Connect with us

Hi, what are you looking for?

News

ဖလမ်းတိုက်ပွဲ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ၊ နှစ်ရက်အတွင်း စစ်ကောင်စီတပ်မှကိုးဦးသေ၊ ၁၀ကျော်ဒဏ်ရာရဟု ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း CNDF များ၏ မိုင်းပဒေသာနှင့် ပစ်ခတ်မှုများကြောင့် အကြမ်းဖက် စစ်ကောင်စီဘက်မှ လေးဦးခန့်သေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြ သည်။

(CNDF ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဥ်)

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှကိုးဦးသေဆုံးပြီး ၁၀ဦးကျော်ဒဏ်ရာရခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသား ကာကွယ်ရေးတပ်(CNO/CNDF)က ထုတ်ပြန်သည်။

ဖလမ်းမြို့နယ် ဝေဘူလမြို့ဘက်မှ စစ်ကြောင်းချီလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇန်နဝါရီ ၁၄ရက် နံနက် ၃ နာရီခန့်တွင် မွှန်လီကျေးရွာနှင့် ဗားရ်စခန်းအကြား၌ CNDF မှ ထောင်ထားသော နင်းမိုင်း၊ တိုက်မိုင်းများကြောင့် ငါးဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဗားရ်စခန်းတွင် ညအိပ်စခန်းချပြီး ယနေ့(ဇန်နဝါရီ ၁၅)တွင် ဗားရ်စခန်းများ ပြန်လည်ထွက်ခွာလာရာ ပါရ်သဲရွာအနီးတွင် CNDFနှင့် ၇နာရီကျော်ကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း CNDF များ၏ မိုင်းပဒေသာနှင့် ပစ်ခတ်မှုများကြောင့် အကြမ်းဖက် စစ်ကောင်စီဘက်မှ လေးဦးခန့်သေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ်သို့ တက်လာသည့် စစ်ကောင်စီတပ်ယာဉ်းတန်းကို CNDF အပါအဝင် CNA၊CDF-KKG ၊Zoland-PDF၊ CDM ပူးပေါင်းတပ်များက တီးတိန်မြို့နယ် ဟိန်းဇိန်ကျေးရွာမှ ခုခံတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းပါ အသုံးပြုပြီးပစ်ခတ်ခဲ့ကြောင်း၊ CNDF ဘက်မှ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်သည်။

လက်ရှိ စစ်ရေးအခြေအနေအရ တိုက်ပွဲဆက်လက် ဖြစ်ပွားနိုင်သည့်အတွက် ပြည်သူများ အနေဖြင့် ဖလမ်း – ကလေး လမ်းမကြီးနှင့် ဖလမ်း – ဝေဘူလလမ်းဘက်သို့ ခရီးသွားလာခြင်း မပြုကြရန် CNOက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။