သတင်း မြိုင်မှာစစ်ရှောင်ဘိုးဘွား၃ ဦးအအေးမိသေဆုံး မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်ဘေးရှောင်ပြည်သူ သက်ကြီးရွယ်အို ၃ ဦး အအေးမိသေဆုံးခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025
သတင်း စစ်တပ်ကြောင့် ပေါက်နယ်မြောက်ပိုင်းက ဒေသခံ သုံးသောင်းကျော် ဘေးလွတ်ရာတိမ်းရှောင် မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုနဲ့ ထိုးစစ် ဆင်လာတာကြောင့် ကျေးရွာ ၄၀ကျော်က ဒေသခံပြည်သူ သုံးသောင်းကျော်ဟာ ဘေးလံတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025
သတင်း ရေဦး၊ခင်ဦး နဲ့ ကန့်ဘလူနယ်စပ်ကရွာပေါင်း ၂၀ ကျော်တိမ်းရှောင်နေရပြီးအကူအညီတွေလိုအပ်နေ စစ်ကိုင်းတိုင်း၊ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်စပ်မှာတိုက်ပွဲတွေကြောင့်ကျေးရွာပေါင်း၂၀ ကျော် တိမ်းရှောင်နေရပြီး စစ်ရှောင်ပြည်သူတွေဟာ အကူအညီတွေလိုအပ်နေပါတယ်။ ludunwayooနိုဝင်ဘာ 18, 2025
သတင်း မောတောင်ကို စစ်တပ်ဗုံးကြဲ၊ မြို့ခံထောင်ချီ ထိုင်းနယ်စပ် တိမ်းရှောင်ရ တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် မောတောင်ဒေသကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေလို့ ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေရကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooနိုဝင်ဘာ 13, 2025
သတင်း ဆားလင်းကြီးမှာ စစ်တပ်စစ်ကြောင်းထိုးလို့ ကျေးရွာ ၁၅ရွာက ပြည်သူနှစ်သောင်းကျော် တိမ်းရှောင်ရ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဝမ်ပေါင်-ယမ်စီကုမ္ပဏီဝင်းက စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာလို့ ကျေးရွာပေါင်း ၁၅ရွာက ဒေသခံပြည်သူ နှစ်သောင်းကျော် တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေပါတယ်။ ludunwayooနိုဝင်ဘာ 6, 2025
သတင်း ကရင်နီပြည်က ပြည်သူနဲ့ စစ်ရှောင်တွေ အငတ်ဘေးကြုံအောင် စစ်ကောင်စီ လုပ်နေတယ်လို့ KnHRG ထုတ်ပြန် ကရင်နီပြည်နယ်မှာ ပြည်သူနဲ့ စစ်ရှောင်တွေ စိုက်ပျိုးသီးနှံမရိတ်သိမ်းနိုင်ဖို့နဲ့ စားနပ်ရိက္ခာပြတ်လပ်စေဖို့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRGက ဒီကနေ့ ထုတ်ပြန်ပါတယ်။ ludunwayooနိုဝင်ဘာ 5, 2025
သတင်း ကျောက်မဲ စစ်ရှောင်တွေ လိုက်ပါလာတဲ့ ပရဟိတကား မတော်တဆဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့က စစ်ဘေးရှောင်တချို့ကို လားရှိုးမြို့ကနေ ပြန်ခေါ်လာတဲ့ ပရဟိတကားတစ်စီး မတော်တဆဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတချို့ ရှိခဲ့ပါတယ်။ ludunwayooအောက်တိုဘာ 21, 2025
သတင်း နွားထိုးကြီးနဲ့ မြင်းခြံမြို့နယ်ကြားကို စစ်တပ် စစ် ကြောင်းထိုးလို့ ဒေသခံ သောင်းနဲ့ချီ စစ်ရှောင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်ကြားကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေလို့ ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာရှောင်တိမ်းနေရတယ်လို့ မြင်းခြံမြို့နယ်ပကဖ တာဝန်ခံက ပြောပါတယ်။ ludunwayooအောက်တိုဘာ 16, 2025
သတင်း မင်းတပ်က စာသင်ကျောင်း စစ်ကောင်စီဗုံးကြဲမှု စစ်ရှောင်ကလေးငယ် ၃ ဦးနဲ့ မသန်စွမ်းအမျိုးသမီးတဦး သေဆုံး၊ ၂၂ဦး ဒဏ်ရာရ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။ ludunwayooအောက်တိုဘာ 9, 2025
သတင်း ထီးခီးရွာကို စစ်တပ် ထပ်မံဗုံးကြဲ၊ ဒေသခံ ၃၅၀ကျော် ထိုင်းနယ်စပ်စစ်ရှောင်နေရ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ထားတဲ့ ထားဝယ်မြို့နယ်၊ ထီးခီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့(အောက်တိုဘာ ၈ရက်) မှာ Y12 လေယာဉ်၊ တိုက်လေယာဉ်တွေနဲ့ ဗုံးများကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ပြည်သူ ၃၅၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ludunwayooအောက်တိုဘာ 9, 2025