Connect with us

Hi, what are you looking for?

News

ထီးချိုင့်တွင် စစ်​ကောင်စီသင်္ဘောနှစ်စီး မိုင်းငါးလုံးဖြင့် အနီးကပ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်မှ ၂၀ ခန့်သေဟုဆို

ဒဏ်ရာရရှိခဲ့သော PDF တပ်ဖွဲ့ဝင်နှစ်ဦးမှာ အသက်အန္တရာယ်မစိုးရိမ်​ရဘဲ ဖွဲ့သားများအားလုံး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ဧရာဝတီမြစ်ကြောင်းအတွင်း ခုတ်မောင်းလာသော စစ်ကောင်စီတပ်သဘ်ောနှစ်စီးကို ရှေ့ထွက်မိုင်း ငါးလုံးဖြင့် အနီးကပ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ် Eagles Army – HPDF က ယနေ့(ဇန်နဝါရီ ၃)ထုတ်ပြန်သည်။

ယနေ့နေ့လယ်ပိုင်းက စစ်ကောင်စီတပ် သဘ်ောနှစ်စီးအား ရှေ့ထွက်မိုင်း ငါးလုံးဖြင့်အနီးကပ်တိုက်ခိုက်သည့်အပြင် M79 ဖြင့် ​ခြောက်ချက်ပစ်ခတ်ခဲ့ရာ နှစ်ချက်မှာ သဘ်ောပေါ်ကျ​ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် လက်နက်ကြီး ​ခြောက်လက်ဖြင့်ကမ်းပါးနှစ်ဖက်စလုံးမှ ပစ်ခတ်​ခြင်း၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းတို့ကြောင့် စစ်ကောင်စီဘက်မှ ၂၀ ဦးခန့်သေဆုံးသည်ဟု HPDF က ဆိုသည်။

အဆိုပါတိုက်ခိုက်မှု​ဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး ၁၀ချက်ပစ်ခတ်ခဲ့ရာ ငါးချက်မှာ မိုင်းသမားများအနီး ကျခဲ့ပြီး PDF တစ်ဦးမူးမေ့ကာ တစ်ဦးဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု HPDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိခဲ့သော PDF တပ်ဖွဲ့ဝင်နှစ်ဦးမှာ အသက်အန္တရာယ်မစိုးရိမ်​ရဘဲ ဖွဲ့သားများအားလုံး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook