Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ထန်တလန်CDF နှင့်တိုက်ပွဲဖြစ်ပြီး​နောက် မြို့ကို မီးထပ်ရှို့ ၊အိမ်၅၀ခန့်နှင့် ဘုရား​ကျောင်းနှစ်ကျောင်းမီး​လောင်

ချင်းလူအခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ အနည်းဆုံး ဘုရားကျောင်း နှစ်​ကျောင်း နှင့်လူနေအိမ် ၄၀ကျော်မီးလောင်ပြာကျခဲ့ပြီး ညနေ ၆နာရီခွဲကျော်တွင် တတိယမြောက် ဘုရားကျောင်းမီးလောင်နိုင်သည်ဟု ထုတ်ပြန်ထားသည်။ ဒေသခံများက ပြောကြားချက်အရ Assembly of God (AG) ဘုရားကျောင်းနှင့် Methodist Church ဘုရားကျောင်းတို့ဖြစ်သည်ဟုသိရသည်။

(စစ်​ကောင်စီတပ်က ထန်တလန်မြို့ကို ယ​နေ့မီးထပ်ရှို့ပြန်သည်။ ဓါတ်ပုံ-CJ)

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF-ထန်တလန်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီက ထန်တလန်မြို့ကို မီးလောင်ဗုံးဖြင့် ပစ်ခတ်ပြီးထပ်မံမီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မီးလောင်ဗုံးဖြင့်ပစ်ခတ်​သောကြောင့် ထန်တလန်မြို့ အမှတ်(၁)ရပ်ကွက်မှ လူနေအိမ် ၅၀ ခန့်နှင့် ခရစ်ယာန်ဘုရားကျောင်း နှစ်​ကျောင်းတို့ မီးလောင်သွားသည်ဟု ဒေသခံများက​ ပြောသည်။

(စစ်​ကောင်စီတပ်က ထန်တလန်မြို့ကို ယ​နေ့မီးထပ်ရှို့ပြန်သည်။ ဓါတ်ပုံ-CJ)

ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းတွင် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ -CDF( ထန်တလန်) နှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား ပစ်ခတ်မူဖြစ်ပြီးနောက် နေလယ် ၂ နာရီခွဲခန့်က မီးလောင်မူစတင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ မီးလောင်မူကို ထန်တလန်မြို့မှ မိုင် ၃၀ ခန့်ဝေးကွာသည့် ဟရီးဖီးကျေးရွာကပင် မြင်ရကြောင်း ဒေသခံအချို့ကပြောသည်။

“စစ်တပ်က တိုက်ပွဲဖြစ်တိုင်း အိမ်တွေကို မီးရှို့နေတာ၊ တစ်မြို့လုံးကုန်အောင်ရှို့နေတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်က ထန်တလန်မြို့ကို ယ​နေ့မီးထပ်ရှို့ပြန်သည်။ ဓါတ်ပုံ-CJ)

ချင်းလူအခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ အနည်းဆုံး ဘုရားကျောင်း နှစ်​ကျောင်း နှင့်လူနေအိမ် ၄၀ကျော်မီးလောင်ပြာကျခဲ့ပြီး ညနေ ၆နာရီခွဲကျော်တွင် တတိယမြောက် ဘုရားကျောင်းမီးလောင်နိုင်သည်ဟု ထုတ်ပြန်ထားသည်။ ဒေသခံများက ပြောကြားချက်အရ Assembly of God (AG) ဘုရားကျောင်းနှင့် Methodist Church ဘုရားကျောင်းတို့ဖြစ်သည်ဟုသိရသည်။

အကြမ်းဖက်စစ်ကောင်စီက ထန်တလန်မြို့ကို ၂၀၂၁ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ မီးရှို့မူ ၁၂ ကြိမ်ပြုလုပ်ခဲ့ပြီး အိမ်ခြေ ၆၉၀ နှင့် ဘုရားကျောင်း ၈​ကျောင်း မီးလောင်ပြာကျခဲ့ရသည်ဟု ရွှေ့ပြောင်းသူများ အကူအညီပေးရေးအဖွဲ့တစ်ခုဖြစ်သည် ထန်တလန်နေရာချထားရေးကော်မတီ(Thantlang Placement Affairs Committee) က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။