Connect with us

Hi, what are you looking for?

LuduNwayOo

News

တီးတိန်မြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ်အထိနာ၍ ​​လေယာဥ်ပစ်ကူသုံး၊ ​ဒေသခံကာကွယ်​ရေးအဖွဲ့ ခုနစ်ဦးဒဏ်ရာရ

အကြမ်းဖက်စစ်ကောင်စီဘက်က တိုက်လေယာဉ်နှစ်စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့​သော်လည်း ချင်းတောင်တွင် မိုးရွာပြီးမြူများဆိုင်းနေ​သောကြောင့် အကြမ်းဖက်စစ်ကောင်စီက လေယာဉ်များ စိတ်တိုင်းကျဲ ဗုံးမကျဲနိုင်ပြန်လှည့်ပြန်ခဲ့ရသည်ဟု ဒေသခံတစ်ဦးကပြောသည်။

ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ကလေး-သိုင်းငင်းလမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များကြား သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ အကျအရှုံးများလာ၍လက်နက်ကြီးနှင့် လေကြောင်းပစ်ကူယူကာ တိုက်ခိုက်နေကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDM- Siyin အဖွဲ့က သတင်းထုတ်ပြန်သည်။

အထိနာနေသည့် အကြမ်းဖက်စစ်ကောင်တပ်များက ယနေ့ နံနက် ၁၀ နာရီမှစ၍ ကလေးတက္ကသိုလ်အတွင်းမှ လက်နက်ကြီးများဖြင့်ပစ်ကူ​ပေးပြီး ၊တိုက်လေယာဉ်နှစ်စင်းဖြင့်ပါ ဗုံးများဆက်တိုက်ကျဲသဖြင့် တိုက်ပွဲပြင်းထန်နေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီဘက်က တိုက်လေယာဉ်နှစ်စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့​သော်လည်း ချင်းတောင်တွင် မိုးရွာပြီးမြူများဆိုင်းနေ​သောကြောင့် အကြမ်းဖက်စစ်ကောင်စီက လေယာဉ်များ စိတ်တိုင်းကျဲ ဗုံးမကျဲနိုင်ပြန်လှည့်ပြန်ခဲ့ရသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“လေယာဉ်တွေနဲ့ ပစ်တာ အသံအကျယ်ကြီးကြားနေရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီဘက်မှ​သေဆုံး၊ဒဏ်ရာရရှိမှုများသော်လည်း အ​ရေအတွက်အတိအကျကိုမူ အတည်မပြုနိုင်သေးကြောင်း CDM- Siyinကဆိုသည်။ ယ​နေ့တိုက်ပွဲတွင်စစ်​ကောင်စီတပ်မှ ​သေဆုံးသွားသူ ၂ ဦး၏ ရုပ်အ​လောင်းကို ဆွဲယူသွား​ကြောင်းလည်း​ဒေသခံများထံမှ သိ့ရသည်။ထို့အပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း တပ်ဖွဲ့ဝင် ၇ ဦးဒဏ်ရာရရှိထား​ကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ကလေးမြို့မှ ချင်းတောင်ဘက်ကို တက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို တီးတိန်မြို့နယ်၊ ဟိန်ဇန်‌ရွာအလွန်တွင် ဒေသခံကာကွယ်ရေးတပ်များက ဇန်နဝါရီ ၁၃ ရက်မှစ၍ ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

Public Service Announcement

လက်ရှိတွင် ကလေးမြို့မှ ချင်းတောင်ကိုသွားသည် ၉မိုင်တွင် ခရီးသွားပြည်သူများ ပိတ်မိနေပြီး ဒေသခံများက ကူညီပေးနေရသည်ဟု ဒေသခံတစ်ဦးကပြောသည်။ ဒေသခံကာကွယ်ရေးတပ်များက ကလေးနှင့်ချင်းတောင်ကြားကို ခရီးမသွားကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။