Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတွင် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာ မီးရှိူ့ဖျက်ဆီး၊ ကျေးရွာလေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်

မေလ တတိယက စစ်ကိုင်းမြို့နယ် ပဒူကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ကာ ပဒူကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။

(မေလတတိယပတ်မှစတင်ကာ စစ်ကောင်စီတပ်၏ ဝင်ရောက်ပစ်ခတ်မီးရှို့မှုကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ကိုင်းမြို့နယ် ပဒူကျေးရွာမှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မေလတတိယပတ်မှစတင်ကာ စစ်ကောင်စီတပ်၏ ဝင်ရောက်ပစ်ခတ်မီးရှို့မှုကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ကိုင်းမြို့နယ် ပဒူကျေးရွာမှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းမြို့နယ်မြောက်ခြမ်းတွင် စစ်ကောင်စီတပ် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ၎င်းတို့က ကျေးရွာ နှစ်ရွာအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(မေလ ၂ ရက်) နေ့လည် ၁နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာမှလာသော စစ်ကား နှစ်စီးသည် လမ်းခုလတ်တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများရှိကြောင်း၊ အထိနာသွား၍ ကျောက်ပနန်ရွာနှင့် ရွာသစ်ကျေးရွာမှ နေအိမ်များ မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“ဆယ်လုံးလောက်တော့ ပါတယ်ပြောတယ်။ မနေ့ကမိုးတွေရွာလာတော့ တအားပါမသွားတာ။”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေ၍ ကျေးရွာ လေးရွာထက်မနည်း ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

Public Service Announcement

Public Service Announcement

မေလ တတိယက စစ်ကိုင်းမြို့နယ် ပဒူကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ကာ ပဒူကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။

စစ်ကောင်စီတပ် အာဏာသိမ်းပြီးချိန်မှ၂၀၂၃ ဖေဖော်ဝါရီ ၂၈ရက်အထိ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၄၇,၇၇၈ လုံးဖြင့် အများဆုံး မီးလောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။