Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းရှိ ကျေးရွာသုံးရွာနှင့် PDF၏ ထုတ်လုပ်ရေးစခန်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ဇွန်လ ၁၃ ရက် နံနက် ၈နာရီခွဲခန့်က ဆားတောင်မြို့ရှိ သာဇင်ကျေးရွာကို စစ်ကောင်စီတပ် ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၀၀ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

(သာဇင်ရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(သာဇင်ရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

▪️(၆၀)အရွယ် အမျိုးသမီးတစ်ဦးသတ်ဖြတ်ပြီး ဒေသခံပြည်သူ ၃၀ခန့် ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့နယ်ရှိ ကျေးရွာ သုံးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီး အသက် (၆၀)အရွယ် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ကာ ဒေသခံပြည်သူ ၃၀ခန့်ကို ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ ၁၃ ရက် နံနက် ၈နာရီခွဲခန့်က ဆားတောင်မြို့ရှိ သာဇင်ကျေးရွာကို စစ်ကောင်စီတပ် ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၀၀ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် သာဇင်ရွာမှ အသက် (၆၀)အရွယ် ဒေါ်သန်းမြဆိုသူ သတ်ဖြတ်ခံရပြီး ဒေသခံ အမျိုးသား ၃၀ခန့်ကို ဖမ်းဆီးသွားကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် သာဇင်ရွာအနီးရှိ အိုင်းဓမ္မကျေးရွာမှ နေအိမ် ခြောက်လုံးခန့်နှင့် အင်းစကျေးရွာရှိ နေအိမ်အချို့ကိုလည်း မီးရှို့သွားကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“သာဇင်ကတော့ တော်တော်မီးရှို့ခံလိုက်ရတယ်။ ဒီနေ့တော့ သိမ်ချောင်းဘက်ကနေ ပေါက်မဘက်ကို စစ်ကြောင်းထိုးနေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် စစ်ကိုင်းအခြေစိုက် TZ People Defense Force၏ ထုတ်လုပ်ရေးစခန်းတစ်ခုကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီး ကျပ်သိန်း ၁၂၀ခန့် ဆုံးရှုံးခဲ့ကြောင်း အထက်ပါအဖွဲ့က အသိပေးသည်။

သာဇင်ကျေးရွာရှိ နေအိမ်မီးလောင်သွားသော ပြည်သူများအတွက်လည်း အရေးပေါ်အကူအညီ လိုအပ်နေကြောင်း Sagaing District Medical Team အဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၉ ရက်ကစပြီး စစ်ကိုင်းနယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဖျက်ဆီးနေ​ခြင်းဖြစ်သည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ဇွန်လ ၁၄ ရက် ညနေပိုင်းကစပြီး ရွှေဘို – မန္တလေးလမ်းပိုင်းရှိ စစ်ကိုင်း – ဆားတောင် – ဝက်လက် ကားလမ်းပိုင်းအား အသုံးမပြုရန် ဒေသတွင်းအဖွဲ့များက မေတ္တာရပ်ခံထားသည်။

စစ်ကိုင်းတိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်း၏ အပေါင်းအပါများ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ မေလ ၁ ရက်မှ ၂၀၂၃ မေလ ၃၁ ရက်အထိ နေအိမ် ၅၃,၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။