Connect with us

Hi, what are you looking for?

News

လွိုင်ကော်မြို့ ခရိုင်ရဲရုံးတိုက်ခိုက်မှု စစ်ကောင်စီတပ်မှ ခြောက်ဦးသေဟု KDF ထုတ်ပြန်

KDF၊နှင့် GZ-21(Liokaw) တို့ပူးပေါင်း၍ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ ခရိုင်ရဲရုံးကို ဇန်နဝါရီ လ၁၄ရက်နေ့ ည၁၂နာရီကျော်တွင် ဝင်ရောက်တိုက်ခိုက်ရာ မိနစ် ၂၀ ကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ခြောက်ဦးသေ၊ အချို့ ဒဏ်ရာရခဲ့ဟု ဖော်ပြသည်။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့ပေါ်ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံး၌ ကင်းပုန်းဝတ်နေသော စစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေးတပ်ပူးပေါင်းအဖွဲ့က ယမန်နေ့ညပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးခဲ့သည်ဟု ကရင်နီ ဒီမိုကရက်တစ်တပ်ဦး(KDF)က ထုတ်ပြန် သည်။

KDF၊နှင့် GZ-21(Liokaw) တို့ပူးပေါင်း၍ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ ခရိုင်ရဲရုံးကို ဇန်နဝါရီ လ၁၄ရက်နေ့ ည၁၂နာရီကျော်တွင် ဝင်ရောက်တိုက်ခိုက်ရာ မိနစ် ၂၀ ကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ခြောက်ဦးသေ၊ အချို့ ဒဏ်ရာရခဲ့ဟု ဖော်ပြသည်။

တိုက်ပွဲအတွင်း မြို့ပြပျောက်ကျား ညီနောင်အဖွဲ့မှ တစ်စုံတစ်ရာ ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ အောင်မြင်စွာတိုက်ထုတ်ပြီး ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

လက်ရှိမြို့တွင်း၌ ပြည်သူများ နေအိမ်များစွန့်ခွာထွက်ပြေးနေချိန် ကို အခွင့်ကောင်းယူ ပြီး ခိုးဆိုးလုယှက်နေကြသောစစ်ကောင်စီနှင့်အပေါင်းအပါများကို နောက်ဆုံးအကြိမ် သတိပေးကြောင်းလည်း KDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

KDFသည် အခြားသော တော်လှန်ရေးအင်အားစုများဖြစ်သည့် ကရင်နီဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တို့နှင့် ပူးပေါင်းပြီးလည်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက် နေသည့် အဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်