Connect with us

Hi, what are you looking for?

News

ဘုတလင်တွင် စစ်​ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၅ ဦး​သေ၊PDF ရဲ​​ဘော်တစ်ဦးကျဆုံး

“ဘုတလင်စခန်းကနေ အနောက်ကိုထွက်လာတဲ့ စစ်အုပ်စုကိုမိုင်းဆွဲခဲ့တာပါ။ သူတို့ဘက်က ၅ယောက်ကျ နဲ့ဒဏ်ရာရသူများရှိပါတယ်။”ဟု မဟူရာနတ်ဆိုးပြောက်ကျားတပ်ဖွဲ့(ဘုတလင်)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(ဓါတ်ပုံ- ဘုတလင်ရဲစခန်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်း ပြ​ည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်​ကောင်စီတပ်မှ ၅ ဦးသေဆုံးခဲ့သည်။

အဆိုပါတိုက်ခိုက်မှုတွင်ဘုတလင်အခြေစိုက် မဟူရာနတ်ဆိုးပြောက်ကျားတပ်ဖွဲ့(ဘုတလင်)မှရဲဘော်တစ်ဦးပြည်သူနှင့် နိုင်ငံအတွက် အသက်ပေးလှူသွားခဲ့​ကြောင်း အဆိုပါအဖွဲ့ကထုတ်ပြန်သည်။

ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၂နာရီခန့်က ဘုတလင်မြို့နယ် တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာတွင် စစ်​ကောင်စီတပ်မှ ၅ဦး​သေဆုံးခဲ့သလို စစ်​​ကောင်စီတပ်ကပစ်လိုက်​သောလက်နက်ကြီးကျည်ထိမှန်ကာ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်ညီညီကျဆုံးခဲ့ခြင်းဖြစ်သည်။

“ဘုတလင်စခန်းကနေ အနောက်ကိုထွက်လာတဲ့ စစ်အုပ်စုကိုမိုင်းဆွဲခဲ့တာပါ။ သူတို့ဘက်က ၅ယောက်ကျ နဲ့ဒဏ်ရာရသူများရှိပါတယ်။”ဟု မဟူရာနတ်ဆိုးပြောက်ကျားတပ်ဖွဲ့(ဘုတလင်)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

မဟာမိတ်အဖွဲ့မှ ရဲဘော်ညီညီကျဆုံးကြောင်းသိရသည့်အတွက်မိသားစုနဲ့အတူ လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း၊ အာဏာရှင်စနစ်ကိုတွန်းလှန်ရင်း တိုင်းပြည်အတွက်အသက်ပေးခဲ့သော ရဲဘော်ညီညီသည် တာဝန်ကျေခဲ့ကြောင်း၊ ရဲဘော်ညီညီအတွက် မိသားစု တိုင်းသူပြည်သားများနှင့်အတူ အထူးပင်ဝမ်းနည်းကြေကွဲမိကြောင်း မဟူရာနတ်ဆိုးပြောက်ကျားတပ်ဖွဲ့(ဘုတလင်)က ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၁ ရက် ညပိုင်း​ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲကာ ခုခံတိုက်ခိုက်ရန် ရဲဘော်ပီကေတို့နှစ်ဦး ပြင်ဆင်နေချိန် ကားတစ်စီးလာ၍ လမ်းပေါ်မှ ပြေးဆင်းစဥ် မတော်တဆပေါက်ကွဲကာ တပ်ဖွဲ့မှ
ရဲဘော်ပီကေ ဦးခေါင်းထိမှန်၍ ကျဆုံးခဲ့ရသေးသည်။

ဇန်နဝါရီ၁၁ရက် ည၁၂နာရီခန့်က ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းကို ဘုတလင်နှင့် ဒီပဲယင်းမြို့နယ်များရှိ ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

Facebook