Connect with us

Hi, what are you looking for?

LuduNwayOo

News

လွိုင်ကော်မြို့ ခရိုင်ရဲရုံးတိုက်ခိုက်မှု စစ်ကောင်စီတပ်မှ ခြောက်ဦးသေဟု KDF ထုတ်ပြန်

KDF၊နှင့် GZ-21(Liokaw) တို့ပူးပေါင်း၍ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ ခရိုင်ရဲရုံးကို ဇန်နဝါရီ လ၁၄ရက်နေ့ ည၁၂နာရီကျော်တွင် ဝင်ရောက်တိုက်ခိုက်ရာ မိနစ် ၂၀ ကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ခြောက်ဦးသေ၊ အချို့ ဒဏ်ရာရခဲ့ဟု ဖော်ပြသည်။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့ပေါ်ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံး၌ ကင်းပုန်းဝတ်နေသော စစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေးတပ်ပူးပေါင်းအဖွဲ့က ယမန်နေ့ညပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးခဲ့သည်ဟု ကရင်နီ ဒီမိုကရက်တစ်တပ်ဦး(KDF)က ထုတ်ပြန် သည်။

KDF၊နှင့် GZ-21(Liokaw) တို့ပူးပေါင်း၍ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ ခရိုင်ရဲရုံးကို ဇန်နဝါရီ လ၁၄ရက်နေ့ ည၁၂နာရီကျော်တွင် ဝင်ရောက်တိုက်ခိုက်ရာ မိနစ် ၂၀ ကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ခြောက်ဦးသေ၊ အချို့ ဒဏ်ရာရခဲ့ဟု ဖော်ပြသည်။

တိုက်ပွဲအတွင်း မြို့ပြပျောက်ကျား ညီနောင်အဖွဲ့မှ တစ်စုံတစ်ရာ ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ အောင်မြင်စွာတိုက်ထုတ်ပြီး ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

လက်ရှိမြို့တွင်း၌ ပြည်သူများ နေအိမ်များစွန့်ခွာထွက်ပြေးနေချိန် ကို အခွင့်ကောင်းယူ ပြီး ခိုးဆိုးလုယှက်နေကြသောစစ်ကောင်စီနှင့်အပေါင်းအပါများကို နောက်ဆုံးအကြိမ် သတိပေးကြောင်းလည်း KDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

KDFသည် အခြားသော တော်လှန်ရေးအင်အားစုများဖြစ်သည့် ကရင်နီဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တို့နှင့် ပူးပေါင်းပြီးလည်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက် နေသည့် အဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။