Connect with us

Hi, what are you looking for?

News

မတူပီ-ပလက်၀လမ်းရှိ စစ်ကောင်စီတပ်၏ တပ်စခန်းကိုမတူပီCDF တိုက်ခိုက်

ယင်းတပ်စခန်းသည် စစ်အာဏာရှင်၏ တပ်စခန်းဖြစ်၍ ပြည်သူလူထု လုံခြုံရေးအပိုင်း နှင့် CDF တပ်များ နယ်မြေစိုးမိုးနိုင်ရေးအတွက် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မတူပီ – ပလက်၀ လမ်းမပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသောထယ်ဘွေး တပ်စခန်းကို ယနေ့နံနက်မှ စတင်တိုက်ခိုက်လျက်ရှိကြောင်း မတူပီမြို့နယ်ချင်း​ဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“မနက် ၇နာရီခွဲမှာ ဖြစ်နေတာ။ အခုလည်း ပစ်နေတုန်းဆိုတော့ နောက်ဆက်တွဲ ထိခိုက် ဒဏ်ရာရတဲ့ ဟာတွေကိုတော့ နောက်ဆက်တွဲ သတင်းထုတ်ပြန်မှ အတည်ပြုနိုင်မယ်။ လောလောဆယ် အခြေအနေက ရှေ့တန်းစစ်မြေပြင် ဖြစ်တော့ နည်းနည်းဆက်သွယ်မှု ပြတ်နေလို့ပါ”ဟု ၎င်းက ဆိုသည်။

ယင်းတပ်စခန်းသည် စစ်အာဏာရှင်၏ တပ်စခန်းဖြစ်၍ ပြည်သူလူထု လုံခြုံရေးအပိုင်း နှင့် CDF တပ်များ နယ်မြေစိုးမိုးနိုင်ရေးအတွက် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထယ်ဘွေးတပ်စခန်းသည် မတူပီ – ပလက်၀ နယ်စပ်တွင်ရှိပြီး စစ်ကောင်စီတပ်မှ အင်အား ၄၀ ခန့်ရှိနိုင်ကြောင်း မတူပီ CDFက ခန့်မှန်းသည်။စစ်အာဏာရှင်အမြစ်ပြတ် ချေမှုန်းနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်၍ ပြည်သူလူထုက ကာကွယ်ရေးတပ်ဖွဲ့များနောက်မှ ရပ်တည်ပေးကြရန် တိုက်တွန်းလိုကြောင်း မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook