Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်စစ်ကောင်စီကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ICJ၊ ICC သာမက နိုင်ငံတကာ တရားစီရင်မှုမှတစ်ဆင့် အရေးယူအပြစ်ပေးနိုင်ရေး လုပ်ဆောင်သွားမည်ဟု NUG ​ပြော

NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကလည်း အကြမ်း ဖက်စစ်ကောင်စီ၏ အကြမ်းဖက်စစ်ဗိုလ်ချုပ်များကျူးလွန်သည့် အမှုပေါင်း ၇၀၀ ကျော်ကို မှတ် တမ်းတင်ထားပြီး အပြည်ပြည်ဆိုင်ရာဥပဒေရှေ့နေချုပ်များနှင့်ကြည့်ရှုနေကာ နိုင်ငံတကာရာဇ ဝတ်ခုံရုံး(ICC) ၌ တရားစွဲဆိုနိုင်ရေး စီစဉ်နေကြောင်း ပြောသည်။

ဖရူဆိုမြို့နယ်တွင် အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်မှုအပါအဝင် နိုင်ငံတဝန်း အကြမ်းဖက်စစ်ကောင်စီကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ICJ၊ ICC သာမက နိုင်ငံတကာ တရားစီရင်မှုမှတစ်ဆင့် အရေးယူအပြစ်ပေးနိုင်ရေး လုပ်ဆောင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့(ဇန်နဝါရီ ၃ ရက်) ပြောကြားသည်။

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ အစုလိုက်အ​ ပြုံလိုက်သတ်ဖြတ်မှုနှင့်ပတ်သက်၍ NUG နှင့် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC) တို့ ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ NUG ပြည်ထောင်စုဝန်ကြီးနှစ်ဦးက ပြောကြားခြင်း ဖြစ်သည်။

“NUG အစိုးရအနေနဲ့ စစ်ကောင်စီရဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေကို ပြင်းထန်စွာရှုတ်ချပါတယ်။ တချိန်တည်းမှာတင် အသက်ပေးပြီး သေဆုံးသွားကြတဲ့ အပြစ်မဲ့ပြည်သူများရဲ့ ဘ၀ကိုလည်း စာနာနားလည်ပါတယ်။ စာနာနားလည်ရုံတင်မကဘဲ ကျူးလွန်သွားတဲ့စစ်ကောင်စီအပါအဝင် အဓိက တာဝန်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်တွေကို တရားဥပဒေအရ ဖော်ဆောင် နိုင်ဖို့အတွက်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းလျက်ရှိပါတယ်။ ပြည်တွင်း တရားစီရင်မှုယိုယွင်း ပျက်စီးတဲ့အချိန်မှာ နိုင်ငံတကာတရားစီရင်မှုကတဆင့် ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူ နိုင်ဖို့ရယ်၊ အပြစ်မရှိဘဲ ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရသူတွေအတွက် အမှန်တရားနဲ့ တရားမျှတမှုဖော်ဆောင်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

Public Service Announcement

NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကလည်း အကြမ်း ဖက်စစ်ကောင်စီ၏ အကြမ်းဖက်စစ်ဗိုလ်ချုပ်များကျူးလွန်သည့် အမှုပေါင်း ၇၀၀ ကျော်ကို မှတ် တမ်းတင်ထားပြီး အပြည်ပြည်ဆိုင်ရာဥပဒေရှေ့နေချုပ်များနှင့်ကြည့်ရှုနေကာ နိုင်ငံတကာရာဇ ဝတ်ခုံရုံး(ICC) ၌ တရားစွဲဆိုနိုင်ရေး စီစဉ်နေကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

“အခု ဖရူဆိုမှာဖြစ်တဲ့အဖြစ်အပျက်ကို တစ်ခုမှ ချန်ထားမှာ မဟုတ်သလို IIMM နဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ တရားမျှတမှုရရှိတဲ့အထိ၊ ICJ၊ ICC နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အစ နိုင်ငံ တကာမှာရှိသမျှ ယန္တရားတွေကို အသုံးပြုပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဒေါက် တာဆာဆာက ပြောသည်။

ထို့အပြင် နိုင်ငံတကာက စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာသည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး စစ်ကောင်စီက ၎င်းတို့ ကျူးလွန်မှုများအတွက် ၎င်းတို့ ကိုယ်တိုင်ပြန်လည်စုံစမ်းစစ်ဆေးသည်ကို NUG ကရော၊ မြန်မာပြည်သူလူထုကပါ လက်ခံမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“တရားမျှတရေးရရှိရေးအတွက် ICJ၊ ICC ရှိသလို ဒီစစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရလာတဲ့နေ့ကျရင် ပထမဆုံးလုပ်ရမှာက ဒီ အကြမ်းဖက်စစ်ဗိုလ်ချုပ် အားလုံးကို လက်ထိပ်ခတ်ဖို့ဖြစ်ပါတယ်။ သူတို့အမှုကို သူတို့ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါကြောင့် နိုင်ငံတကာမှာ ဒီအမှုကိုလိုက်မှာဖြစ်သလို မြန်မာနိုင်ငံဖက်ဒရယ်ဒီမိုကရေစီရတဲ့အခါ ဒီအမှုကို ဆက်လက်လိုက်မှာဖြစ်ပါတယ်။ ဒါကြောင့် အကုန်လုံးကို အစအဆုံးမှတ်တမ်းတင်ထားတယ် ဆိုတာကိုလည်း အားလုံးကို ပြောချင်ပါတယ်” ဟု ဒေါက်တာဆာဆာက ဆက်ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ဖရူဆိုဖြစ်စဉ်တွင် အကြမ်းဖက်လုပ်ဆောင်သူများကို ပစ်သတ်ခဲ့ ကြောင်း လိမ်လည်ပြောဆိုသော်လည်း ဒေသခံများ၊ မီးရှို့သတ်ဖြတ်ခံရသည့် မိသားစုဝင်များ၊ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့နှင့် ရုပ်အလောင်းများကိုစစ်ဆေးခဲ့သည့် ဆရာဝန်များ၏ သက်သေ အချက်အလက်၊ ပြောဆိုချက်များအရ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည့်လူပေါင်း ၃၀ ကျော်သည် အရပ်သားများသာဖြစ်သည်။

အဆိုပါရက်စက်လူမဆန်စွာ အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်ခံရသည့်ဖြစ်စဉ်တွင် ကလေးငယ်များ၊ အမျိုးသမီးများနှင့် လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့ Save the Children ဝန်ထမ်း ၂ ဦးလည်း ပါဝင်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ လုပ်ရပ်သည် အလွန်အမင်းရက်စက်ယုတ်မာပြီး ပြင်း ထန်စွာ မီးလောင်ကျွမ်းနေသည့်အတွက် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်သည်လား၊ သတ်ဖြတ်ပြီးမှ မီးရှို့သတ်ဖြတ်သည်လားဆိုသည်ကို ယတိပြတ်ကောက်ချက်မချနိုင်ကြောင်း ရုပ်အလောင်းသွားရောက်ကောက်ယူသူများ၊ စစ်ဆေးခဲ့သည့် ဆရာဝန်များက ရှင်းလင်းသည်။

မီးရှို့သတ်ဖြတ်ခံရသော ရုပ်အလောင်းများအနက် အချို့မှာ လက်နောက်ပြန်ကြိုးတုပ်ခံထား ရခြင်း၊ ဦးခေါင်းအစိတ်အပိုင်းများပြတ်ထွက်နေခြင်း၊ ပါးစပ်ကိုအဝတ်စည်းနှောင်ခံထားရခြင်း၊ ထိုးသွင်းဒဏ်ရာများ စသည်ဖြင့်တွေ့ရှိရပြီး အချို့မှာမူ ပြာပုံဖြစ်သည်အထိ ကျား၊မ၊ အရေအတွက် မသိရှိနိုင်သည်ကိုတွေ့ရကြောင်း ရုပ်အလောင်းများခွဲခြမ်းစစ်ဆေးခဲ့သူ ဆရာဝန်တစ်ဦးက အထက်ပါ သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

လက်ရှိအချိန်အထိ စစ်ဆေးမှုအရ ကျား ၂၆ ဦး၊ မ ၅ ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရပြီး ပျောက်ဆုံးသူ များ၏ တိုင်ကြားချက်အရ ကျား ၄၀ ဦး၊ မ ၂ ဦး ဖြစ်နေသည့်အတွက် မီးရှို့သတ်ဖြတ်ခံရသည့်စုစုပေါင်းအရေအတွက်သည် ၄၅ ဦးအထိ မြင့်တက်လာနိုင်ဖွယ်ရှိသည်။

အဆိုပါ အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်ခြင်းမကျူးလွန်မီ ၁ ရက်တွင် နယ်ခြားစောင့်ရဲတပ် ဖွဲ့ဝင် ၄ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က ရက်စက်စွာပစ်သတ်ခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။