■စစ်ကောင်စီဘက်မှ ၅ ဦးသေ၊ အများအပြားဒဏ်ရာရ
အဆိုပါ တိုက်ခိုက်မှုများကို လမ်းမတော်၊ လှိုင်၊ သဃ်န်းကျွန်းနှင့် ရွေပြည်သာမြို့နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
လမ်းမတော်
လမ်းမတော်မြို့နယ်၊ မော်တင်ယာယီဈေးရပ်ကွက်၊ ရွာသစ်ချောင်းလမ်းရှိ ကားလိုင်စင်ရုံးအနီး နေရာယူထားသည့် စစ်ကောင်စီတပ်များကို ဒီဇင်ဘာ ၃၀ ရက်နေ့ည ၇ နာရီခွဲခန့်တွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement
ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Black Eagle Ranger (BER)က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
လှိုင်
လှိုင်မြို့နယ်၊ ရွာမကွေ့သို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်လှည့်ကင်းကားကို ယမန်နေ့ (ဇန်နဝါရီ ၂)နံနက် ၂ နာရီခွဲခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ FAW ကားတစ်စီး ထိခိုက်ပျက်စီးခဲ့သည်။
သင်္ဃန်းကျွန်း
သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်ရုံးဝန်း တပ်စွဲထားသေ စစ်ကောင်စီတပ်ဖွဲ့များကို ယမန်နေ့ (ဇန်နဝါရီ ၂)နံနက် ၇ နာရီခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲက ထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် MDF Yangon တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရန်သူစစ်သားတစ်ဦးသေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ရွှေပြည်သာ
အလားတူ ရွှေပြည်သာမြို့နယ်၊ ၁၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထားသောစစ်ကောင်စီတပ်များကို ယမန်နေ့(ဇန်နဝါရီ ၂)ည ၇ နာရီခန့်တွင် လက်လုပ်ဗုံးများ၊ သေနတ်များဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင်လေး ဦးသေဆုံးပြီး ရန်သူစစ်သား ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲက ထုတ်ပြန်ထားသည်။


















































