Connect with us

Hi, what are you looking for?

News

ကော့ကရိတ်တွင် နယ်ကျော်နေရာယူလာသည့်တပ်ကို KNU တိုက်ခိုက်၍ စစ်ကောင်စီတပ်သား သုံးဦးသေ

ကော့ကရိတ်အခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၃၁)နှင့် ခလရ(၉၇)တပ်တို့ကလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ ယမန်နေ့ည ၁၀နာရီခန့်အထိ ကြာမြင့်ခဲ့ကြောင်း ၎င်းကဆိုသည်။

▪️စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်၍ ဒေသခံများ၏ နေအိမ်နှင့်စျေးဆိုင်အချို့ ပျက်စီး

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးတ၀ိုက်တွင် နယ်မြေကျော်လွန်လှုပ်ရှား နေရာယူလာသည့် စစ်ကောင် စီတပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်က သုံးဦးသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၁၄)ညပိုင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ မြို့နေပြည်သူလူထု၏ နေအိမ်အချို့နှင့် စျေးဆိုင်၊ အလုပ်ရုံအချို့ ပျက်စီးမှု ဖြစ်ခဲ့သည်ဟု ဆိုသည်။

“တိုက်ပွဲအသွင်တော့ ဖြစ်တာပေါ့။ သူတို့က နယ်မြေကျူးကျော်ပြီး ဝင်လာတဲ့အတွက်ကြောင့်အလစ်ငိုက်ပြီးတော့ KNUက သွားဝင်တိုက်လိုက်တာ ကျွန်တော်ကြားတာတော့စစ်ကောင်စီဘက်က သုံးဦးကျတယ်၊ ဒဏ်ရာ ​လေးဦးရတယ်လို့ ကြားတယ်”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ကော့ကရိတ်အခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၃၁)နှင့် ခလရ(၉၇)တပ်တို့ကလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ ယမန်နေ့ည ၁၀နာရီခန့်အထိ ကြာမြင့်ခဲ့ကြောင်း ၎င်းကဆိုသည်။

“အိမ်တွေဘာတွေတော့ ထိခိုက်မှုရှိတယ်။ တစ်မိုင်ကုန်းက ဆိုင်တစ်ဆိုင်လည်းပျက်စီးသွားတယ်။ နောက်ပြီးတော့ အဲဒီအနီးအနားမှာရှိတဲ့ ဝပ်ရှော့ရုံတွေလည်း ထိခိုက်တယ်”ဟု ဒေသခံက ပြောသည်။

ထိုသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ခြင်းကြောင့် မြို့ခံများ ဗုံးခိုကျင်းများ၌ ခိုလှုံခဲ့ရကြောင်း မြို့ခံအချို့က လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook