Connect with us

Hi, what are you looking for?

News

ထီးချိုင့်မြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ်သား ​သေဆုံးမှုများ Eagles Armyဆို

ဒေသခံကာကွယ်အဖွဲ့များမှမိုင်းဆွဲခြင်းနှင့် M-79 အပါအဝင် လက်နက်ကြီးများဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။

(Eagles Army တပ်ဖွဲ့မှ ရဲ​ဘော်များ စစ်​ရေး​လေ့ကျင့်​နေသည်ကို ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်၌ တိုက်ပွဲဖြစ်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၅ဦးသေဆုံးကြောင်း Eagles Armyက ယနေ့ (ဇန်နဝါရီ ၁၆)တွင် ထုတ်ပြန် သည်။

တိုက်ပွဲဖြစ်စဥ်မှာ ဇန်နဝါရီ ၁၅ရက် နံနက် ၈ နာရီခန့်က ဖြစ်ပြီး တုံလုံကျေးရွာ၏ ဝေမာစိုက်ခင်းရှေ့တွင် အကြမ်းဖ​က်စစ်ကောင်စီ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

” ၁၅ ကောင်ကျဟု သတင်းအတိကျရ။အကျဆုံးများ၍ စခများဘက်မှလက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်းမိမိတို့အဖွဲ့သားများအနေဖြင့်ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။အကောင်ကြီးတစ်ကောင်ထိသောကြောင့်ကား၃စီးဖြင့်အမြန်ပြန်ဆင်းသွား”ဟု Eagles Army ကဆိုသည်။

ဒေသခံကာကွယ်အဖွဲ့များမှမိုင်းဆွဲခြင်းနှင့် M-79 အပါအဝင် လက်နက်ကြီးများဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။

Public Service Announcement

Public Service Announcement

ယခုလဆန်းပိုင်းကစ၍ ထီးချိုင့်အပါအဝင်အင်းတော်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းကို အကြမ်းဖက်စစ်ကောင်စီက သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ် သည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ကူကြောင့် ဒေသခံပြည်သူကာကွယ်ရေးတပ်စခန်းအချို့ သိမ်းယူခံရမှုရှိလာသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။