Hi, what are you looking for?
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ငါးဦးသေပြီး၊ နှစ်ဦး ခြေထောက်ပြတ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ ရေဦးမြို့နယ် မစိုးရိမ်ရွာအနီးတွင် ယင်းသို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ယနေ့(ဇန်နဝါရီ ၁၅ရက်) နေ့လယ် တစ်နာရီခန့်က တိုက်ပွဲအခြေအနေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ကနဦးထုတ်ပြောကြားခြင်းဖြစ်သည်။ ဆက်လက်ဖော်ပြပါမည်။
အောင်သပြေလမ်းနှင့်ပေ ၈၀လမ်း နှစ်လမ်းကို စစ်ကောင်စီမှ တစ်ချိန်တည်း ဖွင့်ပွဲကျင်းပရာ အောင်သပြေလမ်း ပေါက်ကွဲမှုကြောင့် ပေ ၈၀လမ်းဖွင့်ပွဲအခမ်းအနားကိုပါ ဖျက်သိမ်းရကြောင်း၊ ပေါက်ကွဲမှုကြောင့် အခမ်းအနားကို လာရောက်ဖွင့်လှစ်ပေးသည့် စစ်ကောင်စီအရာရှိကြီးများနှင့်စစ်ကောင်စီတပ်သားများပါ ထွက်ပြေးရကြောင်း ချင်းတွင်းရိုးမသတင်းစာမျက်နှာက ဖော်ပြသည်။