Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနှင့် ဝက်လက်နယ်ရှိ ဧရာဝတီမြစ်ဘေးကျေးရွာများကို စစ်ကောင်စီတပ် နှစ်ရက်ဆက် မီးရှို့ဖျက်ဆီး

ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဘုရားပြန်ရွာရှိ အိမ်ခြေ(၁၀၀)ကျော် ပြာကျခဲ့ကာ မူးကြီးရွာရှိ အိမ်ခြေ(၁၀)လုံးထက်မနည်း၊ ကျီးကန်(မြောက်)ရွာရှိ အိမ်ခြေ ၁၅လုံးထက်မနည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

(ငါးပါတ်ချောင်း ကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Acid)
(ငါးပါတ်ချောင်း ကျေးရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Acid)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများကို စစ်ကောင်စီတပ်က နှစ်ရက်ဆက် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇွန်လ ၂၇ ရက်) နံနက်ပိုင်းက မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်မှ စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်သို့ ရေယာဥ်များဖြင့် ဧရာဝတီမြစ်ဖြတ်ကာ ကူးသန်းလာခဲ့သည်။

ထို့နောက်လမွန်းလွဲပိုင်းတွင် ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ငါးပတ်ချောင်းကျေးရွာအား စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာ၏ သုံးပုံနှစ်ပုံခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အခုနေ့လယ် ကျောင်းဖြူရွာထဲဝင်နေတယ်။”ဟု ဝက်လက်နယ်ဒေသခံတစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ (ဇွန်လ ၂၈ရက်) နံနက်ပိုင်းတွင်လ​ည်း မန္တလေးမြို့နယ်ဘက်မှ စစ်ကောင်စီတပ်သည် ဧရာဝတီမြစ်အတိုင်း ရေယာဥ် လေးစီးဖြင့် စစ်ကိုင်းမြို့နယ် အုတ်ဖိုကျေးရွာသို့ ဝင်ရောက်ခဲ့သည်။

ထို့နောက် လက်နက်ကြီး၊ လက်နက်ငယ်များပစ်၍ စဉ့်ကိုင်ရွာသို့ဝင်ရောက်ကာ စဉ့်ကိုင်တောင်ရွာ မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

​ထို့ကြောင့် ကျေးရွာနေပြည်သူများမှာ ထွက်ပြေး​တိမ်းရှောင်နေရဆဲဖြစ်၍ မီးလောင်ကျွမ်းအိမ်ခြေ အရေအတွက် မသိရသေးပေ။

စစ်ကောင်စီတပ်သည် ဧရာဝတီမြစ်ကမ်းဘေးတလျှောက်တွင် တပ်ဖြန့်ထားကြောင်းWetlet Informational Network အဖွဲ့က ပြောသည်။

စစ်ကိုင်းနှင့်ဝက်လက်မြို့နယ်သည် နယ်မြေချင်းထိဆက်နေပြီး စစ်ကောင်စီတပ်က ကူးသန်းကာ စစ်ကြောင်းထိုးမီးရှို့လေ့ရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ရက်ကလည်း စစ်ကိုင်းနယ်မှတဆင့် ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို ကူးသန်းလာကာ ဝင်ရောက်မွှေနှောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဘုရားပြန်ရွာရှိ အိမ်ခြေ(၁၀၀)ကျော် ပြာကျခဲ့ကာ မူးကြီးရွာရှိ အိမ်ခြေ(၁၀)လုံးထက်မနည်း၊ ကျီးကန်(မြောက်)ရွာရှိ အိမ်ခြေ ၁၅လုံးထက်မနည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်း၏ အပေါင်းအပါများ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ မေလ ၁ ရက်မှ ၂၀၂၃ မေလ၃၁ ရက်အထိ နေအိမ်ပေါင်း၅၃,၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။