Connect with us

Hi, what are you looking for?

News

ထီးချိုင့်မြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ်သား ​သေဆုံးမှုများ Eagles Armyဆို

ဒေသခံကာကွယ်အဖွဲ့များမှမိုင်းဆွဲခြင်းနှင့် M-79 အပါအဝင် လက်နက်ကြီးများဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။

(Eagles Army တပ်ဖွဲ့မှ ရဲ​ဘော်များ စစ်​ရေး​လေ့ကျင့်​နေသည်ကို ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်၌ တိုက်ပွဲဖြစ်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၅ဦးသေဆုံးကြောင်း Eagles Armyက ယနေ့ (ဇန်နဝါရီ ၁၆)တွင် ထုတ်ပြန် သည်။

တိုက်ပွဲဖြစ်စဥ်မှာ ဇန်နဝါရီ ၁၅ရက် နံနက် ၈ နာရီခန့်က ဖြစ်ပြီး တုံလုံကျေးရွာ၏ ဝေမာစိုက်ခင်းရှေ့တွင် အကြမ်းဖ​က်စစ်ကောင်စီ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

” ၁၅ ကောင်ကျဟု သတင်းအတိကျရ။အကျဆုံးများ၍ စခများဘက်မှလက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်းမိမိတို့အဖွဲ့သားများအနေဖြင့်ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။အကောင်ကြီးတစ်ကောင်ထိသောကြောင့်ကား၃စီးဖြင့်အမြန်ပြန်ဆင်းသွား”ဟု Eagles Army ကဆိုသည်။

ဒေသခံကာကွယ်အဖွဲ့များမှမိုင်းဆွဲခြင်းနှင့် M-79 အပါအဝင် လက်နက်ကြီးများဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။

Public Service Announcement

Public Service Announcement

ယခုလဆန်းပိုင်းကစ၍ ထီးချိုင့်အပါအဝင်အင်းတော်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းကို အကြမ်းဖက်စစ်ကောင်စီက သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ် သည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ကူကြောင့် ဒေသခံပြည်သူကာကွယ်ရေးတပ်စခန်းအချို့ သိမ်းယူခံရမှုရှိလာသည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။