ကို ဒေသတွင်းပြည်သူ့ရဲဘော်များက တိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့က ဆိုသည်။

ယမန်နေ့ (မေလ ၂၆ ရက်) နံနက်ပိုင်းက အင်အား ၂၀၀ကျော်ပါ စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ် ပေါက်တောရွာ၊ ချစ်သူရွာနှင့် မန္တလေးတိုင်း မြင်းခြံနယ်နယ်တို့မှ စစ်ကြောင်း ၃ခုဖြင့် ဝင်ရောက်ခဲ့သည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မိဖုရားရွာနေ အသက်(၃၈)နှစ်အရွယ် ဒေါ်ခင်အေးပို သေဆုံးပြီး မဲကုန်းရွာမှ အသက်(၁၂)နှစ်အရွယ် မောင်ညီခန့်ဇင်မှာ ခြေထောက်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ရေလယ်ကျွန်းနယ်ခံများက ပြောသည်။

မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်သည် လှေခုတ်ရွာနှင့် မိဖုရားကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသသည် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရကာ ပြည်သူအများအပြားလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

စစ်ကောင်စီတပ်သည် မေလ ၂၄ ရက်ကလည်း ရေစကြိုမြို့နယ်၊ ပေါက်တောကျေးရွာသို့ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့၍ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက် လားရှိုးမြို့နယ်နမ့်ပေါင်ရွာအနီး နမ္မ ကျောက်မီးသွေးတွင်းကို စစ်ကောင်စီက ယမန်နေ့ တွင် လေကြောင်း တိုက်ခိုက်ခဲ့ရာ အဆောက်အဦး အချို့ ပျက်စီးခဲ့သော်လည်း ပြည်သူ ထိခိုက်မှုမရှိကြောင်းကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။

သတင်း

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု သိသိသာသာတိုးလာကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်သည်။

သတင်း

အဓမ္မစုဆောင်းခံရ၍ အစောင့်စစ်သားနှစ်ဦးသတ်ပြီး KNUတပ်မဟာ(၄)ထံ ခိုလှုံလာသူ လူငယ် ၂၇ဦးအနက် ၂၂ဦးက လက်နက်ကိုင်တိုက်ပွဲပြန်ဝင်မည်

သတင်း

အာဏာသိမ်းကာလ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပျက်စီးမှု တစ်သိန်းကျော်လာကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်သည်။

Facebook