သတင်း စစ်မှုထမ်းတပ်သားသစ် ၁ဦး PDF ဗျူဟာ (၂၂)ထံ အလင်းဝင် အာဏာသိမ်းစစ်တပ်က တပ်သားသစ် ၁ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်းစစ်ဌာန ဗျူဟာ (၂၂)က ထုတ်ပြန်ပါတယ်။ ludunwayooမေ 24, 2026
သတင်း စစ်မှုထမ်းအပတ်စဥ်(၂၅)ဦးရေမပြည့်သေးလို့စစ်သားစုဆောင်းရေးတွေမှာပဲ သင်တန်းသားတွေ ရှိနေ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ဒေသတွေမှာနေရာအနှံ အဓမ္မစစ်သားသစ်စုဆောင်းတာ၊ပေါ်တာဆွဲတာတွေလုပ်နေပေမယ့်သတ်မှတ်လူဦး ရေမပြည့်သေးလို့ အပတ်စဉ်(၂၅) စစ်မှုထမ်းအသစ် တွေ စစ်သားစုဆောင်းရေး တွေမှာပဲရှိနေသေးပြီးသင်တန်းတွေကိုမပို့သေးဘူးလို့ မိသားစုဝင်တချို့ကပြောပါတယ်။ ludunwayooမေ 20, 2026
သတင်း စစ်တပ်က စစ်မှုထမ်းအကျုံးဝင်သူအားလုံး မှတ်ပုံတင်ဖို့ စီစဉ်နေ အာဏာသိမ်းစစ်တပ်က လူတင်မှူကြီးကြပ်ရေးဦးစီးဌာန(လဝက)နဲ့ပေါင်းပြီး စစ်မှုထမ်း အကျုံးဝင်သူအားလုံးကို မှတ်ပုံတင်ဖို့ စီစဉ်နေပြီး အလှည့်ကျဆင့်ခေါ်ဖို့ စီစဥ်နေကြောင်း သတင်းရရှိပါတယ်။ ludunwayooမေ 16, 2026
သတင်း မြောက်ဒဂုံမှာ ထမင်းစားနေတဲ့လူငယ်ကို အိမ်ပေါ်တက်လက်ထိပ်ခတ်ပြီးစစ်မှုထမ်းဖို့ခေါ်ဆောင် ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ ထမင်းစားနေတဲ့လူငယ်တစ်ဦးကို အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဝင်ဖမ်းပြီး လက်ထိပ်ခတ်ကာ စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ ludunwayooမေ 14, 2026
သတင်း စစ်မှုမထမ်း မနေရ စနစ်ကို အခုနှစ်မှာ စတင်ကျင့်သုံးမယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ပြော စစ်မှုမထမ်းမနေရ ဥပဒေရဲ့ အချက်အလက် အသစ်တွေ ပြင်ဆင်မှုကို ကမ္ဘောဒီးယား လွှတ်တော်က ခြွင်းချက်မရှိ အတည်ပြုလိုက်ပါတယ်။ အဲဒီနောက် ဝန်ကြီးချုပ် ဟွန်မာနတ်က အခုနှစ်ကစပြီး စစ်မှုထမ်းသစ်တွေ ခေါ်ယူသွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။ ludunwayooမေ 13, 2026
သတင်း စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းတွေကိုနဖူးနဲ့ပါးမှာ တက်တူးထိုးပြီး ရှေ့တန်းပို့နေ ပန်းတောင်းမြို့က ကပစ(၁၆) ရဲ့ ကာကင်းစခန်းတွေကနေ ထွက်ပြေးလာတဲ့စစ်မှုထမ်းသင်တန်းဆင်းတွေက ရှေ့တန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နှိပ်စက်မှုတွေကို အာရက္ခတပ်တော်(AA)ထံထုတ်ဖော်ဝန်ခံထားပါတယ်။ ludunwayooဧပြီ 14, 2026
သတင်း ဒေသတွင်းရှိ အသက်ပြည့်တဲ့မရာလူမျိုးတိုင်းစစ်မှုထမ်းကြဖို့ မရာတပ်MDF ကြေညာ အာဏာသိမ်းစစ်ကောင်စီရဲ့ ထိုးစစ်ကိုခုခံနိုင်ဖို့ မရာဒေသတွင်းနေ အသက်ပြည်ပြီးသူ မရာလူမျိုးတိုင်း စစ်မှုထမ်းကြဖို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့-MTC/MDFက ဒီကနေ့ ဧပြီ ၈ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ LuduNwayOoဧပြီ 10, 2026
သတင်း ကြို့ပင်ကောက်မှာ လူငယ်နှစ်ဦးက စစ်မှုထမ်းအယောင်ဆောင်ပြီး စစ်တပ်ထံက လက်နက် ၂လက်ယူထွက်ပြေးလာ ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်က လူငယ်နှစ်ဦးဟာ စစ်မှုထမ်းအယောင်ဆောင်ပြီး စစ်တပ်ဆီက လက်နက် ၂လက်ယူထွက်ပြေးလာခဲ့တယ်လို့ ကြို့ပင်ကောက် Heroပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ludunwayooဧပြီ 6, 2026
သတင်း စစ်တပ်ကပြန်ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်မှာ စစ်မှုထမ်းစတင် ခေါ်ယူ စစ်တပ်ကပြန်လည်ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊မတ္တရာမြို့နယ်မှာ စစ်မှုထမ်းဖို့ လူဦးရေ၁,၅၀၀ တောင်းထားပြီး ကျေးရွာတွေအလိုက် စတင်လူတောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဧပြီ 2, 2026
သတင်း မန္တလေးမှာ စစ်မှုထမ်းလစဉ်ကြေးတိုးမြှင့်ကောက်ခံ မန္တလေးမြို့က ရပ်ကွက်အချို့မှာ စစ်မှုထမ်းအတွက် ကောက်ခံနေတဲ့ လစဉ်ကြေးကို စစ်ကောင်စီရဲ့အောက်ခြေအုပ်ချုပ်ရေးပိုင်းက သောင်းဂဏန်းအထိတိုးမြှင့်ကောက်ခံလာတယ်လို့ ရပ်ကွက်နေပြည်သူအချို့ဆီကသိရပါတယ်။ ludunwayooမတ် 28, 2026