Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းနှင့် ဝက်လက်နယ်ရှိ ဧရာဝတီမြစ်ဘေးကျေးရွာများကို စစ်ကောင်စီတပ် နှစ်ရက်ဆက် မီးရှို့ဖျက်ဆီး

ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဘုရားပြန်ရွာရှိ အိမ်ခြေ(၁၀၀)ကျော် ပြာကျခဲ့ကာ မူးကြီးရွာရှိ အိမ်ခြေ(၁၀)လုံးထက်မနည်း၊ ကျီးကန်(မြောက်)ရွာရှိ အိမ်ခြေ ၁၅လုံးထက်မနည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

(ငါးပါတ်ချောင်း ကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Acid)
(ငါးပါတ်ချောင်း ကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Acid)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများကို စစ်ကောင်စီတပ်က နှစ်ရက်ဆက် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇွန်လ ၂၇ ရက်) နံနက်ပိုင်းက မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်မှ စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်သို့ ရေယာဥ်များဖြင့် ဧရာဝတီမြစ်ဖြတ်ကာ ကူးသန်းလာခဲ့သည်။

ထို့နောက်လမွန်းလွဲပိုင်းတွင် ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ငါးပတ်ချောင်းကျေးရွာအား စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာ၏ သုံးပုံနှစ်ပုံခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အခုနေ့လယ် ကျောင်းဖြူရွာထဲဝင်နေတယ်။”ဟု ဝက်လက်နယ်ဒေသခံတစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ (ဇွန်လ ၂၈ရက်) နံနက်ပိုင်းတွင်လ​ည်း မန္တလေးမြို့နယ်ဘက်မှ စစ်ကောင်စီတပ်သည် ဧရာဝတီမြစ်အတိုင်း ရေယာဥ် လေးစီးဖြင့် စစ်ကိုင်းမြို့နယ် အုတ်ဖိုကျေးရွာသို့ ဝင်ရောက်ခဲ့သည်။

ထို့နောက် လက်နက်ကြီး၊ လက်နက်ငယ်များပစ်၍ စဉ့်ကိုင်ရွာသို့ဝင်ရောက်ကာ စဉ့်ကိုင်တောင်ရွာ မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

​ထို့ကြောင့် ကျေးရွာနေပြည်သူများမှာ ထွက်ပြေး​တိမ်းရှောင်နေရဆဲဖြစ်၍ မီးလောင်ကျွမ်းအိမ်ခြေ အရေအတွက် မသိရသေးပေ။

စစ်ကောင်စီတပ်သည် ဧရာဝတီမြစ်ကမ်းဘေးတလျှောက်တွင် တပ်ဖြန့်ထားကြောင်းWetlet Informational Network အဖွဲ့က ပြောသည်။

စစ်ကိုင်းနှင့်ဝက်လက်မြို့နယ်သည် နယ်မြေချင်းထိဆက်နေပြီး စစ်ကောင်စီတပ်က ကူးသန်းကာ စစ်ကြောင်းထိုးမီးရှို့လေ့ရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ရက်ကလည်း စစ်ကိုင်းနယ်မှတဆင့် ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို ကူးသန်းလာကာ ဝင်ရောက်မွှေနှောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဘုရားပြန်ရွာရှိ အိမ်ခြေ(၁၀၀)ကျော် ပြာကျခဲ့ကာ မူးကြီးရွာရှိ အိမ်ခြေ(၁၀)လုံးထက်မနည်း၊ ကျီးကန်(မြောက်)ရွာရှိ အိမ်ခြေ ၁၅လုံးထက်မနည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်း၏ အပေါင်းအပါများ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ မေလ ၁ ရက်မှ ၂၀၂၃ မေလ၃၁ ရက်အထိ နေအိမ်ပေါင်း၅၃,၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။