News ထီးချိုင့်တွင် စစ်ကောင်စီသင်္ဘောနှစ်စီး မိုင်းငါးလုံးဖြင့် အနီးကပ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်မှ ၂၀ ခန့်သေဟုဆို ဒဏ်ရာရရှိခဲ့သော PDF တပ်ဖွဲ့ဝင်နှစ်ဦးမှာ အသက်အန္တရာယ်မစိုးရိမ်ရဘဲ ဖွဲ့သားများအားလုံး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ LuduNwayOoဇန်နဝါရီ 3, 2022
News မင်းအောင်လှိုင်အတွက် ဖမ်းဝရမ်းလက်မခံရန်စာပေါက်ကြားမှုကြောင့်ဆိုကာ တရားလွှတ်တော်ချုပ်၊ သုတေသနဌာနတစ်ခုလုံးကို စစ်ကောင်စီတရားစွဲဆို "ထွက်လာတဲ့ စာပါဓာတ်ပုံက ထောင့်စွန်းမှာ စားပွဲခင်းလေးပါနေတယ်။ ဒီစားပွဲခင်းက သုတေသနဌာနက စားပွဲခင်းဆိုပြီးတရားစွဲတာ"ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှဝန်ထမ်းများနှင့်အဆက်အသွယ်ရှိသော CDM တရားရေးဝန်ထမ်းတစ်ဦးက ပြောသည်။ LuduNwayOoဇန်နဝါရီ 3, 2022
News မတူပီ-ပလက်၀လမ်းရှိ စစ်ကောင်စီတပ်၏ တပ်စခန်းကိုမတူပီCDF တိုက်ခိုက် ယင်းတပ်စခန်းသည် စစ်အာဏာရှင်၏ တပ်စခန်းဖြစ်၍ ပြည်သူလူထု လုံခြုံရေးအပိုင်း နှင့် CDF တပ်များ နယ်မြေစိုးမိုးနိုင်ရေးအတွက် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ LuduNwayOoဇန်နဝါရီ 3, 2022
News မြို့နယ်လေးခုတွင် စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်းရန်ကုန်စစ်ဒေသခွဲထုတ်ပြန် စစ်ကောင်စီတပ်အား စစ်ရေးအရတုန့်ပြန်မှုအနေဖြင့် ပျံလွှားအောင်စစ်ဆင်ရေး၏အစိတ် အပိုင်းများအဖြစ် မြို့နယ်လေးခုတွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယနေ့(ဇန်နဝါရီ ၃) ထုတ်ပြန်သည်။ LuduNwayOoဇန်နဝါရီ 3, 2022
News ဒီပဲယင်းတွင် နေ့ဝက်ခန့်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ငါးဦးသေ၊ ၂၀ခန့် ဒဏ်ရာရဟုဆို "အုန်းသီးနှစ်လုံးဖြင့် မုန့်ဟင်းခါးငါးပွဲ လိုက်ပွဲနှစ်ဆယ် ရရှိခဲ့ကြပြီး စစ်အောင်နက်တဖွဲ့လုံးကို ထပ်မံကျွေးမွေးရန် အခါအခွင့် စောင့်နေခဲ့ကြလေသည်"ဟု ဂဠုန်တပ်တော်က ဆိုသည်။ LuduNwayOoဇန်နဝါရီ 3, 2022
News ငွေတောင်ဆည်အနီးတိုက်ပွဲစစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများရှိ ၊ လွိုင်ကော် PDF မှတပ်သားနှစ်ဦးကျဆုံး တိုက်ပွဲသည် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ကျဆုံးမှုများ ရှိခဲ့သည်ကို မြေပြင်ရဲဘော်များမှ မျက်မြင်အတည်ပြုနိုင်ခဲ့သော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်ကြောင်း ဖော်ပြထားသည်။ LuduNwayOoဇန်နဝါရီ 3, 2022
News တန့်ဆည်မြို့တွင် ဗုံးတစ်လုံးလာခွဲလျင် မြို့ပေါ်အိမ်ငါးလုံးကို မီးရှို့မည်ဟု စစ်ကောင်စီ ခြိမ်းခြောက် စစ်ကောင်စီအင်အား ၁၀၀ခန့်သည် တန့်ဆည်မြို့တော်ခန်းမတွင် တပ်စွဲထားပြီး မြို့တွင်း သွားလာနေသည့် ဒေသခံများကို စစ်ဆေးရင်း အထက်ပါအတိုင်း ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက People's Spring သို့ ပြောသည်။ LuduNwayOoဇန်နဝါရီ 3, 2022
News အမြန်လမ်းပေါ်တွင် စစ်ကောင်စီတပ်ကားများ နှစ်ကြိမ်မိုင်းခွဲတိုက်ခိုက်ခံရ "ထောက်ပို့ကားအကြီးတွေပါ။ အရင်ကတော့ ကားတွေအတန်းလိုက်သွားတယ်။ခုနောက်ပိုင်း၂ စီးစီပဲခွဲပြီးသွားတယ်။ နေ့လယ်ပိုင်းခွဲပြီးတော့ တစ်စီးစီပဲသွားတော့တယ်။ အထိအခိုက်မသိရသေးဘူး။"ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။ LuduNwayOoဇန်နဝါရီ 3, 2022
News ဂန့်ဂေါလေယာဥ်ကွင်းရှိ စျေးကို ပြောင်းရွှေ့ရန် စစ်ကောင်စီအဖွဲ့ ညွန်ကြား၊ စစ်ရေးအရ အသုံးပြုရန် စီစဥ်နေဟု ဒေသခံများပြော "ပြီးခဲ့တဲ့ရက်တွေက စစ်ခွေးတွေအထိနာသွားတာက အရင်စပြောရမှာပဲ။ဒါကြောင့်အင်အားဖြည့်နေတယ်လို့ ယေဘုယျ သုံးသပ်လို့ရတယ်။ အရေးအကြီးဆုံး သတိထားရမှာက ပြည်သူလူထရဲ့အသက်အိုးအိမ်စည်းစိမ်ဖြစ်တယ်"ဟု ယောဒေသပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။ LuduNwayOoဇန်နဝါရီ 3, 2022
News မိုးဗြဲမြို့နယ် ဟိုက်ကွီရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်၊ ဒေသခံတစ်ဦး ထိမှန်ဒဏ်ရာရ "ဒီနေ့ဆိုလည်း တိုက်ပွဲလည်းရှိတာမဟုတ်ဘူး။ နေအိမ်နဲ့ ကျေးရွာထဲကို သက်သက်ကို ပစ်တာ။အရမ်းယုတ်မာကြတယ်။ကျွန်တော်တို့ကို စစ်ဘေးရှောင်စေချင်ကြတာ"ဟု ဟိုက်ကွီရွာသားတစ်ဦးက ပြောသည်။ LuduNwayOoဇန်နဝါရီ 3, 2022