Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်ကို တံတားဦး-မြို့သာ-မြင်းခြံလမ်းတွင် မိုင်းခွဲတိုက်ခိုက် ၁၅ ဦး​ကျော်​သေဟု ထုတ်ပြန်

မြို့သာလမ်းပေါ်ရှိ ကိုးမိုင်ဆီဆိုင်ကွေ့တွင် ပေါက်ကွဲသံများကြားလိုက်ရကြောင်း တံတားဦးဒေသခံအချို့ကပြောသည်။

(တံတားဦး-မြို့သာ-မြင်းခြံလမ်းပိုင်းတစ်​နေရာ။ ဓါတ်ပုံ-CJ)

မန္တလေးတိုင်း၊ တံတားဦး-မြို့သာ-မြင်းခြံလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်နှစ်စီးကို ဒေသတွင်း PDFအဖွဲ့၅ဖွဲ့ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ရာ ၁၅ ဦး​ကျော်သေဆုံးနိုင်ကြောင်း PDFအဖွဲ့များက ​ပြောသည်။

ယနေ့(ဇန်နဝါရီ ၃ ရက်)တွင် တံတားဦးမြို့မှ ထွက်လာသော စစ်ကား ၂စီးကို တံတားဦး-မြို့သာ-မြင်းခြံလမ်းပေါ် ကံကြီးရွာအကျော် ၉မိုင်ဆီဆိုင်ကွေ့ တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ပထမတစ်စီး ကားနောက်ပိုင်း ပျက်စီးပြီး ဒုတိယကားတစ်စီမှာ ခေါင်းပိုင်းပျက်စီး၍ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးကျော် သေဆုံးပြီး ၅ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း NZN Fight Stars ပျောက်ကျားအဖွဲ့က သတင်းထုတ်ပြန်သည်။

မြို့သာလမ်းပေါ်ရှိ ကိုးမိုင်ဆီဆိုင်ကွေ့တွင် ပေါက်ကွဲသံများကြားလိုက်ရကြောင်း တံတားဦးဒေသခံအချို့ကပြောသည်။

ထိုဖောက်ခွဲမူကို မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( Myaung People`s Defense Force TGR) နှင့် ငါန်းဇွန် ပ.က.ဖ တို့ဦးဆောင်၍ NZN Fight Stars ပျောက်ကျားအဖွဲ့ ၊တော်ဝင်ဒေဝီ(ငါန်းဇွန်) အဖွဲ့၊ Young Fighters People’s Defence Force of Myaung(YFPDF) တို့ ပူးပေါင်းဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။