Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်တွင် စစ်တပ်က ကျေးရွာနှစ်ရွာ မီးရှို့ဖျက်ဆီး

ကန့်ဘလူခရိုင်တွင် ပြီးခဲ့သည့် မေလ ၂၀ ရက်ကလည်း ဇီးကုန်းတိုက်နယ်အတွင်းရှိ အိမ်ခြေ ၆၀၀ခန့်ရှိသည့် ဖုတ်ကုန်းကျေးရွာအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး၍ နေအိမ် ၃၅၀ကျော်ခန့် မီးလောင်ပျက်ဆီးခဲ့သေးသည်။

(စစ်ကောင်စီတပ်ရန်ကြောင့် ထန်းကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ဘေးလွတ်ရာထွက်ပြေးပုန်းရှောင်နေကြစဥ်။ ဓာတ်ပုံ - ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)
(စစ်ကောင်စီတပ်ရန်ကြောင့် ထန်းကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ဘေးလွတ်ရာထွက်ပြေးပုန်းရှောင်နေကြစဥ်။ ဓာတ်ပုံ - ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)

▪️နေအိမ် ၅၀ကျော်နှင့် စပါးကျီ ၁၅လုံး မီးလောင်ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်သည် ကျေးရွာနှစ်ရွာအား မီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀ကျော်နှင့် စပါးကျီ ၁၅လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၁၀ ရက် နံနက် ၁၀နာရီခွဲခန့်က ထန်းကုန်းတိုက်နယ်အတွင်းရှိ ဘိုတဲကုန်းကျေးရွာအား စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၁၀၀ခန့်က ပစ်ခတ်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အလုံး ၂၀ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ထို့အပြင် ဇွန်လ ၁၁ ရက်နံနက် ၈ နာရီခွဲခန့်ကလည်း ချပ်သင်းတိုက်နယ်အတွင်းရှိ ပေကုန်းကျေးရွာအား ခမရ (၃၆၁)နှင့် ပျူစောထီး အင်အား ၁၄၀ ခန့်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၃၀ခန့်နှင့် စပါးတိုက် ၁၅ လုံးမီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း အထက်ပါအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“ခမရ (၃၆၁)နဲ့ ပျူတွေ လက်တလော ကန့်ဘလူခရိုင်ထဲရှိတာ။ ထန်းကုန်းကနေထွက်တဲ့ ပျူနဲ့စကစပေါင်းထားတဲ့ စစ်ကြောင်းတစ်ကြောင်းလည်းရှိတော့ စစ်ကြောင်းနှစ်ကြောင်း ရှိနေတယ်။”ဟု ကန့်ဘလူနယ်မြေပြင်သတင်းတာဝန်ခံ ကိုညီက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှစ်ခုကြောင့် ချပ်သင်းတိုက်နယ်အတွင်းရှိ ဇင်းရွာ၊ ဘိုတဲကုန်းရွာများအပါအဝင် ထန်းကုန်းတိုက်နယ်အတွင်းရှိအနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၁၀,၀၀၀ ခန့်မှာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ကန့်ဘလူခရိုင်တွင် ပြီးခဲ့သည့် မေလ ၂၀ ရက်ကလည်း ဇီးကုန်းတိုက်နယ်အတွင်းရှိ အိမ်ခြေ ၆၀၀ခန့်ရှိသည့် ဖုတ်ကုန်းကျေးရွာအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး၍ နေအိမ် ၃၅၀ကျော်ခန့် မီးလောင်ပျက်ဆီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၅ ရွာက နေအိမ်နဲ့ အဆောက်အအုံ ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို