Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းကြောင့် မင်းတပ်ရှိ ကျေးရွာ ၂၄ရွာ ထိခိုက်ပျက်စီး

ယနေ့ (မေလ ၁၉ ရက်)အထိ စာရင်းများအရ နေအိမ် ၆၀၀ နီးပါး၊ အစိုးရအဆောက်အဦးရ၉၄ ခု၊ ဘာသာရေးအဆောက်အဦ ၂၃ ခု၊ စပါးကျီပေါင်း ၁၅၃ခု ထိခိုက်ပျက်စီးပြီး အခြား အိမ်မွေးကျွဲနွားတိရစ္ဆာန် ၁၃ကောင် သေဆုံးခဲ့ကြောင်း အသိပေးသည်။

(မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ နေအိမ်တစ်လုံး ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မင်းတပ် - ပအဖ)
(မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ နေအိမ်တစ်လုံး ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မင်းတပ် - ပအဖ)

▪️စပါးကျီ ၁၅၀ကျော်ပျက်စီးခဲ့၍ စားနပ်ရိက္ခာလိုအပ်ချက်ရှိဟု အသိပေး

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၄ရွာမှ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ယနေ့ (မေလ ၁၉ ရက်)အထိ စာရင်းများအရ နေအိမ် ၆၀၀ နီးပါး၊ အစိုးရအဆောက်အဦးရ၉၄ ခု၊ ဘာသာရေးအဆောက်အဦ ၂၃ ခု၊ စပါးကျီပေါင်း ၁၅၃ခု ထိခိုက်ပျက်စီးပြီး အခြား အိမ်မွေးကျွဲနွားတိရစ္ဆာန် ၁၃ကောင် သေဆုံးခဲ့ကြောင်း အသိပေးသည်။

“တိုက်နယ်တွေကျေးရွာတွေ အသီးသီးကနေ ပျက်စီးဆုံးရှုံးစာရင်းလာပို့ပေးတယ်။ အဓိကတော့ ပြည်သူ့အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့အပိုင်းတွေပေါ့နော်။ ပြည်သူ့အုပ်ချုပ်ရေးရုံးကိုလာပို့တယ်။ အဲဒီကနေ စာရင်းတွေယူပြီးမှ ပြည်သူ့အုပ်ချုပ်ရေးကနေ ပေါ့နော်လိုအပ်တာတွေ ပြန်လည် ပြုပြင် မွမ်းမံတာတွေ တည်ဆောက်တာတွေ ကျနော်တို့ လုပ်အားနဲ့လုပ်ပေးနိုင်တဲ့ အပိုင်းတွေ စတင်လုပ်ဆောင်နေပါပြီ။ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကတည်းကပေါ့။”ဟု မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement
Public Service Announcement

လိုအပ်သည့်လူသားချင်းစာနာထောက်ထားမှု အကူအညီများရနိုင်ရေး ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ရဲ့ ဆုံးရှုံးမှုက ကြီးပေမယ့်လို့ ရခိုင်ပြည်နယ်နဲ့ စာရင် ကျနော်တို့ဘက်က တအားကြီးပြောဖို့ မဝံ့မရဲဖြစ်တာပေါ့ဗျာ။ ကျနော်တို့တင်မဟုတ်ပါဘူး မုန်တိုင်းဘေးအားလုံးကို ကူညီပါဝင်ပေးဖို့ မေတ္တာရပ်ခံချင်တာပေါ့”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

အရေးပေါ် လိုအပ်ချက်အဖြစ် ဆန်နှင့်စားနပ်ရိက္ခာ လိုအပ်လျက်ရှိပြီး ကားလမ်း၊ မြေသားလမ်းများ ပြိုကျပျက်စီးမှုကြောင့် အခြားလိုအပ်သော ဆေးဝါးနှင့် ကုန်စည်များသယ်ယူရန်ခက်ခဲနေကြောင်း မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

တောင်ယာခင်းများနှင့် စပါးကျီများလည်း ပျက်စီးဆုံးရှုံးမှုများသောကြောင့် လာမည့်မုတ်သုန်မိုးရာသီတွင် တောင်သူများအတွက် အလွန်ခက် ခဲလာမည်ဟု ဖော်ပြသည်။

ပျက်စီးဆုံးရှုံးမှုစာရင်းများကို မြေပြင်ကွင်းဆင်း၍ ဆက်လက်ကောက်ယူနေဆဲဖြစ်ပြီး ထပ်မံရရှိလာသောစာရင်းများကို ပြန်လည်တင်ပြသွားမည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုန်းတွင်းဝင်ရောက်ပြီးတဲ့နောက် ဒီဇင်ဘာ ၆ ရက်မှာ မိကျောင်းဟာ ဆိုင်ကလုန်း အဆင့်ကနေ လေဖိအားနည်း ရပ်ဝန်းအဆင့်ထိ အားပြန်လျော့သွားပေမယ့် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဆက်ရှိနိုင်တယ်လို့လည်း သတိပေး ကြေညာထားပါတယ်။

သတင်း

ပြည်သူများမြင်ချင်နေသည့် တိုက်ပွဲများဆင်နွှဲလျက်ရှိနေကြသည့် CDF-Mindat အတွက် အထူးဆုတောင်းပေးကြရန် CDF မင်းတပ် သတင်းပြန်ကြားရေးက ယနေ့နံနက်တွင် ထုတ်ပြန်ခဲ့သည်။

သတင်း

ဒီဇင်ဘာ ၄ရက် နေ့လယ်ပိုင်းတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို CDF မင်းတပ် ရဲဘော်များက မင်းတပ်မြို့ ဘ၀သစ်ရပ်ကွက် စာတိုက်ရုံးလမ်းဆုံအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်က ထိုသို့လမ်းများ ဖျက်ထားသော်လည်း CDF တပ်ဖွဲ့များ ဝင်ရောက်လိုပါက ဝင်ရောက်နိုင်မည်ဖြစ်ကြောင်းလည်းဒေသခံက ပြောသည်။